Local News
အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ရေဒီယို NUG ဖမ်းယူနားဆင်နည်း
အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ရေဒီယို NUG ဖမ်းယူနားဆင်နည်းအောက်တွင်ပုံနှင့်တကွ ပြထားပါသည်။ယနေ့မှာစတင်ထုတ်လွှင့်နေပြီဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ရေဒီယို NUG ဖမ်းယူနားဆင်နည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ပြည်သူလူထုနဲ့ အဆက်အသွယ်မပြတ်ရှိနေစေဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ က Radio ထုတ်လွှင့်ရန်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယနေ့မှစ၍ မြန်မာစံတော်ချိန် မနက် ၈နာရီ တစ်ကြိမ် ည၈နာရီ တစ်ကြိမ် စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
Radio NUG အစီအစဉ်ကို လှိုင်းတိုမီတာ ၁၆ / မက်ဂါဟဇ် ၁၇ဒသမ ၇၁ မှာ ဖမ်းယူကြည့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်တာကြောင့်သက် ဆိုင်ရာ တိုင်းနှင့်ပြည်နယ် မြို့နယ်အလိုက် အဆင်ပြေမပြေ နားထောင်ပြီး အသံဖမ်းယူပေးပို့ပေးခြင်းဖြင့် ကူညီပေးစေချင်ပါတယ်။နေ့စဉ် မနက် ၈ နာရီ နဲ့ ည ၈ နာရီ တိုင်းမှာ(မိနစ်၃၀)စာ တနေ့ကို နှစ်ကြိမ် ထုတ်လွင့်သွားမှာဖြစ်ပါတယ်။ ရေဒီယိုကတော့ 10 Band Digital Radio ဆိုရင်ရပါပြီ အိမ်တိုင်း တစ်လုံးစီ ဝယ်ထားကြဖို့လဲ တိုက်တွန်းပါတယ်။
RadioNUG
Credit
Zawgyi
Credit