Local News

ပစ်ခတ်မှုတွေဖြစ်နေတဲ့ ရှေ့တန်းတစ်နေရာမှာ လက်နက်ချပြီး လာပူးပေါင်းဖို့ စစ်သားတွေကို​ ပြောဆိုနေတဲ့ မင်းတပ်CDFတပ်ဖွဲ့ဝင်တွေ….

ချင်းပြည်နယ်၊မင်းတပ်မှာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီး မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဘေးကင်းကြစေဖို့လည်း ပြည်သူတွေက အမြဲဆုတောင်းပေးနေကြပါတယ်။

မင်းတပ်CDFတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းက မင်းတပ်-မတူပီလမ်းရှိ (၁၆)မိုင်စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့​ကြောင်းသိရပြီး ယခုမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ် ။ယနေ့မှာတော့ မင်းတပ်CDFတပ်ဖွဲ့ဝင်များဟာ ရှေ့တန်းစစ်မျက်နှာပြင်မှာ ရန်သူတွေကို လက်နက်ချဖို့ ကမ်းလှမ်းနေတဲ့ ဗီဒီယိုဖိုင်လေးတစ်ခု လူမှုကွန်ယက်စာမျက်နှာထက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

မင်းတပ်CDFတပ်ဖွဲ့ဝင်တွေက တိုက်ပွဲတွေဖြစ်နေတဲ့အချိန်မှာတောင် ပြည်သူတွေဘက်က ရပ်တည်ပေးဖို့ စစ်သားတွေကို ကမ်းလှမ်းပြောဆိုနေတာဖြစ်ပါတယ်။ဒီနယ်မြေဟာ သူတို့နယ်မြေဖြစ်ပြီး ဒီတောကြောတစ်ခုလုံးကို ဝိုင်းထားပြီဖြစ်ကြောင်း၊ လက်နက်ချပြီး ပြည်သူတွေနဲ့လာရောက်ပူးပေါင်းမယ့် စစ်သားတွေကို ပိုက်ဆံသိန်း(၅၀)ပေးမယ့်အကြောင်း၊ထမင်းနပ်မှန်အောင်

ကျွေးမွေးပြီး လွတ်မြောက်နယ်မြေကိုပါ ပို့ဆောင်ပေးမယ့်အကြောင်း အဆိုပါဗီဒီယိုဖိုင်ထဲမှာ မင်းတပ်CDFတပ်ဖွဲ့ဝင်တွေက ပြောဆိုနေတာတွေ့ရပါတယ်။တိုက်ပွဲတွေဖြစ်နေတဲ့ အချိန်မှာတောင် ရန်သူကို အရင်မပစ်ခတ်ဘဲကမ်းလှမ်းမှုတွေပြုလုပ်ပြီး လက်ကမ်းကြိုဆိုနေတဲ့ CDFတပ်ဖွဲ့ဝင်တွေကို ပြည်သူတွေက ချီးကျူးနေကြပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းကလည်း မင်းတပ်CDFက လက်နက်တွေနဲ့အတူ လာရောက်ပူးပေါင်းမယ့်

ရဲဘော်တွေကို ငွသိန်း(၅၀)ပေးမယ့်အပြင် သွားလိုရာအရပ်ကိုလည်း ပို့ဆောင်ပေးမယ့်အကြောင်း ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။ရှေ့တန်းစစ်မျက်နှာပြင်မှလက်နက်ချပူးပေါင်းပေးဖို့ စစ်သားတွေကို ကမ်းလှမ်းနေတဲ့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source Myanmarload

Credit

Zawgyi







Source Myanmarload

Credit