Knowledge

ဆံပင်အစိုနဲ့အိပ်ခြင်းရဲ့ ကြောက်စရာဆိုးကျိုး (၇) ခု

ဆံပင်အစိုနဲ့အိပ်ခြင်းရဲ့ ကြောက်စရာဆိုးကျိုး (၇) ခုခေါင်းလျှော်ပြီးနောက် ခေါင်းမခြောက်သေးဘဲ အိပ်ခြင်းက ကျန်းမာရေးအတွက် ဆိုးကျိူးများပါတယ်။သင်က ညဘက်မှ ရေချိူးခေါင်းလျှော်တတ်သူ ဆိုရင်တော့ ဒီအချက်လေးတွေကို ဖတ်ဖို့ မမေ့ပါနဲ့နော်။

၁။ ဦးရေပြားကို ထိခိုက်စေတယ်။ဦးရေပြားယားယံတာ၊ ဗောက်ထတာဆိုရင် ခေါင်းလျှော်ရည် မကောင်းတာကြောင့် ဖြစ်တယ်လို့ ထင်ကြပါတယ်။ဒါပေမယ့် ဗောက်ထတာ၊ ဦးရေပြားယားယံတာက ခေါင်းမခြောက်ဘဲ အိပ်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဆံပင်စိုနဲ့ အိပ်တဲ့အခါ ခေါင်းအုံးပေါ်က မှိုတွေ၊ ဘက်တီးရီးယားတွေက ပိုပြီး ရှင်သန်နိုင်တာကြောင့် မျက်နှာ အသားအရေကိုလည်း ထိခိုက်နိုင်ပါသေးတယ်။

၂။ ဆံပင်ကို ရှုပ်စေတယ်။ဆံပင်အစိုက သိပ်အကြမ်း မခံနိုင်ပါဘူး။ အိပ်ရာမဝင်ခင် ဆံပင်ကို ခြောက်အောင် မသုတ်တဲ့အခါ အိပ်ပျော်နေစဉ်မှာ ဆံပင်က ရှုပ်သွားမှာပါ။ မနက်ရောက်လို့ ခေါင်းဖြီးတဲ့အခါ ဆံပင်က ဖြီးမရ ဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် အိပ်ရာ မဝင်ခင်မှာ ခေါင်းခြောက်အောင် သုတ်ဖို့ မမေ့ပါနဲ့နော်။

၃။ ခေါင်းကိုက်စေတယ်။ဆံပင်မခြောက်သေးဘဲ အိပ်ရင် နိုးလာတဲ့အခါ ခေါင်းကိုက်နေမှာပါ။ ဆံပင်အစိုနဲ့ အိပ်ခြင်းက ခန္ဓါကိုယ် အပူချိန်ကို လျော့ကျစေပြီး ခန္ဓါကိုယ်က အနွေးဓါတ်ရအောင် ကြိုးစားရလို့ ခေါင်းကိုက်လာတာပါ။ဆံပင် မခြောက်သေးတာကို ပုဝါနဲ့ပတ်ပြီး အိပ်ရင်လည်း ခေါင်းကိုက်စေပါတယ်။ နောက်ထပ် ကြောက်စရာ ကောင်းတာကတော့ အခန့်မသင့်ရင် အိပ်နေစဉ်မှာ ဦးနှောက်သွေးကြော ပြတ်ပြီး သေဆုံးနိုင်ပါတယ်။

၄။ ဆံပင်ကို ပွစေတယ်။ဆံပင်အစိုနဲ့ အိပ်ရင် ဆံပင်ပုံစံက ကြည့်မလှတော့ပါဘူး။ ဖွာနေသလို ဖြစ်နေမှာပါ။ အဲဒါကြောင့် မအိပ်ခင် ဆံပင်ကို ခြောက်အောင် သုတ်ခြင်းက ဆံပင်ကို ထိန်းသိမ်းရတဲ့ ငွေကြေးတွေကို သက်သာစေပါတယ်။

၅။ ဆံပင် ပါးစေတယ်။ဆံပင်အစိုနဲ့ အိပ်ခြင်းရဲ့ နောက်ထပ်ဆိုးကျိုး တစ်ခုကတော့ ဆံပင်တွေ ကျွတ်ပြီးပါးသွားတာပါ။ အထူးသဖြင့် ဆံပင်နူးညံ့တဲ့သူတွေဆိုရင် ပိုပြီး ဆံပင်ပါးတာကပိုပြီး သိသာပါတယ်။၆။ ဆံပင်နှစ်ခွဖြစ်စေတယ်။ဆံပင်နှစ်ခွဖြစ်ခြင်းက မိန်းကလေးတွေ စိတ်ညစ်ရတဲ့ ပြဿနာတွေထဲက တစ်ခုပါပဲ။ ဆံပင်အစိုတွေက ကျိုးလွယ်ပါသေးတယ်။ ဆံပင်ကျိုးတာ၊ နှစ်ခွဖြစ်တာကြောင့် ဆံပင်ကို ခဏခဏ ညှပ်နေရမှာပါ။ အဲဒါကြောင့် ဆံပင်အစိုနဲ့ မအိပ်သင့်ပါဘူး။

၇။ အသားအရေကို ပျက်စီးစေတယ်။ဆံပင်မခြောက်ဘဲ အိပ်ရင် ဆံပင်ကိုသာမက အသားအရေကိုလည်း ပျက်စီးစေပါသေးတယ်။ ဆံပင်အစိုက မျက်နှာကို ထိမိနေမှာပါ။ ဆံပင်အစိုနဲ့ အခန်းအပူချိန်တို့

ပေါင်းစပ်လိုက်တဲ့အခါ အသားအရေကို ပျက်စီးစေမယ့် ဘက်တီးရီးယားတွေ ပိုပြီးရှင်သန်လာပါတယ်။အဲဒါကြောင့် အိပ်ရာမဝင်ခင်မှာ ဆံပင်ကို ခြောက်အောင်သုတ်ဖို့ မမေ့ပါနဲ့နော်။

zombie (lovemedia) CRD

Zawgyi

ဆံပင်အစိုနဲ့အိပ်ခြင်းရဲ့ ကြောက်စရာဆိုးကျိုး (၇) ခုခေါင်းလျှော်ပြီးနောက် ခေါင်းမခြောက်သေးဘဲ အိပ်ခြင်းက ကျန်းမာရေးအတွက် ဆိုးကျိူးများပါတယ်။သင်က ညဘက်မှ ရေချိူးခေါင်းလျှော်တတ်သူ ဆိုရင်တော့ ဒီအချက်လေးတွေကို ဖတ်ဖို့ မမေ့ပါနဲ့နော်။၁။ ဦးရေပြားကို ထိခိုက်စေတယ်။ဦးရေပြားယားယံတာ၊ ဗောက်ထတာဆိုရင် ခေါင်းလျှော်ရည် မကောင်းတာကြောင့် ဖြစ်တယ်လို့ ထင်ကြပါတယ်။ဒါပေမယ့် ဗောက်ထတာ၊ ဦးရေပြားယားယံတာက ခေါင်းမခြောက်ဘဲ အိပ်တာကြောင့်လည်း

ဖြစ်နိုင်ပါတယ်။ ဆံပင်စိုနဲ့ အိပ်တဲ့အခါ ခေါင်းအုံးပေါ်က မှိုတွေ၊ ဘက်တီးရီးယားတွေက ပိုပြီး ရှင်သန်နိုင်တာကြောင့် မျက်နှာ အသားအရေကိုလည်း ထိခိုက်နိုင်ပါသေးတယ်။

၂။ ဆံပင်ကို ရှုပ်စေတယ်။ဆံပင်အစိုက သိပ်အကြမ်း မခံနိုင်ပါဘူး။ အိပ်ရာမဝင်ခင် ဆံပင်ကို ခြောက်အောင် မသုတ်တဲ့အခါ အိပ်ပျော်နေစဉ်မှာ ဆံပင်က ရှုပ်သွားမှာပါ။ မနက်ရောက်လို့ ခေါင်းဖြီးတဲ့အခါ ဆံပင်က ဖြီးမရ ဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် အိပ်ရာ မဝင်ခင်မှာ ခေါင်းခြောက်အောင် သုတ်ဖို့ မမေ့ပါနဲ့နော်။၃။ ခေါင်းကိုက်စေတယ်။ဆံပင်မခြောက်သေးဘဲ အိပ်ရင် နိုးလာတဲ့အခါ ခေါင်းကိုက်နေမှာပါ။ ဆံပင်အစိုနဲ့ အိပ်ခြင်းက ခန္ဓါကိုယ် အပူချိန်ကို လျော့ကျစေပြီး ခန္ဓါကိုယ်က အနွေးဓါတ်ရအောင် ကြိုးစားရလို့ ခေါင်းကိုက်လာတာပါ။

ဆံပင် မခြောက်သေးတာကို ပုဝါနဲ့ပတ်ပြီး အိပ်ရင်လည်း ခေါင်းကိုက်စေပါတယ်။ နောက်ထပ် ကြောက်စရာ ကောင်းတာကတော့ အခန့်မသင့်ရင် အိပ်နေစဉ်မှာ ဦးနှောက်သွေးကြော ပြတ်ပြီး သေဆုံးနိုင်ပါတယ်။

၄။ ဆံပင်ကို ပွစေတယ်။ဆံပင်အစိုနဲ့ အိပ်ရင် ဆံပင်ပုံစံက ကြည့်မလှတော့ပါဘူး။ ဖွာနေသလို ဖြစ်နေမှာပါ။ အဲဒါကြောင့် မအိပ်ခင် ဆံပင်ကို ခြောက်အောင် သုတ်ခြင်းက ဆံပင်ကို ထိန်းသိမ်းရတဲ့ ငွေကြေးတွေကို သက်သာစေပါတယ်။၅။ ဆံပင် ပါးစေတယ်။ဆံပင်အစိုနဲ့ အိပ်ခြင်းရဲ့ နောက်ထပ်ဆိုးကျိုး တစ်ခုကတော့ ဆံပင်တွေ ကျွတ်ပြီးပါးသွားတာပါ။ အထူးသဖြင့် ဆံပင်နူးညံ့တဲ့သူတွေဆိုရင် ပိုပြီး ဆံပင်ပါးတာကပိုပြီး သိသာပါတယ်။

၆။ ဆံပင်နှစ်ခွဖြစ်စေတယ်။ဆံပင်နှစ်ခွဖြစ်ခြင်းက မိန်းကလေးတွေ စိတ်ညစ်ရတဲ့ ပြဿနာတွေထဲက တစ်ခုပါပဲ။ ဆံပင်အစိုတွေက ကျိုးလွယ်ပါသေးတယ်။ ဆံပင်ကျိုးတာ၊ နှစ်ခွဖြစ်တာကြောင့် ဆံပင်ကို ခဏခဏ ညှပ်နေရမှာပါ။ အဲဒါကြောင့် ဆံပင်အစိုနဲ့ မအိပ်သင့်ပါဘူး။

၇။ အသားအရေကို ပျက်စီးစေတယ်။ဆံပင်မခြောက်ဘဲ အိပ်ရင် ဆံပင်ကိုသာမက အသားအရေကိုလည်း ပျက်စီးစေပါသေးတယ်။ ဆံပင်အစိုက မျက်နှာကို ထိမိနေမှာပါ။ ဆံပင်အစိုနဲ့ အခန်းအပူချိန်တို့ပေါင်းစပ်လိုက်တဲ့အခါ အသားအရေကို ပျက်စီးစေမယ့် ဘက်တီးရီးယားတွေ ပိုပြီးရှင်သန်လာပါတယ်။အဲဒါကြောင့် အိပ်ရာမဝင်ခင်မှာ ဆံပင်ကို ခြောက်အောင်သုတ်ဖို့ မမေ့ပါနဲ့နော်။

zombie (lovemedia) CRD