Knowledge

Single နဲ့ Relationship ကြား မတူညီတဲ့ အားသာချက်၊ အားနည်းချက်များ

Single နဲ့ Relationship ကြား မတူညီတဲ့ အားသာချက်၊ အားနည်းချက်များ

လူတိုင်းမှာ ကိုယ်ပိုင်ခံယူချက်တွေနဲ့ ကိုယ်ပိုင်မှန်ကန်မှုတွေဆိုတာ ရှိတတ်ကြပါတယ်။ ဒီတော့ ကိုယ်နဲ့ရွေးချယ်မှု မတူညီတိုင်း အဲဒီ့လူကို မှားယွင်းနေတယ်လို့ ပြောလို့မရပါဘူးနော်။ဒီတစ်ခေါက်မှာတော့ single ဖြစ်ရတဲ့ အားသာချက်၊ အားနည်းချက်တွေနဲ့ relationship တစ်ခုမှာရှိနေတဲ့ အားသာချက်၊ အားနည်းချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Single တွေအများစုက တစ်စုံတစ်ယောက်နဲ့ relationship ချိတ်ရမှာကို မကြိုက်တတ်ကြဘူးလို့ဆိုရမှာဖြစ်ပြီးတစ်ယောက်ယောက်ကို ချစ်ဖို့ အတော်လေး စဉ်းစားနေတတ်ကြသူတွေပါ။

သူတို့တွေရဲ့ ဘဝကို တစ်ခြားသူ ဝင်ရောက်စွက်ဖက်မှာကို မလိုလားကြသလို ရည်မှန်းချက်ကြီးမားသူတွေလည်း ဖြစ်ကြပါတယ်။သူတို့တွေက သူတို့ရဲ့ ကိုယ်ပိုင်ဘဝလေးကို ပိုချစ်မြတ်နိုးကြသူတွေဖြစ်ပြီး နှလုံးသားနဲ့ ဦးနှောက်ကို အချိုးကျ ထည့်စဉ်းစားတတ်ကြ သူတွေပါ။နောက်ပြီး သူတို့တွေဟာ မိသားစု၊ ညီအစ်ကိုမောင်နှမ၊

သူငယ်ချင်း စတဲ့သူတွေကိုသာ ပိုသံယောဇာဉ်ကြီးတတ်ကြသလိုဘယ်အချိန် ဘယ်လိုနေရာမျိုးမှာမဆို ကိုယ်သဘောကျတဲ့ သူတွေကိုလည်း ရေလာမြောင်းပေးလုပ်နိုင်ကြပါတယ်။

Relationship ရဲ့အဓိပ္ပါယ်က တည်မြဲမှုနဲ့ ထောက်ပံ့ပေးမှုတွေကို ဖော်ပြထားတတ်ကြတာ ဖြစ်ပါတယ်။တစ်ယောက်နဲ့ တစ်ယောက် စိတ်ဓာတ်ခွန်အားတွေကို ဘေးနားက ထောက်ပံ့ပေးနိုင်သလို ဘယ်အချိန်မျိုးမှာမဆို အထီးကျန်ခြင်းကို မခံစားကြရပါဘူး။ချစ်သူတွေက အချစ်၊ နီးစပ်မှု၊ ဂရုစိုက်မှု၊ ပျော်ရွှင်မှုတွေရှိပြီး ပိုကျန်းမာကြတယ်လို့လည်း ဆိုထားပါတယ်။လူတိုင်းက အချစ်ဆိုတဲ့ အရာကို မရှောင်နိုင်ကြသလို အချစ်တိုင်းက နာကျင်မှုပေးတာမျိုးလည်း မဟုတ်ပါဘူး။အချစ်က ခံစားချက်ကို ကောင်းမွန်စေပြီး လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲစေနိုင်ပါတယ်။

Single ဖြစ်ရတဲ့ အားသာချက်က စိတ်ဖိစီးမှုတွေနည်းတယ်၊ ဖန်တီးနိုင်စွမ်းတွေ ပိုမြှင့်တယ်၊ အမှီအခိုကင်းကင်းရပ်တည်နိုင်တယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိတယ်။

နောက်ပြီး သူတို့ရဲ့ ခံစာချက်တွေဟာ အမြဲတမ်း လတ်ဆတ်နေတယ်၊ လူတွေရဲ့ စကားတွေကြောင့် မဖြစ်မနေ လက်ထပ်ရတာမျိုး မလုပ်တတ်ကြပဲ သူတို့ဘဝကို သူတို့စိတ်ကြိုက်ပုံဖော်ထုဆစ်တယ်။ ဒါဟာ single တွေမှာရှိနေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။Relationship တွေက တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတွေ၊ ထောက်ပံ့ပေးမှုတွေနဲ့ ဘဝကို လှလှပပ တည်ဆောက်တယ်။ဘဝမှာ ကိုယ်ချစ်ရသူကို ကိုယ့်ဘေးနားမှာ ရှိစေပြီး ကြည်နူးမှု အမှတ်တရလေးတွေကို ဖန်တီးကြသလို အချစ်တွေနဲ့ မွမ်းမံကြတယ်။

ဘယ်သူတွေ ဘယ်လောက်ပဲ ကြားဝင်နှောင့်ယှက်ရင်တောင် သူတို့ရဲ့ အချစ်တွေက ခိုင်မာစွာ ရပ်တည်တတ်ကြတာက စစ်မှန်တဲ့ relationship ရှိတဲ့သူတွေသာ နားလည်နိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။

Khin

Zawgyi

Single နဲ႔ Relationship ၾကား မတူညီတဲ့ အားသာခ်က္၊ အားနည္းခ်က္မ်ား

လူတိုင္းမွာ ကိုယ္ပိုင္ခံယူခ်က္ေတြနဲ႔ ကိုယ္ပိုင္မွန္ကန္မႈေတြဆုိတာ ႐ွိတတ္ၾကပါတယ္။ ဒီေတာ့ ကိုယ္နဲ႔ေ႐ြးခ်ယ္မႈ မတူညီတုိင္း အဲဒီ့လူကို မွားယြင္းေနတယ္လုိ႔ ေျပာလို႔မရပါဘူးေနာ္။ဒီတစ္ေခါက္မွာေတာ့ single ျဖစ္ရတဲ့ အားသာခ်က္္၊ အားနည္းခ်က္ေတြနဲ႔ relationship တစ္ခုမွာ႐ွိေနတဲ့ အားသာခ်က္၊ အားနည္းခ်က္ေလးေတြကို ေဖာ္ျပေပးလုိက္ပါတယ္

Single ေတြအမ်ားစုက တစ္စံုတစ္္ေယာက္နဲ႔ relationship ခ်ိတ္ရမွာကို မႀကိဳက္တတ္ၾကဘူးလို႔ဆုိရမွာျဖစ္ၿပီးတစ္ေယာက္ေယာက္ကို ခ်စ္ဖုိ႔ အေတာ္ေလး စဥ္္းစားေနတတ္ၾကသူေတြပါ

သူတို႔ေတြရဲ႕ ဘဝကို တစ္ျခားသူ ဝင္ေရာက္စြက္ဖက္မွာကို မလုိလားၾကသလုိ ရည္မွန္းခ်က္ႀကီးမားသူေတြလည္း ျဖစ္ၾကပါတယ္။သူတို႔ေတြက သူတို႔ရဲ႕ ကိုယ္ပိုင္ဘဝေလးကို ပိုခ်စ္ျမတ္ႏုိးၾကသူေတြျဖစ္ၿပီး ႏွလံုးသားနဲ႔ ဦးေႏွာက္္ကို အခ်ိဳးက် ထည့္စဥ္းစားတတ္ၾက သူေတြပါ။ေ

နာက္ၿပီး သူတို႔ေတြဟာ မိသားစု၊ ညီအစ္ကိုေမာင္ႏွမ၊ သူငယ္ခ်င္း စတဲ့သူေတြကိုသာ ပိုသံေယာဇာဥ္ႀကီးတတ္ၾကသလိုဘယ္အခ်ိန္ ဘယ္လုိေနရာမ်ိဳးမွာမဆုိ ကိုယ္သေဘာက်တဲ့ သူေတြကိုလည္း ေရလာေျမာင္းေပးလုပ္ႏုိင္ၾကပါတယ္။

Relationship ရဲ႕အဓိပၸါယ္က တည္ျမဲမႈနဲ႔ ေထာက္ပံ႔ေပးမႈေတြကို ေဖာ္ျပထားတတ္ၾကတာ ျဖစ္ပါတယ္။တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္ဓာတ္ခြန္အားေတြကို ေဘးနားက ေထာက္ပံ႔ေပးႏိုင္သလုိ ဘယ္အခ်ိန္မ်ိဳးမွာမဆို အထီးက်န္ျခင္းကို မခံစားၾကရပါဘူး။ခ်စ္သူေတြက အခ်စ္၊ နီးစပ္မႈ၊ ဂ႐ုစိုက္မႈ၊ ေပ်ာ္႐ႊင္မႈေတြ႐ွိၿပီး ပိုက်န္းမာၾကတယ္လုိ႔လည္း ဆုိထားပါတယ္။လူတုိင္းက အခ်စ္ဆိုတဲ့ အရာကို မေ႐ွာင္ႏုိင္ၾကသလုိ အခ်စ္တိုင္းက နာက်င္မႈေပးတာမ်ိဳးလည္း မဟုတ္ပါဘူး။အခ်စ္က ခံစားခ်က္ကို ေကာင္းမြန္ေစၿပီး လူတစ္ေယာက္ရဲ႕ ဘဝကို ေျပာင္းလဲေစႏုိင္ပါတယ္။

Single ျဖစ္္ရတဲ့ အားသာခ်က္က စိတ္ဖိစီးမႈေတြနည္းတယ္၊ ဖန္တီးႏုိ္င္စြမ္းေတြ ပိုျမွင့္တယ္၊ အမွီအခုိကင္းကင္းရပ္တည္ႏုိင္တယ္၊ ကိုယ့္ကိုယ္ကို ယံုၾကည္မႈပို႐ွိတယ္။ေ

နာက္္ၿပီး သူတို႔ရဲ႕ ခံစာခ်က္ေတြဟာ အျမဲတမ္း လတ္ဆတ္ေနတယ္၊ လူေတြရဲ႕ စကားေတြေၾကာင့္ မျဖစ္မေန လက္ထပ္ရတာမ်ိဳး မလုပ္တတ္ၾကပဲ သူတို႔ဘဝကို သူတို႔စိတ္ႀကိဳက္ပံုေဖာ္ထုဆစ္တယ္။ ဒါဟာ single ေတြမွာ႐ွိေနတဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။Relationship ေတြက တစ္ေယာက္နဲ႔ တစ္ေယာက္ ယံုၾကည္မႈေတြ၊ ေထာက္ပံ႔ေပးမႈေတြနဲ႔ ဘဝကို လွလွပပ တည္ေဆာက္တယ္။ဘဝမွာ ကိုယ္ခ်စ္္ရသူကို ကိုယ့္ေဘးနားမွာ ႐ွိေစၿပီး ၾကည္ႏူးမႈ အမွတ္တရေလးေတြကို ဖန္တီးၾကသလုိ အခ်စ္ေတြနဲ႔ မြမ္းမံၾကတယ္။

ဘယ္သူေတြ ဘယ္ေလာက္ပဲ ၾကားဝင္ေႏွာင့္ယွက္္ရင္ေတာင္ သူတို႔ရဲ႕ အခ်စ္ေတြက ခုိင္မာစြြာ ရပ္္တည္တတ္္ၾကတာက စစ္မွန္တဲ့ relationship ႐ွိတဲဲ့သူေတြသာ နားလည္ႏုိင္တဲ့ အခ်က္္ေတြ ျဖစ္ပါတယ္။

Khin