Knowledge

သင့် ဆံပင် လေး အနံ့အသက် ကောင်းစေချင်ရင်…

ဆံပင်ကအနံ့ဆိုးတွေထွက်နေမယ်ဆိုရင် ပတ်ဝန်းကျင်ကသူတွေကိုအနှောင့်အယှက်ဖြစ်စေ၍နှာခေါင်းရှုံ့ခံရရုံသာမက၊ မိမိ ကိုယ်ကို ယုံကြည်မှုလျော့ပါးလာစေနိုင်ပါတယ်။ဦးရေပြားမှိုစွဲခြင်း၊ ဗောက်ထခြင်း၊

ခေါင်းချွေးပြန်ခြင်း၊ ဦးရေပြားအဆီထွက်လေ့ရှိသူတွေမှာဆံပင်အနံ့အသက်ဆိုးရွားကြသလို၊ ညှော်နံ့ပြင်းပြင်းချက်ပြုတ်ကြော်လှော်ရသူတွေနှင့်မီးခိုးမှိုင်း (သို့ မဟုတ်)စီးကရက်မီးခိုးေငွ့ေတွကြောင့်လည်းဆံပင်မှာအနံ့စွဲကျန်ရစ်စေပါတယ်။ဒီလိုအနံ့ဆိုးတွေဖယ်ရှားနိုင်ဖို့အတွက်အောက်ပါနည်းလမ်းကောင်းတွေကအထောက်အကူဖြစ်ေစပါလိမ့်မယ်။

(၁) ခေါင်းလျှော်တဲ့အခါ၊ ရှမ်ပူတွေကို အလွန်အကျွံမသုံးပါနှင့်။ မိမိဆံပင် တို-ရှည်အတွက် သင့်တင့်တဲ့ပမာဏမျှသာလောက်င အောင်သုံးပါ။ လျှာ်ပြီးတဲ့အခါမှာလည်း၊ ခေါင်းပေါ်ကရှမ်ပူမွှေးနံ့တွေပျောက်တဲ့အထိ ရေများများလောင်းချပ

အကယ်၍ရှမ်ပူတွေမစင်ပါက၊ ခေါင်းလျှော်ပြီး ၂-ရက်ခန့်ကြာတဲ့အခါဦးရေပြားကထွက်လာတဲ့ ချွေး၊ အဆီများ နှင့်ရှမ်ပူအကြွင်းအကျန် တွေဓာတ်ပြုပြီးတော့ဆံပင်အနံ့အသက်ဆိုးများထွက်လာနိုင်ပါတယ(၂) ခေါင်းလျှော်တဲ့အခါတိုင်း၊ ပုံမှန်ရေအေးဖြင့်သာလျှော်ပေးပါ။

ပူနွေးတဲ့ရေတွေကဆံပင်သားအတွင်း ထဲကိုဖောက်ဝင်တာ ကြောင့်ဆံသားကအလိုလိုထိခိုက်လွယ်လာပြီး၊ ပတ်ဝန်းကျင်မှာရှိတဲ့ တော်ရုံတန်ရုံညှော်နံ့မျိုးကိုပင်အလွယ်တကူစုပ်ယူပစ်နိုင်တာကြောင့်အနံ့ဆိုးတွေဖြစ်လာစေပါတယ်။

(၃) လိမ္မော်သီးလတ်လတ်ဆတ်ဆတ်ကိုအရည်ညှစ်ပြီးတော့၊ လိမ္မော်ရည် ၁-ဆရိုးရိုးရေအေး ၃-ဆ ပမာဏအချိုးအစား ရအောင် လိမ္မော်ရည်ဖျော်ပါ။

ထိုလိမ္မော်ရည်ဖြင့်တခေါင်းလုံးအနှံ့လိမ်းကျံပြီးနောက်၊ ၁-မိနစ်မျှကြာတဲ့အခါပုံမှန်သုံးနေကျရှမ်ပူဖြင့်ခေါင်းလျှော်ပေးလိုက်ရုံပါဘဲ။(သို့မဟုတ်) လိမ္မော်သီးဖြင့်ဖော်စပ်ထားတဲ့ရှမ်ပူအမျိုးအစားကိုရွေးချယ်သုံးစွဲပါ။ (လိမ္မော်သီးတွေကဆံပင်မှာစွဲနေတဲ့အန ံ့ ဆိုးတွေကိုဖယ်ရှားပေးနိုင်ရုံသာမက၊ ဆံပင်သားများကိုပါသန်စွမ်းလာစေနိုင်ပါတယ်)

(၄) ခရမ်းချဉ်သီးလေးတွေကလည်းဆံပင်အနံ့ဆိုးရွားမှုကိုဖယ်ရှားပေးနိုင်တဲ့အကောင်းဆုံးသဘာ၀သီးနှံတမျိုးပါဘဲ

လတ်လတ်ဆတ်ဆတ်ခရမ်းချဉ်သီးအမှည့်တွေကိုဖျော်ရည်စက်ထဲကျိတ်ချေပြီးနောက်ဆံပင်အားလုံးနှင့် ဦးရေပြားပါမကျန်ထို ခရမ်းချဉ်သီးဖျော်ရည်အနှစ်များဖြင့်လိမ်းကျံပေးပါ။

၁၅-မိနစ်လောက်အကြာမှာမိမိလျှော်နေကျ ရှမ်ပူကိုရေအေးသုံး၍ခေါင်းလျှော်ပေးလိုက်ပါ။ (ကိုင်းခရမ်းချဉ်သီး၊ရိုးရိုးခရမ်းချဉ်သီးမည်သည့်အမျိုးအစားကိုမဆိုသုံးနိုင်ပါတယ်)(၅) Apple Cider Vinegar (ခေါ်) ပန်းသီးရှာလကာရည်ကိုလည်းဆံပင်အနံ့အသက်ေကာင်းစေဖို့အတွက်ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ပါတယ်။ ပန်းသီးရှာလကာရည် ၁-ဆ ရိုးရိုးရေအေး ၅-ဆမျှရောစပ်ပြီးနောက်တခေါင်းလုံးအနှံ့လိမ်းကျံပါ။

ခေါင်းပေါ်မှာ အဲဒီရှာလကာဆေးရည်တွေ ခြောက်သွေ့သွားတဲ့အထိစောင့်ပြီးမှ ရေအေးလောင်းချပါ။ ပြီးရင် ပုံမှန်လျော်နေကျ ခေါင်းလျှော် ရည်သုံး၍ လျှော်ချလိုက်ပါ။

(အာနိသင် ထက်မြ က်ေ စဖို့အတွက် ရှာလာကာဆေးရည်တွေ ခေါင်းပေါ်ခြောက်အောင်ထားပေး ဖို့ လို အပ် တာကြောင့်၊မိမိဆံပင်အတွက်လုံလောက်ရုံပမာဏမျှသာ ဆေးရည်ဖျော်စပ်ပါ။သို့မဟုတ်ပါက ဆေးရည်တွေခေါင်းပေါ်မှာ ခြောက်တဲ့အထိ ထားရတာကြောင့် အအေးမိ/နှာစေး ဖြစ်လာစေနိုင်ပါတယ်။) ( Apple Cider Vinegar ပုလင်းတွေကို City Mart ဆိုင်းတိုင်းမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်)

Credit

Zawgyi













Credit