Knowledge

ကိုးရီးယားဒီဇိုင္နာတစ္ဦး ဖန္တီးထားတဲ့ Single မ်ားအတြက္ေကာ္ဖီဗူ

ကော်ဖီနဲ့လက်ဖက်ရည်ကို ကြိုက်နှစ်သက်သူများအတွက် နေ့စဉ်ပုံမှန်သောက်သုံးခြင်းဟာ အထူးအဆန်းတော့မဟုတ်ပါဘူး။ ဒါပေမဲ့ သင်ဟာ တစ်ကိုယ်တည်းသမားတစ်ယောက်ဖြစ်ပြီး နေ့စဉ်ကော်ဖီသောက်ရင်း အနမ်းတွေရရှိစေနိုင်မယ်ဆိုရင်တော့ အနည်းငယ်ထူးဆန်းသွားမှာပါ။တောင်ကိုရီးယားနိုင်ငံက ဒီဇိုင်နာတစ်ဦးဖြစ်သူ ဂျန်ဝူဆွတ်ခ်ရဲ့ဖန်တီးမှုကတော့ တစ်မူထူးခြားပါတယ်။ သူဟာ တစ်ခါသုံးကော်ဖီခွက်အဖုံးတစ်မျိုးကို ဆန်းသစ်တဲ့စိတ်ကူးနဲ့ တီထွင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဂျန်ဝူဆွတ်ဖန်တီးလိုက်တဲ့ ကော်ဖီခွက်အဖုံးလေးက လူတစ်ယောက်ရဲ့နှာခေါင်းနဲ့ နှုတ်ခမ်းပုံစံ ပြုလုပ်ထားတာပါ။

သူရဲ့အစောပိုင်းဖန်တီးမှုကတော့ နှုတ်ခမ်းပုံရဲ့အောက်ဖက်နှုတ်ခမ်းသားမှာ အပေါက်ဖောက်ပေးထားပြီး ကော်ဖီသောက်သူဟာ ပုံမှာတွေ့မြင်ရသလို နှုတ်ခမ်းကိုနမ်းပြီး သောက်ရသလိုပုံစံပါ။ နောက်ပိုင်းမှာတော့ အနမ်းစစ်ရဲ့ခံစားချက်ရစေဖို့ နှာခေါင်းနဲ့မျက်နှာအစိတ်အပိုင်းကိုပါ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ဂျန်ဝူဆွတ်ရဲ့ပြောဆိုမှုမှာတော့ ” သူကိုယ်တိုင်လည်း ကော်ဖီနေ့တိုင်းသောက်ပြီး ကော်ဖီနဲ့အနမ်းတွေကို နှစ်သက်ပေမဲ့ အနမ်းတော့မရရှိနိုင်တဲ့အတွက် ဒီစိတ်ကူးကိုရခဲ့တာ ” လို့ ဆိုပါတယ်။

သူရဲ့ဆန်းသစ်တဲ့တီထွင်မှုဟာ လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့သွားခဲ့ပြီး အချို့သောတစ်ကိုယ်တည်းသမားတွေက နှစ်ခြိုက်မှုရှိခဲ့ပေမဲ့ အချို့ကတော့ရူးကြောင်ကြောင်စိတ်ကူးတစ်ခုလို့သာ မှတ်ချက်ပေးခဲ့ကြပါတယ်။

Credit

Zawgyi

ေကာ္ဖီနဲ႔လက္ဖက္ရည္ကို ႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ေန႔စဥ္ပုံမွန္ေသာက္သုံးျခင္းဟာ အထူးအဆန္းေတာ့မဟုတ္ပါဘူး။ ဒါေပမဲ့ သင္ဟာ တစ္ကိုယ္တည္းသမားတစ္ေယာက္ျဖစ္ၿပီး ေန႔စဥ္ေကာ္ဖီေသာက္ရင္း အနမ္းေတြရရွိေစနိုင္မယ္ဆိုရင္ေတာ့ အနည္းငယ္ထူးဆန္းသြားမွာပါ။ေတာင္ကိုရီးယားနိုင္ငံက ဒီဇိုင္နာတစ္ဦးျဖစ္သူ ဂ်န္ဝူဆြတ္ခ္ရဲ့ဖန္တီးမႈကေတာ့ တစ္မူထူးျခားပါတယ္။ သူဟာ တစ္ခါသုံးေကာ္ဖီခြက္အဖုံးတစ္မ်ိဳးကို ဆန္းသစ္တဲ့စိတ္ကူးနဲ႔ တီထြင္ဖန္တီးခဲ့တာျဖစ္ပါတယ္။ ဂ်န္ဝူဆြတ္ဖန္တီးလိုက္တဲ့ ေကာ္ဖီခြက္အဖုံးေလးက လူတစ္ေယာက္ရဲ့ႏွာေခါင္းနဲ႔ ႏႈတ္ခမ္းပုံစံ ျပဳလုပ္ထားတာပါ။

သူရဲ့အေစာပိုင္းဖန္တီးမႈကေတာ့ ႏႈတ္ခမ္းပုံရဲ့ေအာက္ဖက္ႏႈတ္ခမ္းသားမွာ အေပါက္ေဖာက္ေပးထားၿပီး ေကာ္ဖီေသာက္သူဟာ ပုံမွာေတြ႕ျမင္ရသလို ႏႈတ္ခမ္းကိုနမ္းၿပီး ေသာက္ရသလိုပုံစံပါ။ ေနာက္ပိုင္းမွာေတာ့ အနမ္းစစ္ရဲ့ခံစားခ်က္ရေစဖို႔ ႏွာေခါင္းနဲ႔မ်က္ႏွာအစိတ္အပိုင္းကိုပါ ထည့္သြင္းခဲ့တာျဖစ္ပါတယ္။ဂ်န္ဝူဆြတ္ရဲ့ေျပာဆိုမႈမွာေတာ့ ” သူကိုယ္တိုင္လည္း ေကာ္ဖီေန႔တိုင္းေသာက္ၿပီး ေကာ္ဖီနဲ႔အနမ္းေတြကို ႏွစ္သက္ေပမဲ့ အနမ္းေတာ့မရရွိနိုင္တဲ့အတြက္ ဒီစိတ္ကူးကိုရခဲ့တာ ” လို႔ ဆိုပါတယ္။သူရဲ့ဆန္းသစ္တဲ့တီထြင္မႈဟာ လူမႈကြန္ယက္အသုံးျပဳသူေတြၾကားမွာ ပ်ံ႕ႏွံ့သြားခဲ့ၿပီး အခ်ိဳ႕ေသာတစ္ကိုယ္တည္းသမားေတြက ႏွစ္ၿခိဳက္မႈရွိခဲ့ေပမဲ့ အခ်ိဳ႕ကေတာ့႐ူးေၾကာင္ေၾကာင္စိတ္ကူးတစ္ခုလို႔သာ မွတ္ခ်က္ေပးခဲ့ၾကပါတယ္။

Credit