Knowledge

ပွီးပွညျ့စုံသော Relationship တစျခုမှာ သာတယျနာတယျဆိုတာ မရှိဘူး

ပြီးပြည့်စုံသော Relationship တစ်ခုမှာ သာတယ်နာတယ်ဆိုတာ မရှိဘူး

ပြီးပြည့်စုံသော Relationship တစ်ခုမှာ သာတယ်နာတယ်ဆိုတာ မရှိဘူး ပြီးတော့ ယောကျာ်းဖြစ်မှ မိန်းမဖြစ်မှဆိုတဲ့ လိင်ကွဲပြာမှုလည်း မရှိဘူး ။ကိုယ်သင့်တော်မယ်ထင်ပြီး ရွေးချယ်လိုက်တဲ့ အချစ်တစ်ခုမှာရုပ်ချောတာ ရုပ်မချောတာ မရှိဘူး ကိုယ် ချစ်နေရင် နူးနူး ဝဲဝဲ ချစ်နေဖို့သာ အဓိက ။ကိုယ်ဘဝရဲ့ လက်တွဲဖော်က ဘယ်လိုလူစားမျိုးလဲအနုပညာသမားလား ဂီတသမားလား ဆရာဝန်လား စစ်ဗိုလ်လား အထက်လူတန်းစားလား

စသည့်အားဖြင့် ဥပမာ .. အနုပညာသမားတစ်ယောက်ကို လက်တွဲဖော်အဖြစ် ရွေးချယ်တော့မယ်ဆိုရင်သူချစ်တဲ့ အနုပညာကိုလဲ ကိုယ့်ဘက်က အတတ်နိုင်ဆုံး ချစ်ပေးနိုင်ရမယ် ၊ ပြီးတော့သူ့ ပရိတ်သတ်တွေကိုလည်း

ကိုယ်ဘက်က အပြစ်မမြင်ပဲ ချစ်ခင်ပေးရမယ် ။ဟင့်အင်း .. ငါက သူ့ကိုဘဲ ချစ်တာ သူ့အနုပညာ သူ့ပရိသတ်တွေကိုတော့ မချစ်နိုင် နားလည်မပေးနိုင်ဘူးဆိုရင်တော့ ကိုယ်တည်ဆောက်ခဲ့တဲ့ Relationship က ရေရှည် ခိုင်မြဲဖို့ဆိုတာ ဝေးကွာသွားစေတယ်တကယ်တော့ .. အချစ်တစ်ခုမှာ လိုအပ်ချက်ဆိုတာ မရှိပါဘူး သူ့ချစ်တာကို ကိုယ်ဘက်က အကြွင်းမဲ့ ယုံကြည်ပေးသလို ကိုယ်ချစ်တာကိုလည်း သူ့ဘက်က အကြွင်းမဲ့ ယုံကြည်ပေးနေဖို့ပါပဲ

ကိုယ့်ချစ်သူဟာ ဘယ်လိုလူစားမျိုးလဲဆိုတာ ကာယကံရှင် ကိုယ်တိုင်းက ပိုအသိဆုံးနေမှာပါ ။ ဒီတော့ .. ကိုယ့်ဘက်က မပြတ်သားနိုင်သေးသ၍ ချစ်တဲ့သူအပေါ်မှာ သံသယတွေ နားလည်မှုတွေ မရှိဘဲ မယုံ

သင်္ကာဖြစ်နေမဲ့အစား ၊ သူ့ကို ကိုယ့်ဘဝရဲ့ လက်တွဲဖော်အဖြစ် ခံယူထားတယ်ဆိုရင် သူ့ဂုဏ်သိက္ခာ ကိုယ်ကျင့်တရားတွေကို အပေါ်ယံ အမြင်တွေနဲ့ အထင်မလွဲပဲ ယုံကြည်ပေးစေချင်တယ်တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ယုံယုံကြည်ကြည် နားလည်မှု သစ္စာတရားတွေနဲ့ သံသယကင်းကင်း ချစ်ကြမယ်ဆိုရင် ၊ ခိုင်မြဲအောင်တည်ဆောက်ခဲ့တဲ့ Relationship မှာ ကြားလူတွေ ဘယ်လို နှောက်ယှက်နှောက်ယှက်

မနာလိုသူတွေ ဘယ်လို နည်းနဲ့ သွေးခွဲခွဲ ပြိုလဲသွားမှာ မဟုတ်ပါဘူးဒါကြောင့် ကိုယ့်ဘက်က မမုန်းနိုင် မမေ့နိုင်ဘူးဆိုရင် မာနတွေကို သံသယတွေနဲ့ တင်းခံထားပါနဲ့

တင်းလွန်းရင် ပြတ်တယ်ဆိုတာ ” ကြိုး ” ဘဲ ကောင်းပါတယ် ။ ချစ်တဲ့သူတိုင်း ခိုင်မြဲသော In a Relationship တစ်ခု တည်ဆောက်နိုင်ပါစေ

နံရိုး

Credit

Zawgyi