Knowledge

အဆီပြန်တတ်တဲ့အသားအရေအတွက် သခွားသီးနဲ့ပေါင်းတင်နည်း …

အဆီပြန်တတ်တဲ့အသားအရေအတွက် သခွားသီးနဲ့ပေါင်းတင်နည်းမျက်နှာအဆီပြန်တတ်တယ်။ချွေးပေါက်တွေ ကျယ်နေလို့ စိတ်ညစ်နေတဲ့ သူတွေအတွက် နည်းလမ်းကောင်းကို မျှဝေ ပေးသွားမယ်နော်။

အဆီပြန်တတ်တဲ့ သူတွေကြုံတွေ့နေရတဲ့ပြဿနာတွေကိုအမြန်ဆုံးဖြေရှင်းနိုင်ဖို့အတွကရည်ရွယ်ပါတယ်။နွေရာသီမှာ နေလောင်ထားတဲ့ အသားအရေကို ပြုပြင်ပေးဖို့ နဲ့ အမည်းစက်တွေကိုလည်း သက်သာစေပါတယ်။ပါဝင်ပစ္စည်းသခြားသီး

ရှားစောင်းလက်ပက်အနှစ်

အုန်းဆီ (သို့) အဆီတမျိုးမျိုး

ပြုလုပ်နည်း

သခွားသီး အနေတော် တစ်လုံးကို ယူလိုက်ပါ။ ပြီးရင် အခွံနွှာပြီး သခွားသီးကို ခြစ်ချပေးလိုက်ပါ။ဒုတိယအဆင့် အနေနဲ့ အုန်းဆီထည့်လိုက်ပါ။ အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းဖြစ်ပါတယ်။ (မျက်နှာ အဆီ ပြန်တတ်ရင် နည်းနည်းပဲ ထည့်ပါ)။တတိယအဆင့် အနေနဲ့ ရှားစောင်းလက်ပက် အနှစ်ကို ထည့်ပေးရပါမယ်။ ရှားစောင်းလက်ပက်ဟာ သင့်အသားအရေကို နူးညံ့စိုပြေစေမှာဖြစ်ပါတယ်။

ပြီးရင် သေချာ မွှေပေးလိုက်ပြီး မျက်နှာနဲ့ လည်ပင်းကို လိမ်းပေးပါ။ ၅ မိနစ်ကနေ ၁၀ မိနစ်ထိ ထားပြီး ရေဆေးချပါ။နေလောင်ထားလို့ ညိုမည်းနေတဲ့ အသားအရေကိုပြန်ပြီး ပြုပြင်ပေးသလို၊ သင့်အသားအရေကို ​လန်းဆန်း စိုပြေစေမှာ ဖြစ်ပါတယ်။မျက်အိတ် ဖောင်းတာ၊ မျက်ကွင်း ညိုတာမျိုးလည်း မရှိတော့ပါဘူး။

Credit

Zawgyi








Credit