Knowledge

သာယာနေတဲ့ချစ်သူဘဝလေးကဒီအမှား (၄) ခုကြောင့်ပျက်ဆီးသွားနိုင်ပါတယ်…

သာယာနေတဲ့ ချစ်သူဘဝလေးက ဒီအမှား(၄)ခုကြောင့် ပျက်ဆီးသွားနိုင်ပါတယ်

တစ်ချို့သော စုံတွဲတွေဟာ နှစ်ယောက် အတူရှိနေရင် ယခင်ကထက် ပိုမို အောင်မြင်ကြပြီး ပျော်ရွှင်ကြရလေ့ရှိပါတယ်။ ဘာ ပြဿနာကို မဆို အတူလက်တွဲဖြေရှင်းနိုင်ပါတယ်။ ဒါပေမယ့် ပြဿနာ တွေကြုံတဲ့အခါမှာ သင်ရော ၊ သင့် ချစ်သူ ကောင်လေးပါအတူတူ မဖြေရှင်းနိုင်ကြဘူးဆိုတာ သင်တို့ နှစ်ယောက် တစ်သားတည်း ကျမနေသေးလို့ပါ။ သင်တို့ နှစ်ယောက် ဘာကြောင့် တစ်သားတည်း မကျသေးတာလဲ ဆိုတာကို မီးမောင်း ထိုးပြနေတဲ့ အချက်လေးတွေ ရှိပါတယ်

၁။ သူဟာ သင့်ကို အပြည့်အ၀ မယုံကြည်ဘူးဆိုရင်

ယုံကြည်မှု ဆိုတာဟာ ကျန်းမာ ပျော်ရွှင်တဲ့ အချစ်ရေး တိုင်းရဲ့ အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။ သင်နဲ့ အတူရှိနေတဲ့ လက်တွဲဖော်က သင့်ကို မယုံကြည်ဘူး ဆိုရင်တော့ သင်တို့ နှစ်ယောက်ဟာ ရှေ့ဆက်လည်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။

၂။ သူ့ အခက်အခဲ တွေကို သင့်ကို ဖွင့်ဟတိုင်ပင်ခြင်း မရှိဘူးဆိုရင်ယုံကြည်မှုဟာ အရေးပါသလို အားကိုးအား ထားပြုခြင်း ဟာလည်း အခြားအရေးပါတဲ့အရာ တစ်ခုဖြစ်ပါတယ်။ သူ့ဘက်က သင့်ကို အားကိုအားထား မပြုတာကြောင့် သူ့အခက်အခဲတွေကို မတိုင်ပင်ပဲ တစ်ယောက်တည်း ဖြေရှင်းနေတယ် ဆိုရင်တော့ သင်ဟာ သူ့အတွက် အဆင်သင့် မဖြစ်သေးသလို သူဟာလည်း သင့်အတွက် အဆင်သင့် မဖြစ်သေးပါဘူး။

၃။ သင့်စိတ်ထဲမှာ အချစ်ခံရတယ်လို့ မခံစားရဘူးဆိုရင်

အချစ်ရေး တစ်ခုဟာ ဘယ်တော့မှာ ပြီးပြည့်စုံနေတယ်ဆိုတာ မရှိပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ညှိုနှိုင်းပြီး ပြည့်စုံတဲ့ အချစ်ရေးကို တည်ဆောက်ရတာပါ။ သင့်ချစ်သူ၊ သင့်ကို ချစ်တဲ့ပုံစံက သင်လိုချင်တဲ့ပုံစံမျိုး မဟုတ်ဘူး။ဥပမာ – အရမ်းသဝန်တိုမယ် ၊ ချုပ်ချယ်မယ် စသဖြင့် သဘောထားမတိုက်ဆိုင်မှုတွေရှိနေရင် တစ်ယောက်နဲ့ တစ်ယောက် ညှိုနှိုင်းဆွေးနွေးကြဖို့ လိုမှာပါ။ အဲလိုမှ မဟုတ်ရင်တော့ သင်တို့ နှစ်ယောက် ရှေ့ဆက်ဖို့ အဆင်မပြေနိုင်ပါဘူး။

၄။ သင့်ကို လုံခြုံမှု မပေးနိုင်ဘူးဆိုရင်

တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု မရှိကြဘူး ၊ အပြန်အလှန် အားကိုးမှုတွေမရှိဘူး ၊ ညှိုနှိုင်းဆွေးနွေးမှု တွေမရှိတဲ့နောက်မှာ သင်ဟာလည်း စိတ်ထဲမှာ လုံခြုံမှု ကို ခံစားရမှာ မဟုတ်ပါဘူး။ဒါပေမယ့် တစ်ယောက်ရင်ခွင်ထဲမှာ တစ်ယောက် မလုံခြုံဘူးဆိုတာ ဘယ်သူ့အပြစ်မှ မဟုတ်ပါဘူး။ သင့်တော်တဲ့ အချစ်ရေး မဖြစ်လာသေးတာပါ။ချစ်သူ နှစ်ဦး ရေရှည်ရှေ့ဆက် နိုင်ဖို့ဆိုရင်၊ အခုဖော်ပြခဲ့တဲ့ အချက်တွေကို

သေချာ ဂရုစိုက် ပြောင်းလဲ သင့်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိရှိ ချစ်နေမယ်ဆိုရင် ပြည့်စုံကောင်းမွန်တဲ့ အချစ်ရေး တစ်ခုကို ပိုင်ဆိုင် လာမှာ သေချာပါတယ်။

Credit – loveshopmyanmar

Zawgyi

သာယာနေတဲ့ ချစ်သူဘဝလေးက ဒီအမှား(၄)ခုကြောင့် ပျက်ဆီးသွားနိုင်ပါတယ်

တစ်ချို့သော စုံတွဲတွေဟာ နှစ်ယောက် အတူရှိနေရင် ယခင်ကထက် ပိုမို အောင်မြင်ကြပြီး ပျော်ရွှင်ကြရလေ့ရှိပါတယ်။ ဘာ ပြဿနာကို မဆို အတူလက်တွဲဖြေရှင်းနိုင်ပါတယ်။ ဒါပေမယ့် ပြဿနာ တွေကြုံတဲ့အခါမှာ သင်ရော ၊ သင့် ချစ်သူ ကောင်လေးပါအတူတူ မဖြေရှင်းနိုင်ကြဘူးဆိုတာ သင်တို့ နှစ်ယောက် တစ်သားတည်း ကျမနေသေးလို့ပါ။ သင်တို့ နှစ်ယောက် ဘာကြောင့် တစ်သားတည်း မကျသေးတာလဲ ဆိုတာကို မီးမောင်း ထိုးပြနေတဲ့ အချက်လေးတွေ ရှိပါတယ်

၁။ သူဟာ သင့်ကို အပြည့်အ၀ မယုံကြည်ဘူးဆိုရင်

ယုံကြည်မှု ဆိုတာဟာ ကျန်းမာ ပျော်ရွှင်တဲ့ အချစ်ရေး တိုင်းရဲ့ အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။ သင်နဲ့ အတူရှိနေတဲ့ လက်တွဲဖော်က သင့်ကို မယုံကြည်ဘူး ဆိုရင်တော့ သင်တို့ နှစ်ယောက်ဟာ ရှေ့ဆက်လည်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။၂။ သူ့ အခက်အခဲ တွေကို သင့်ကို ဖွင့်ဟတိုင်ပင်ခြင်း မရှိဘူးဆိုရင်

ယုံကြည်မှုဟာ အရေးပါသလို အားကိုးအား ထားပြုခြင်း ဟာလည်း အခြားအရေးပါတဲ့အရာ တစ်ခုဖြစ်ပါတယ်။ သူ့ဘက်က သင့်ကို အားကိုအားထား မပြုတာကြောင့် သူ့အခက်အခဲတွေကို မတိုင်ပင်ပဲ တစ်ယောက်တည်း ဖြေရှင်းနေတယ် ဆိုရင်တော့ သင်ဟာ သူ့အတွက် အဆင်သင့် မဖြစ်သေးသလို သူဟာလည်း သင့်အတွက် အဆင်သင့် မဖြစ်သေးပါဘူး။

၃။ သင့်စိတ်ထဲမှာ အချစ်ခံရတယ်လို့ မခံစားရဘူးဆိုရင်

အချစ်ရေး တစ်ခုဟာ ဘယ်တော့မှာ ပြီးပြည့်စုံနေတယ်ဆိုတာ မရှိပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ညှိုနှိုင်းပြီး ပြည့်စုံတဲ့ အချစ်ရေးကို တည်ဆောက်ရတာပါ။ သင့်ချစ်သူ၊ သင့်ကို ချစ်တဲ့ပုံစံက သင်လိုချင်တဲ့ပုံစံမျိုး မဟုတ်ဘူး။ဥပမာ – အရမ်းသဝန်တိုမယ် ၊ ချုပ်ချယ်မယ် စသဖြင့် သဘောထားမတိုက်ဆိုင်မှုတွေရှိနေရင် တစ်ယောက်နဲ့ တစ်ယောက် ညှိုနှိုင်းဆွေးနွေးကြဖို့ လိုမှာပါ။ အဲလိုမှ မဟုတ်ရင်တော့ သင်တို့ နှစ်ယောက် ရှေ့ဆက်ဖို့ အဆင်မပြေနိုင်ပါဘူး။

၄။ သင့်ကို လုံခြုံမှု မပေးနိုင်ဘူးဆိုရင်

တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု မရှိကြဘူး ၊ အပြန်အလှန် အားကိုးမှုတွေမရှိဘူး ၊ ညှိုနှိုင်းဆွေးနွေးမှု တွေမရှိတဲ့နောက်မှာ သင်ဟာလည်း စိတ်ထဲမှာ လုံခြုံမှု ကို ခံစားရမှာ မဟုတ်ပါဘူး။

ဒါပေမယ့် တစ်ယောက်ရင်ခွင်ထဲမှာ တစ်ယောက် မလုံခြုံဘူးဆိုတာ ဘယ်သူ့အပြစ်မှ မဟုတ်ပါဘူး။ သင့်တော်တဲ့ အချစ်ရေး မဖြစ်လာသေးတာပါ။ချစ်သူ နှစ်ဦး ရေရှည်ရှေ့ဆက် နိုင်ဖို့ဆိုရင်၊ အခုဖော်ပြခဲ့တဲ့ အချက်တွေကိုသေချာ ဂရုစိုက် ပြောင်းလဲ သင့်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိရှိ ချစ်နေမယ်ဆိုရင် ပြည့်စုံကောင်းမွန်တဲ့ အချစ်ရေး တစ်ခုကို ပိုင်ဆိုင် လာမှာ သေချာပါတယ်။

Credit – loveshopmyanmar