Knowledge

Ex ကြောင့် အသည်းကွဲခဲ့ပြီးနောက် ဆောင်ရန်ရှောင်ရန်များ…

ကဗျာဆရာတွေကတော့ အသည်းကွဲတယ်ဆိုတာ သွေးမဲ့ဒဏ်ရာလို့ တင်စားကြပါတယ် ဒီဒဏ်ရာအတွက် စံသတ်မှတ်ထားတဲ့ တရားဝင် ကုထုံးမရှိသေးပါဘူး ဒါကြောင့် အသည်းကွဲရင် သက်သာတဲ့ ဆေးကို ပေးဖို့ မဖြစ်နိုင်ပါဘူး ဒါပေမယ့် ကိုယ့်ချစ်သူနဲ့ ပြတ်စဲသွားပြီးရင် ဘယ်တော့မှ မလုပ်သင့်တဲ့ စည်းကမ်းလေးတွေတော့ ပြောဖို့ ရှိပါတယ(၁)- Social Media မှာ ပြန်မရှာပါနဲ့တော့လူမှုကွန်ရက်တွေပေါ်မှာ သူမနဲ့ Friend အဖြစ် ဆက်မရှိတာအကောင်းဆုံးပါပဲ သူမနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ ပုံရိပ်တွေနဲ့ ဝေးဝေးနေပါ ပြတ်မယ့်ပြတ် မဆုံနိုင်အောင် ဖြတ်တောက်ထားလိုက်ဖို့ အကြံပေးချင်ပါတယ်

(၂)- အစပြန်မထုတ်မိစေနဲ့Ex နဲ့ ပြန်တွဲဖို့ဆိုတာကို ခေါင်းထဲက အပြီးတိုင် မေ့လိုက်ပါ အရင်လို ပြန်ချစ်ကြလေသတည်းဆိုတဲ့ မျှော်လင့်ချက်တွေ မထားမိခင်မှာ ဘယ်လိုပြတ်သွားခဲ့တာလဲ ဘယ်လောက်အထိ တစ်ယောက်နဲ့တစ်ယောက် အနီးဆုံးရောက်ဖို့ ကြိုးစားခဲ့သလဲကို ပြန်စဉ်းစားကြည့်သင့်ပါတယ်(၃)- ကိုယ့်ကိုယ်ကိုယ် ပြန်ဆောက်တည်ဖို့ မမေ့ပါနဲ့ဒီအချိန်မှာ စိတ်ဓါတ်တွေ ကျပြီး ဘာမှ မလုပ်ချင် မကိုင်ချင်ဖြစ်နေပါလိမ့်မယ် နှိုးထလိုက်ပါ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ပြုပြုပြင်ပြင်နဲ့ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်အောင် တည်ဆောက်လိုက်ပါ Gym သွားပါ။ Skillset သစ်တွေ သင်ပါ ခရီးတွေ ထွက်ပါ

(၄)- အလုပ်ထိခိုက်မခံပါနဲ့ရည်းစားနဲ့ပြတ်လို့ ကိုယ်လုပ်နေတဲ့ အလုပ်ကို ဂရုမစိုက်ဘဲ ပစ်ထားတာ ၊ ကိုယ့်ဘော်ဒါတွေနဲ့ အဆက်ဖြတ်လိုက်တာမျိုးက တကယ်မှားပါတယ် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်တဲ့ လူတစ်ယောက်အဖြစ် စိတ်အေးလက်အေးနဲ့ စဉ်းစားကြည့်ရင်ကို ဒါတွေလုပ်မိတာ အဓိပ္ပါယ်ဘယ်လောက် မဲ့သလဲဆိုတာ ပြန်သိလာပါလိမ့်မယ်(၅)- ချက်ချင်းကြီး ရည်းစားမထားနဲ့အချိန်ယူပါဦး အလွယ်လေး ဆုံးဖြတ်လိုက်ရင် နောက်ထပ် အသည်းကွဲဇာတ်လမ်းတစ်ပုဒ်ထပ်ထွက်ရုံကလွဲပြီး ဘာမှ အကျိုးရှိနိုင်မှာ မဟုတ်ပါဘူး

Credit

Zawgyi

ကဗ်ာဆရာေတြကေတာ့ အသည္းကြဲတယ္ဆိုတာ ေသြးမဲ့ဒဏ္ရာလို႔ တင္စားၾကပါတယ္ ဒီဒဏ္ရာအတြက္ စံသတ္မွတ္ထားတဲ့ တရားဝင္ ကုထုံးမရွိေသးပါဘူး ဒါေၾကာင့္ အသည္းကြဲရင္ သက္သာတဲ့ ေဆးကို ေပးဖို႔ မျဖစ္နိုင္ပါဘူး ဒါေပမယ့္ ကိုယ့္ခ်စ္သူနဲ႔ ျပတ္စဲသြားၿပီးရင္ ဘယ္ေတာ့မွ မလုပ္သင့္တဲ့ စည္းကမ္းေလးေတြေတာ့ ေျပာဖို႔ ရွိပါတယ(၁)- Social Media မွာ ျပန္မရွာပါနဲ႔ေတာ့လူမႈကြန္ရက္ေတြေပၚမွာ သူမနဲ႔ Friend အျဖစ္ ဆက္မရွိတာအေကာင္းဆုံးပါပဲ သူမနဲ႔ ပတ္သက္တဲ့ အမွတ္တရေတြ ပုံရိပ္ေတြနဲ႔ ေဝးေဝးေနပါ ျပတ္မယ့္ျပတ္ မဆုံနိုင္ေအာင္ ျဖတ္ေတာက္ထားလိုက္ဖို႔ အႀကံေပးခ်င္ပါတယ္

(၂)- အစျပန္မထုတ္မိေစနဲ႔Ex နဲ႔ ျပန္တြဲဖို႔ဆိုတာကို ေခါင္းထဲက အၿပီးတိုင္ ေမ့လိုက္ပါ အရင္လို ျပန္ခ်စ္ၾကေလသတည္းဆိုတဲ့ ေမၽွာ္လင့္ခ်က္ေတြ မထားမိခင္မွာ ဘယ္လိုျပတ္သြားခဲ့တာလဲ ဘယ္ေလာက္အထိ တစ္ေယာက္နဲ႔တစ္ေယာက္ အနီးဆုံးေရာက္ဖို႔ ႀကိဳးစားခဲ့သလဲကို ျပန္စဥ္းစားၾကည့္သင့္ပါတယ္(၃)- ကိုယ့္ကိုယ္ကိုယ္ ျပန္ေဆာက္တည္ဖို႔ မေမ့ပါနဲ႔ဒီအခ်ိန္မွာ စိတ္ဓါတ္ေတြ က်ၿပီး ဘာမွ မလုပ္ခ်င္ မကိုင္ခ်င္ျဖစ္ေနပါလိမ့္မယ္ ႏွိုးထလိုက္ပါ ကိုယ့္ကိုယ္ကိုယ္ ျပန္ၿပီး ျပဳျပဳျပင္ျပင္နဲ႔ ပိုေကာင္းတဲ့ လူတစ္ေယာက္ျဖစ္ေအာင္ တည္ေဆာက္လိုက္ပါ Gym သြားပါ။ Skillset သစ္ေတြ သင္ပါ ခရီးေတြ ထြက္ပါ

(၄)- အလုပ္ထိခိုက္မခံပါနဲ႔ရည္းစားနဲ႔ျပတ္လို႔ ကိုယ္လုပ္ေနတဲ့ အလုပ္ကို ဂ႐ုမစိုက္ဘဲ ပစ္ထားတာ ၊ ကိုယ့္ေဘာ္ဒါေတြနဲ႔ အဆက္ျဖတ္လိုက္တာမ်ိဳးက တကယ္မွားပါတယ္ ကိုယ့္ကိုယ္ကိုယ္ တည္ၿငိမ္တဲ့ လူတစ္ေယာက္အျဖစ္ စိတ္ေအးလက္ေအးနဲ႔ စဥ္းစားၾကည့္ရင္ကို ဒါေတြလုပ္မိတာ အဓိပၸါယ္ဘယ္ေလာက္ မဲ့သလဲဆိုတာ ျပန္သိလာပါလိမ့္မယ္(၅)- ခ်က္ခ်င္းႀကီး ရည္းစားမထားနဲ႔အခ်ိန္ယူပါဦး အလြယ္ေလး ဆုံးျဖတ္လိုက္ရင္ ေနာက္ထပ္ အသည္းကြဲဇာတ္လမ္းတစ္ပုဒ္ထပ္ထြက္႐ုံကလြဲၿပီး ဘာမွ အက်ိဳးရွိနိုင္မွာ မဟုတ္ပါဘူး

Credit