Local News

ပြည်သူ့မျက်နှာကိုကြည့်ပြီး စစ်ပြေးလုပ်ခဲ့တာကြောင့် ဖခင်ရဲ့နောက်ဆုံးအချိန်မှာတောင် ပြုစုခွင့်မရလိုက်လို့ ဝမ်းနည်းနာကျင်နေတဲ့ ဆေးဗိုလ်ကြီး

ဖေဖော်ဝါရီလ၁ရက်နေ့ကတည်းကစတင်ခဲ့တဲ့ပြည်တွင်းရေးအခြေအနေမှာဆိုရင်သေဆုံးသူတွေလည်းအများအပြားရှိခဲ့သလိုယနေ့အချိန်ထိမလွတ်မြောက်သေးဘဲဖမ်းဆီးခံထားရသူတွေလည်းရှိနေဆဲဖြစ်ပါတယ်

လက်ရှိအခြေအနေကိုဆန့်ကျင်ဖို့အတွက်ဝန်ထမ်းတချို့ကလည်CDMလုပ်ပြီးတတ်နိုင်တဲ့ဝန်ကိုထမ်းခဲ့တာဖြစ်ပါတယ်စစ်တပ်နဲ့ရဲတပ်ဖွဲ့ကဝန်ထမ်းတချို့ကလည်းပြည်သူတွေနဲ့ပူးပေါင်းပြီးတစ်စိတ်တစ်ဝမ်းတည်းရပ်တည်ခဲ့တာကို ကြားသိခဲ့ရပါတယ်တပ်မတော်ကဆေးဗိုလ်ကြီးတစ်ယောက်ကလည်းပြည်သူ့မျက်နှာကိုကြည့်ပြီး တစ်သားတည်းရပ်တည်ခဲ့လို့စစ်ပြေးလုပ်ခဲ့တာဖြစ်ပါတယ်။

အခုဆိုရင်တော့သူ့ရဲ့ဖခင်က ဆုံးပါးသွားတာဖြစ်ပြီးနောက်ဆုံးထွက်သက်အချိန်မှာတောင် အနားမှာမရှိပေးခဲ့နိုင်တာဖြစ်ပါတယ်။စစ်ပြေးဖြစ်နေချိန်မှာ ဖခင်အတွက် ဘာမှမလုပ်ပေးနိုင်ခဲ့ဘဲမိသားစုကိုထိခိုက်မှာစိုးရိမ်လို့တောင် ဖုန်းမဆက်ခဲ့တာဖြစ်ပါတယ်။သူကတော့ စစ်တပ်ထဲမှာ (၁၆)နှစ်နေခဲ့ပေမယ့်အခုချိန်မှာ ပြည်သူတွေကိုငဲ့ညှာပြီးတစ်သားတည်းရှိနေပေးခဲ့တာဖြစ်ပါတယ်။

ဖခင်ရဲ့နောက်ဆုံးအချိန်မှာ သူတတ်တဲ့ပညာနဲ့ပြုစုခွင့်မရလိုက်လို့ ပိုပြီးခံစားနာကျင်နေရတာပဲဖြစ်ပါတယ်။သားတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို မကျေပွန်လိုက်တဲ့အတွက် အဖေခွင့်လွှတ်ပါစေဆိုပြီးသူရဲ့ခံစားချက်ကိုရေးသားလာတာဖြစ်ပါတယ်။ပြည်သူတွေနဲ့အတူရပ်တည်ပေးခဲ့တဲ့ ဆေးဗိုလ်ကြီးရဲ့စိတ်ဓာတ်ကို ပြည်သူတွေကလည်း လေးစားကြပြီး ဖခင်ဆုံးရှုံးလိုက်ရတဲ့အတွက် ထပ်တူဝမ်းနည်းနေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit

Zawgyi