Local News

စပါးခင်းတွေကို ခံစားချက် စကားလုံးတွေအဖြစ် ခက်ခက်ခဲခဲ ပုံဖော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ခင်ဦးမြို့နယ်က ဒေသခံများ

အာဏာရှင်လူတစ်စုရဲ့ ဆိုးဝါး လာတဲ့ အခြေအနေ အရပ်ရပ်ကြောင့် နေရာအနှံ့အပြား မှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံက တတက်ညီလက်ညီနဲ့လူထုလှုပ်ရှားမှုတွေကို အရင်ကထက် ပိုမို လုပ်ဆောင်နေကြ ပါတယ်စစ်မှန်တဲ့ ဒီမိုကရေစီကိုသာ ရရှိ ခံစားလိုပြီး တောက်ပတဲ့ အနာဂတ်တွေကို လိုချင်မိတာကြောင့် လူငယ်တွေကလည်း အသက်တွေကို ရင်းကာ ဒီတော်လှန်ရေးကြီးမှာ ပါဝင်နေကြတာလည်းဖြစ်ပါတယ်

ခုချိန်မှာ ပြည်သူအားလုံးက ပန်းတိုင်တစ်ခုတည်းကို ဦးတည်ကာ လျှောက်လှမ်းနေကြသူတွေမို့ ကိုယ်လုပ်နိုင်တဲ့ နေရာကနေ လုပ်နိုင်တာ မှန်သမျှ ဆောင်ရွက်ေနၾကတာပါခုခံတိုက်ခိုက်နိုင်သူတွေကလည်း ဆုံးရှုံးမှုတွေကို မကြည့်ဘဲ အရာရာ စွန့်လွှတ်ကာ လွတ်မြောက်နယ်မြေတွေကို သွားကာ စစ်ပညာသင်ကြားနေကြပါတယ်

လမ်းပေါ် ထွက်နိုင်သူတွေကလည်း လုံခြုံရေးတွေ အတားအဆီး တွေကို မမှုဘဲ ရရင်ရသလို လူအင်အား နည်းနည်းနဲ့ပဲ ပြောက်ကျား သပိတ်တွေကို လှုပ်ရှားနေကြတာ အခုချိန် အထိပါပဲမနေ့ကဆိုရင်လည်း စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်က ဒေသခံ ပြည်သူတွေ စုပေါင်းပြီး ပျိုးနှုတ် သပိတ်ကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်အစိုးရအသစ် NUG ကိုထောက်ခံကြောင်း

စတဲ့ စာသားတွေနဲ့ စပါးခင်းတွေကို ခက်ခက်ခဲခဲ ပုံဖော်ထားတာကို တွေ့ရပါတယ် ။ ပုံတွေကြည့်ပြီး လေးစားလွန်းတာကြောင့် ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်

Credit

Zawgyi





Credit