Local News

စစ်ကောင်စီက ဘုန်းကြီးတစ်ပါးကို ရူးသွပ်အောင်ပါလုပ်နေဟု ဥူးဝီရသူ ပြော ( ဗီဒီယိုဖိုင် )

စစ်ကောင်စီက ဘုန်းကြီးတစ်ပါးကို ရူးသွပ်အောင်ပါလုပ်နေဟု ဥူးဝီရသူ ပြော ( ဗီဒီယိုဖိုင် ( “အရင်မင်းက တစ်ချက်ခေါက်တယ်။ အရင်မင်းဆိုးလှပြီ သွမ်းလှပြီဆိုပြီး နောက်မင်းကိုမျှော်တယ်။

နောက်မင်းကျတော့မှ နှစ်ချက်ပါခေါက်ခံထိလိုက်ပြန်တယ်ယခင် NLD အစိုးရ လက်ထက်ကတည်းက တရားစွဲဆို ဖမ်းဆီးခံထားရသည့် မဘသဘုန်းကြီး ဥူးဝီရသူ အကျဉ်းသားဝတ်စုံဖြင့် စကားပြောထားသော ဗီဒီယိုဖိုင်တစ်ခုလူမှုကွန်ရက်တွင် ထပ်မံပြန့်နှံ့လျက်ရှိသည်။အဆိုပါ ဗီဒီယိုဖိုင်တွင် ဥူးဝီရသူက စစ်ကောင်စီသည် ( ၎င်းက နစက ဟု သုံးနှုန်းထား) ဘုန်းကြီးတစ်ပါးကို ရူးသွပ်အောင်ပါပြုလုပ်နေသည်ဟု ပြောကြားထားသည်။

အရင်မင်းက တစ်ချက်ခေါက်တယ်။ အရင်မင်းဆိုးလှပြီ သွမ်းလှပြီဆိုပြီး နောက်မင်းကိုမျှော်တယ်။ နောက်မင်းကျတော့မှ နှစ်ချက်ပါခေါက်ခံထိလိုက်ပြန်တယ်” ဟု ၎င်းက ပြောကြားထားသည်။

ဥူးဝီရသူသည် ထောင်မှမလွှတ်မြောက်သေးသော်လည်း စကားပြောသော ဗီဒီယိုဖိုင်များ ထွက်ပေါ်လာသည်မှာ ၂ ကြိမ်ရှိပြီဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ် ၁ ရက်နေ့ကလည်း တစ်ခါထွက်ပေါ်ခဲ့သေးသည်။ဗီဒီယိုဖိုင် ထွက်ပေါ်လာသည့် ၂ ကြိမ်လုံးသည် အမျိုးသားရေးအမည်ခံ ပုဂ္ဂိုလ်များ၏ လူမှုကွန်ရက်မှသာ စတင်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဥူးဝီရသူသည် ၂၀၂၀ ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလိုတွင် ရဲတပ်ဖွဲ့ထံ ဖမ်းဆီးခံခဲ့သူဖြစ်ပြီး ယခင်က ဝရမ်းပြေးအဖြစ် ထွက်ပြေးနေသူဖြစ်သည်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၎င်းတို့အားထောက်ခံသည့်ဘူးလတ်လှဆွေ ၊ မိုက်ကယ်ကျော်မြင့် စသဖြင့် အမျိုးသားရေးအမည်ခံသမားများ ထောင်မှ လွှတ်လာသော်လည်း မဘသဘုန်းကြီး ဥူးဝီရသူ မှာ မလွတ်မြောက်ခဲ့ပေ။ ဗီဒီယို- အွန်လိုင်းတွင် ပြန့်နှံ့နေသည့် ဥူးဝီရသူ၏ စကားပြော ဗီဒီယိုဖိုင်

Video Player

Credit

Zawgyi

စစ်ကောင်စီက ဘုန်းကြီးတစ်ပါးကို ရူးသွပ်အောင်ပါလုပ်နေဟု ဥူးဝီရသူ ပြော ( ဗီဒီယိုဖိုင် ( “အရင်မင်းက တစ်ချက်ခေါက်တယ်။ အရင်မင်းဆိုးလှပြီ သွမ်းလှပြီဆိုပြီး နောက်မင်းကိုမျှော်တယ်။

နောက်မင်းကျတော့မှ နှစ်ချက်ပါခေါက်ခံထိလိုက်ပြန်တယ်ယခင် NLD အစိုးရ လက်ထက်ကတည်းက တရားစွဲဆို ဖမ်းဆီးခံထားရသည့် မဘသဘုန်းကြီး ဥူးဝီရသူ အကျဉ်းသားဝတ်စုံဖြင့် စကားပြောထားသော ဗီဒီယိုဖိုင်တစ်ခုလူမှုကွန်ရက်တွင် ထပ်မံပြန့်နှံ့လျက်ရှိသည်။အဆိုပါ ဗီဒီယိုဖိုင်တွင် ဥူးဝီရသူက စစ်ကောင်စီသည် ( ၎င်းက နစက ဟု သုံးနှုန်းထား) ဘုန်းကြီးတစ်ပါးကို ရူးသွပ်အောင်ပါပြုလုပ်နေသည်ဟု ပြောကြားထားသည်။

အရင်မင်းက တစ်ချက်ခေါက်တယ်။ အရင်မင်းဆိုးလှပြီ သွမ်းလှပြီဆိုပြီး နောက်မင်းကိုမျှော်တယ်။ နောက်မင်းကျတော့မှ နှစ်ချက်ပါခေါက်ခံထိလိုက်ပြန်တယ်” ဟု ၎င်းက ပြောကြားထားသည်။

ဥူးဝီရသူသည် ထောင်မှမလွှတ်မြောက်သေးသော်လည်း စကားပြောသော ဗီဒီယိုဖိုင်များ ထွက်ပေါ်လာသည်မှာ ၂ ကြိမ်ရှိပြီဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ် ၁ ရက်နေ့ကလည်း တစ်ခါထွက်ပေါ်ခဲ့သေးသည်။ဗီဒီယိုဖိုင် ထွက်ပေါ်လာသည့် ၂ ကြိမ်လုံးသည် အမျိုးသားရေးအမည်ခံ ပုဂ္ဂိုလ်များ၏ လူမှုကွန်ရက်မှသာ စတင်ထွက်ပေါ်လာခြင်းဖြစ်သည်။ဥူးဝီရသူသည် ၂၀၂၀ ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလိုတွင် ရဲတပ်ဖွဲ့ထံ ဖမ်းဆီးခံခဲ့သူဖြစ်ပြီး ယခင်က ဝရမ်းပြေးအဖြစ် ထွက်ပြေးနေသူဖြစ်သည်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၎င်းတို့အားထောက်ခံသည့်

ဘူးလတ်လှဆွေ ၊ မိုက်ကယ်ကျော်မြင့် စသဖြင့် အမျိုးသားရေးအမည်ခံသမားများ ထောင်မှ လွှတ်လာသော်လည်း မဘသဘုန်းကြီး ဥူးဝီရသူ မှာ မလွတ်မြောက်ခဲ့ပေ။ ဗီဒီယို- အွန်လိုင်းတွင် ပြန့်နှံ့နေသည့် ဥူးဝီရသူ၏ စကားပြော ဗီဒီယိုဖိုင်

Credit