Knowledge

ဘဝကို အရိုးသားဆုံးနဲ့ အကောင်းဆုံး ဖြတ်သန်းနေတဲ့မိန်းကလေးတွေဆိုတာ ဒီလိုမျိုးပါ

ဘဝကို အရိုးသားဆုံးနဲ့ အကောင်းဆုံး ဖြတ်သန်းနေတဲ့မိန်းကလေးတွေဆိုတာ ဒီလိုမျိုးပါမိန်းကလေးတွေထဲမှာ ကိုယ့်ဖြစ်ချင်တာတွေ ဖြစ်လာနိုင်ဖို့ ကြိုးစားနေကြတဲ့ မိန်းကလေးတွေအများကြီး ရှိပါတယ်။

သူတို့က သူတို့လိုချင်တဲ့အရာတွေကို အရိုးသားဆုံးနဲ့ ဖြစ်အောင် လုပ်တတ်ကြတဲ့ အာဂမိန်းကလေးတွေပဲ ဖြစ်ပါတယ်။ဘယ်တော့မှ အလွယ်လမ်းကို

မလိုက်တတ်ကြသလို ကိုယ့်အားကိုယ်ကိုးတတ်တဲ့ မိန်းကလေးတွေလည်း ဖြစ်ကြပါတယ်။ရိုးသားပေမယ့် မရိုးအဘူးဒီလို မိန်းကလေးတွေက သူတို့ကိုသူတို့ အရိုးသားဆုံးပဲ နေထိုင်ကြသူတွေဆိုပေမယ့် ရိုးအနေတဲ့ သူတွေတော့ မဟုတ်ပါဘူး။သူတို့တွေက အတွေးအခေါ် ထက်မြက်တယ်၊

ဦးဆောင်နိုင်စွမ်း ရှိတယ်၊ အရာရာမှာနောက်မကျကျန်ခဲ့ဖို့ အမြဲလေ့လာသင်ယူနေတတ်တယ်။သူတို့တွေရဲ့ ရိုးသားမှုကိုတော့ သွားပြီး ခုတုံးမလုပ်မိစေနဲ့။

သူတို့တွေက ရိုးသားတဲ့ ကောင်မလေးတွေဖြစ်ပေမယ့် ကိုယ့်ကိုယ်လာအသုံးချရင်တော့ချက်ချင်းပြန်တုံ့ပြန်ကြတဲ့ အဆိပ်ပြင်းတဲ့ မိန်းမလှလေးတွေပါ ။စိတ်အားငယ်မှုတွေကို

ဘယ်တော့မှ ထုတ်မပြတတ်ဘူး ။ ။ပြည့်စုံနေတဲ့ သူရယ်လို့ မရှိတော့ လူတိုင်းဆီမှာ စိတ်အားငယ်မှုတွေ အနည်းနဲ့အများဆိုသလို ရှိတတ်ကြပါတယ်။ဒီလိုမိန်းကလေးတွေမှာလည်း တစ်ခါတစ်လေ စိတ်အားငယ်မှုဆိုတာ ရှိတတ်ပေမယ့် ဘယ်တော့မှ ထုတ်မပြတတ်ကြပါဘူး။ကိုယ့်ရဲ့ စိတ်အားငယ်မှုတွေ ၊ လိုအပ်ချက်တွေကို

ဘယ်လိုပြုပြင်ရမယ် ၊ ဘာတွေလိုအပ်နေသေးတယ် စသဖြင့်အမြဲတမ်း လေ့လာသင်ယူနေတတ်ကြပါတယ် ။သူတို့တွေက မာကျောမလိုနဲ့ နူးညံပြီး၊

နူးညံမလိုနဲ့ စိတ်ဓာတ်မာကျောတဲ့ မိန်းကလေးတွေ ဖြစ်ကြပါတယ် ။အရှုံးဆိုတာ သူတို့အတွက် မဟုတ်ဘူး

ဘဝကို အကောင်းဆုံး ဖြတ်သန်းနေတဲ့ မိန်းကလေးတွေဟာ အရှုံးဆိုတာကို လုံးဝမကြိုက်တတ်ကြသလို လက်မခံတတ်ကြပါဘူး။တစ်ခါကျရှုံးသွားခဲ့ရင်

နောက်တစ်ခါကျ သေချာပေါက် အနိုင်ရအောင် တိုက်ခိုက်တတ်ကြတဲ့အာဂမိန်းကလေးတွေ ဖြစ်ပါတယ်။အရှုံးတွေကို ရင်ဆိုင်ပြီး အောင်မြင်မှုအတွက် သင်ခန်းစာကောင်းကောင်း ယူတတ်ကြပါတယ်။ဖြစ်ချင်တာတွေ ဖြစ်အောင်လုပ်တယ်

ဒီလို မိန်းကလေးတွေဆီမှာ ဖြစ်ချင်တဲ့ အိပ်မက်တွေဆိုတာ ရှိလို့နေပြီးဒီအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့လည်း အမြဲတမ်းကြိုးစားနေတတ်ကြသူတွေပါ

သူတို့ ဖြစ်ချင်တာတွေဖြစ်လာဖို့ကို ခေါင်းမာမာနဲ့ ကြိုးစားတတ်ကြပြီး ဘယ်သူကမှ ဟန့်တားလို့ မရပါဘူး။

ကိုယ်မှန်တယ်ထင်တဲ့ လမ်းကို ရဲရဲကြီးဆက်လျှောက်ကြသလို ဖြစ်လာတဲ့ အခက်အခဲ ဒုက္ခတွေကိုလည်း ရင်ဆိုင်ဖို့ အသင့်ဖြစ်နေကြပါတယ် ။လူတွေကို စိတ်ခွန်အားပေးတတ်တယ်ဒီ

မိန်းကလေးတွေက သူတို့လိုမျိုး တစ်ခြားသူတွေကိုလည်း ဘဝကိုလွယ်လွယ် အရှုံးမပေးစေချင်ကြပါဘူး ။ဒါကြောင့်ပဲ ခက်ခဲနေတဲ့သူတွေ၊ အကူအညီလိုနေတဲ့သူတွေကို အမြဲတမ်း ကူညီကြင်နာတတ်ကြသူတွေပါ ။နောက်ပြီး သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို တစ်ခြားသူ စိတ်ဓာတ်ခွန်အားရလာအောင်လည်း ပြောပြတတ်ကြပါတယ် ။ဒီလိုမိန်းကလေးတွေက တစ်ချိန်မှာ အောင်မြင်ကျော်ကြားလာမယ့် တကယ့်ကို လှပတဲ့ ပန်းရိုင်းလေးတစ်ပွင့်ပါ ။

Credit to original writer

Zawgyi

ဘဝကို အရိုးသားဆုံးနဲ့ အကောင်းဆုံး ဖြတ်သန်းနေတဲ့မိန်းကလေးတွေဆိုတာ ဒီလိုမျိုးပါမိန်းကလေးတွေထဲမှာ ကိုယ့်ဖြစ်ချင်တာတွေ ဖြစ်လာနိုင်ဖို့ ကြိုးစားနေကြတဲ့ မိန်းကလေးတွေအများကြီး ရှိပါတယ်။

သူတို့က သူတို့လိုချင်တဲ့အရာတွေကို အရိုးသားဆုံးနဲ့ ဖြစ်အောင် လုပ်တတ်ကြတဲ့ အာဂမိန်းကလေးတွေပဲ ဖြစ်ပါတယ်။ဘယ်တော့မှ အလွယ်လမ်းကို မလိုက်တတ်ကြသလို ကိုယ့်အားကိုယ်ကိုးတတ်တဲ့ မိန်းကလေးတွေလည်း ဖြစ်ကြပါတယ်။ရိုးသားပေမယ့် မရိုးအဘူးဒီလို မိန်းကလေးတွေက သူတို့ကိုသူတို့ အရိုးသားဆုံးပဲ နေထိုင်ကြသူတွေဆိုပေမယ့် ရိုးအနေတဲ့ သူတွေတော့ မဟုတ်ပါဘူး။သူတို့တွေက အတွေးအခေါ် ထက်မြက်တယ်၊ ဦးဆောင်နိုင်စွမ်း ရှိတယ်၊ အရာရာမှာ

နောက်မကျကျန်ခဲ့ဖို့ အမြဲလေ့လာသင်ယူနေတတ်တယ်။သူတို့တွေရဲ့ ရိုးသားမှုကိုတော့ သွားပြီး ခုတုံးမလုပ်မိစေနဲ့ ။သူတို့တွေက ရိုးသားတဲ့ ကောင်မလေးတွေဖြစ်ပေမယ့် ကိုယ့်ကိုယ်လာအသုံးချရင်တော့

ချက်ချင်းပြန်တုံ့ပြန်ကြတဲ့ အဆိပ်ပြင်းတဲ့ မိန်းမလှလေးတွေပါ ။စိတ်အားငယ်မှုတွေကို ဘယ်တော့မှ ထုတ်မပြတတ်ဘူး ။ ။ပြည့်စုံနေတဲ့ သူရယ်လို့ မရှိတော့ လူတိုင်းဆီမှာ စိတ်အားငယ်မှုတွေ အနည်းနဲ့အများဆိုသလို ရှိတတ်ကြပါတယ်။ဒီလိုမိန်းကလေးတွေမှာလည်း တစ်ခါတစ်လေ စိတ်အားငယ်မှုဆိုတာ ရှိတတ်ပေမယ့် ဘယ်တော့မှ ထုတ်မပြတတ်ကြပါဘူး။ကိုယ့်ရဲ့ စိတ်အားငယ်မှုတွေ ၊ လိုအပ်ချက်တွေကို ဘယ်လိုပြုပြင်ရမယ် ၊ ဘာတွေလိုအပ်နေသေးတယ် စသဖြင့်

အမြဲတမ်း လေ့လာသင်ယူနေတတ်ကြပါတယ် ။သူတို့တွေက မာကျောမလိုနဲ့ နူးညံပြီး၊ နူးညံမလိုနဲ့ စိတ်ဓာတ်မာကျောတဲ့ မိန်းကလေးတွေ ဖြစ်ကြပါတယ် ။အရှုံးဆိုတာ သူတို့အတွက် မဟုတ်ဘူး

ဘဝကို အကောင်းဆုံး ဖြတ်သန်းနေတဲ့ မိန်းကလေးတွေဟာ အရှုံးဆိုတာကို လုံးဝမကြိုက်တတ်ကြသလို လက်မခံတတ်ကြပါဘူး။တစ်ခါကျရှုံးသွားခဲ့ရင် နောက်တစ်ခါကျ သေချာပေါက် အနိုင်ရအောင် တိုက်ခိုက်တတ်ကြတဲ့အာဂမိန်းကလေးတွေ ဖြစ်ပါတယ်။အရှုံးတွေကို ရင်ဆိုင်ပြီး အောင်မြင်မှုအတွက် သင်ခန်းစာကောင်းကောင်း ယူတတ်ကြပါတယ်။ဖြစ်ချင်တာတွေ ဖြစ်အောင်လုပ်တယ် ။ ။ဒီလို မိန်းကလေးတွေဆီမှာ ဖြစ်ချင်တဲ့ အိပ်မက်တွေဆိုတာ ရှိလို့နေပြီး

ဒီအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့လည်း အမြဲတမ်းကြိုးစားနေတတ်ကြသူတွေပါသူတို့ ဖြစ်ချင်တာတွေဖြစ်လာဖို့ကို ခေါင်းမာမာနဲ့ ကြိုးစားတတ်ကြပြီး ဘယ်သူကမှ ဟန့်တားလို့ မရပါဘူး။

ကိုယ်မှန်တယ်ထင်တဲ့ လမ်းကို ရဲရဲကြီးဆက်လျှောက်ကြသလို ဖြစ်လာတဲ့ အခက်အခဲ ဒုက္ခတွေကိုလည်း ရင်ဆိုင်ဖို့ အသင့်ဖြစ်နေကြပါတယ် ။

လူတွေကို စိတ်ခွန်အားပေးတတ်တယ်ဒီမိန်းကလေးတွေက သူတို့လိုမျိုး တစ်ခြားသူတွေကိုလည်း ဘဝကိုလွယ်လွယ် အရှုံးမပေးစေချင်ကြပါဘူး ။ဒါကြောင့်ပဲ ခက်ခဲနေတဲ့သူတွေ၊ အကူအညီလိုနေတဲ့သူတွေကို အမြဲတမ်း ကူညီကြင်နာတတ်ကြသူတွေပါ ။နောက်ပြီး သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို တစ်ခြားသူ စိတ်ဓာတ်ခွန်အားရလာအောင်လည်း ပြောပြတတ်ကြပါတယ် ။ဒီလိုမိန်းကလေးတွေက တစ်ချိန်မှာ အောင်မြင်ကျော်ကြားလာမယ့် တကယ့်ကို လှပတဲ့ ပန်းရိုင်းလေးတစ်ပွင့်ပါ ။

Credit to original writer