Local News

မိဘတွေပိတ်ပင်တားနေတဲ့ကြားက နွေဦးတော်လှန် ရေးမှာ တက်တက်ကြွကြွပါဝင်နေလို့ အမွေပြတ်စွန့်လွှတ်ခြင်းခံလိုက်ရတဲ့ လူငယ်လေးတစ်ဦး

မြန်မာလူငယ်လေးတွေကတော့ အသက်ကိုရင်းပြီး စွန့်လွှတ်အနစ်နာခံကာ အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်ဖို့ ပြင်ဆင်နေကြပါတယ်ချစ်ရတဲ့ သားသမီးတွေကို စိုးရိမ်ပူပင်စိတ်တွေနဲ့ ဒီတော်လှန်ရေးမှာမပါဝင်ဖို့ ပြောဆိုကြတဲ့ မိဘတွေလည်းရှိကြသလို တစ်ဖက်မှာလည်း နွေဦးတော်လှန်ရေးပြီးဆုံးတဲ့အထိ ဆင်နွှဲမယ်ဆိုတဲ့ လေးစားစရာစိတ်ဓာတ်နဲ့ ဆက်လက်တိုက်ပွဲဝင်နေတဲ့ လူငယ်တွေလည်းရှိကြပါတယ်ယခုမှာတော့ နွေဦးတော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာကနေ တက်တက်ကြွကြွပါဝင်နေတဲ့ လူငယ်လေးတစ်ယောက်ဟာ မိဘတွေရဲ့ အမွေပြတ်စွန့်လွှတ်ခြင်းကို ခံလိုက်ရပါတယ်

ဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုလည်း စားသောက်ကုန်တွေ လှူဒါန်းပေးနေတဲ့ အဆိုပါလူငယ်လေးကို သူရဲ့မိခင်တွေက အမွေပြတ်စွန့်လွှတ်ကြောင်း သတင်းစာထဲမှာထည့်ပြီး ကြေညာခဲ့တာပဲဖြစ်ပါတယ်အစပိုင်းက ဘာမှမပြောပေမယ့် အရေးတော်ပုံပြင်းထန်လာပြီးအရှေ့ဆုံးကိုရောက်လာတာနဲ့အမျှ မိဘတွေရဲ့စိတ်ပူပန်မှုတားဆီးမှုတွေနဲ့ စမိတဲ့လမ်းအဆုံးထိလျှောက်မယ်ဆိုတဲ့သူရဲ့စိတ်တို့ ထိပ်တိုက်တွေ့ရာကနေ ယခုလိုအမွေပြတ်စွန်လွှတ်တာတွေအထိ ဖြစ်လာခဲ့တာဖြစ်ကြောင်း အဆိုပါလူငယ်လေးက ေပာပြလာခဲ့ပါတယ်

အဆိုပါလူငယ်လေးက အမွေပြတ်စွန့်လွှတ်ခံလိုက်ရပေမယ့် သူရဲ့မိဘတွေကို အကောင်းမြင်ပေးကြဖို့၊လေးစားပေးကြဖို့ ပြည်သူတွေကို တောင်းဆိုလိုက်ပါတယ်နှောင်ကြိုးမှအပ ဆုံးရှုံးစရာမရှိတဲ့ နွေဦးတော်လှန်ရေးမှာ နှောင်ကြိုးတွေပါ မရှိတော့ပြီမို့တော်လှန်ရေးကိုဒီထက်ပိုပြီးအားစိုက်ကာ လုပ်ကိုင်တော့မှာဖြစ်ကြောင်း အဆိုပါလူငယ်လေးက ဖွင့်ဟပြောဆိုထားခဲ့ပါတယ်အမွေပြတ်စွန့်လွှတ်ခံလိုက်ရတဲ့ အဆိုပါလူငယ်လေးကို ပြည်သူတွေက အားတင်းထားဖို့၊အစစအရာရာဂရုစိုက်ဖို့ အားပေးစကားတွေ ပြောဆိုနေကြပါတယ်

Source : Original Uploder

Credit

Zawgyi


ဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုလည်း စားသောက်ကုန်တွေ လှူဒါန်းပေးနေတဲ့ အဆိုပါလူငယ်လေးကို သူရဲ့မိခင်တွေက အမွေပြတ်စွန့်လွှတ်ကြောင်း သတင်းစာထဲမှာထည့်ပြီး ကြေညာခဲ့တာပဲဖြစ်ပါတယ်အစပိုင်းက ဘာမှမပြောပေမယ့် အရေးတော်ပုံပြင်းထန်လာပြီးအရှေ့ဆုံးကိုရောက်လာတာနဲ့အမျှ မိဘတွေရဲ့စိတ်ပူပန်မှုတားဆီးမှုတွေနဲ့ စမိတဲ့လမ်းအဆုံးထိလျှောက်မယ်ဆိုတဲ့သူရဲ့စိတ်တို့ ထိပ်တိုက်တွေ့ရာကနေ ယခုလိုအမွေပြတ်စွန်လွှတ်တာတွေအထိ ဖြစ်လာခဲ့တာဖြစ်ကြောင်း အဆိုပါလူငယ်လေးက ပောပြလာခဲ့ပါတယ်အဆိုပါလူငယ်လေးက အမွေပြတ်စွန့်လွှတ်ခံလိုက်ရပေမယ့် သူရဲ့မိဘတွေကို အကောင်းမြင်ပေးကြဖို့၊လေးစားပေးကြဖို့ ပြည်သူတွေကို တောင်းဆိုလိုက်ပါတယ်နှောင်ကြိုးမှအပ ဆုံးရှုံးစရာမရှိတဲ့ နွေဦးတော်လှန်ရေးမှာ နှောင်ကြိုးတွေပါ မရှိတော့ပြီမို့တော်လှန်ရေးကိုဒီထက်ပိုပြီးအားစိုက်ကာ လုပ်ကိုင်တော့မှာဖြစ်ကြောင်း အဆိုပါလူငယ်လေးက ဖွင့်ဟပြောဆိုထားခဲ့ပါတယ်အမွေပြတ်စွန့်လွှတ်ခံလိုက်ရတဲ့ အဆိုပါလူငယ်လေးကို ပြည်သူတွေက အားတင်းထားဖို့၊အစစအရာရာဂရုစိုက်ဖို့ အားပေးစကားတွေ ပြောဆိုနေကြပါတယ်


Credit