Local News

အောင်-ကြူကြူ ဇာတ်အဖွဲ့၏ ဟဒယ ရွှင်ဆေး အပတ်စဉ် တက်ဆက်မှု

အောင်-ကြူကြူ ဇာတ်အဖွဲ့၏ ဟဒယ ရွှင်ဆေး အပတ်စဉ် တက်ဆက်မှု

မင်း‌အောင်လှိုင်၏ ပြဿနာကား ၎င်း၏ ဘေးတွင် သူတော်ကောင်း ပညာရှိ ဟူ၍ မရှိ၊ စစ်တပ်နှင့် သံဃာ ညီညွတ်တာ အင်မတန်မှ အားရဖို့ ကောင်းတယ်ဆိုကာ သံဃာများအား ဂိတ်စောင့် အဖြစ် တွန်းပို့နေသော ဘုရားသားတော်ဆိုးကြီးများ၊

သခင်အားရ ကျွန်ပါးဝ ဆိုသလို အကြိုက်တွေ့မည့် စကားများဖြင့် မြှောက်ပင့် ပေးနေကြသူများသာ ဝိုင်းရံနေခြင်း ဖြစ်သည်။ သူကိုယ်တိုင်ကလည်း အသိဉာဏ်ပညာ နည်းသူပီပီ အကြိုက် တွေ့ကာ ပြောချင်ရာများကို ပြောဆိုနေပေသည်ယခုလည်း နေပြည်တော်တွင် မြို့ပတ်ရထားလမ်းများ၊ လျှပ်စစ်ဘတ်စ်ကားလမ်းများ၊ မြေအောက် မီးရထား လမ်းများ တည်ဆောက်ရေး စီမံကြရန် ပြောနေပြန်သည်။ သူ့လို စကားမျိုးက လက်ရှိမြေပြင်

အခြေအနေနှင့် နှိုင်းယှဉ်ပြီး စဉ်းစားဉာဏ် ရှိသူတိုင်း မည်သူမျှ ပါးစပ်က ထွက်ရဲမည့် စကားမျိုး မဟုတ်သည်မှာ သေချာနေ ပေသည်။အပတ်စဉ် ဟဒယ ရွှင်ဆေးများ တိုက်ကြွေးနေလေရော့သလား ထင်မှတ်ရသည်။

နောက်တပတ် ဆိုလျှင် နေပြည်တော်အား ဆီလီကွန်တောင်ကြားကဲ့သို့ နည်းပညာ ဗဟိုချက်မကြီး ဖြစ်အောင် စီစဉ်နေသည်ဟု ပြောဦးမည် ထင်သည်။ကြူ စင်တာကိုပင် အဖြစ်ရှိအောင်စွမ်းဆောင်နိုင်စွမ်း မရှိဘဲ ပြောချင်ရာ ပြောနေသည်များကို တယ်ဟုတ် ပါလား၊ အမြော်အမြင် ကြီးပါပေ့ မျက်နှာထားများ နှင့် လိုက်လံ သရုပ်ဆောင် ပေးနေရသည့် ပြည်သူ့ သစ္စာ ဖောက်များကိုသာ ဝဋ်ကြီးလှချည်ရဲ့ဟု သနားနေမိတော့သည်။

ထိုသို့ အရူးအနှမ်း ပမာ ဖြစ်လာနေသော ခေါင်းဆောင်ကြီး ဆိုသူ အောက်တွင် အမှုမထမ်းလိုတော့၍ နေ့စဉ်နှင့် အမျှ တပ်ကထွက်ပြေးသူ များသထက် များလာပြီး ယခုအခါ တပ်သား ၁,၅၀၀ ခန့်သည် ပြည်သူ

တော်လှန်ရေး တပ်ဖွဲ့များနှင့် ပူးပေါင်းလာကြပြီ ဟူသော အားတက်ဖွယ် သတင်းများလည်း ထွက်ပေါ်လာနေသည်အားလုံးသာ သဘောရှိ လာခွင့်ရမည် ဆိုလျှင် မင်းအောင်လှိုင် နှင့် အလံတိုင်သာ ကျန်တော့မည်ဟုခိုလှုံလာသော အာဏာသိမ်း တပ်ဖွဲ့ဝင်များကို လက်ခံပေးနေသည့် အမှတ် ၅၂၈ ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး လင်းထက်အောင် က မှတ်ချက်ချခဲ့ကြောင်း မြန်မာနောင်းတွင် ဖေါ်ပြထားသည်။

လက်ရှိ အခြေအနေတွင် သာမန် စစ်သား တဦးကပင် စိတ်မထင်လျှင် စိတ်မထင်သလို ပြည်သူများကို ပစ်သတ် နိုင်သည့် အခြေအနေသို့ ဆိုက်ရောက် နေသည်ကို မင်းကင်းမြို့နယ်တွင် ကွမ်းဝါးနေစဉ်

နှာခေါင်းစည်း ဖြုတ် ထားမှု ဖြင့် ရန်ရှာ ပစ်သတ်ခံခဲ့ရသူ အသက် ၃၉ နှစ် အရွယ် ကိုဇော်မျိုးမြင့်က မီးမောင်းထိုးပြသွားခဲ့လေသည်။ထိုကဲ့သို့သော သတင်းမျိုးက တနိုင်ငံလုံးတွင် ဖြစ်ပွားလျှက် ရှိရာ ကုန်စင်အောင်ဖေါ်ပြဖို့ရန် မဖြစ်နိုင်ပေ။ ဗုဒ္ဓဟူးနေ့ နောက်ဆုံး ထုတ်ပြန်သော စာရင်းအရ အာဏာသိမ်း တပ်များ၏ လက်ချက်ကြောင့် သေဆုံးသူ ၁,၀၀၀ တိတိ ရှိသွားခဲ့ပြီ ဖြစ်သည်။NUG ယာယီ သမ္မတ သည် ပြည်သူများကို

နေ့စဉ်လို သတ်ဖြတ်နေသည့် အာဏာသိမ်း အဖွဲ့ကို အပြီးသတ် ချေမှုန်းရန် အရေးတကြီး ပြင်ဆင်နေပြီဟု အစိုးရအဖွဲ့ အစည်းအဝေးတွင် ထုတ်ဖေါ်ပြောကြားလိုက်သည်။ စတင် ထိုးစစ်ဆင်မည့်နေ့ကို

သတ်မှတ်ပြီး ဝန်ကြီးအဖွဲ့၏ အတည်ပြုချက် ယူဖို့သာ ကျန်တော့သည်ဟု ဆိုသည်။ယင်းစီမံချက်နှင့်အညီ အရေးကြီး သတင်းများအား ပြည်သူသို့ အချိန်မီ တင်ပြနိုင်ရန် Radio NUG ကိုလှိုင်းတို မီတာ ၁၆/ မီဂါဟတ်ဇ် ၁၇.၇၁ ဖြင့် မနက် ၈ နာ ရီ နှင့် ည ၈ နာရီ နှစ်ကြိမ် ထုတ်လွှင့်သွားမည်ဟု CRPH က သတင်းထုတ်ပြန်လာသည်။တော်လှန်ရေး ကား နှစ်မကူးတော့သည်မှာ ကြိမ်းသေသည်ထက်

ကြိမ်းသေလာနေပြီ ဖြစ်သည်မနေ့က ပြုလုပ်ခဲ့သော ကုလ လုံခြုံရေး ကောင်စီ အစည်းအဝေးတွင် ထိုအ‌ရေးကို အဓိကထား ဆွေးနွေးခဲ့ကြ သည်။ ဗြိတိန်၏ လက်ထောက် သံအမတ်ကြီး ဂျိမ်း

ကာရီယူကီ မှ ကိုဗစ် ကာကွယ်ဆေး ထိုးနိုင်ရန်အတွက် လက်ရှိ တိုက်ပွဲများကို ရပ်ဆိုင်းပေးရန် တောင်းဆိုလာသည်လက်ရှိ တွင် လူဦးရေ၏ ၃% သာ ကာကွယ်ဆေး ထိုးနိုင်ခဲ့မှုသည် မည်သို့မျှ လက်ခံနိုင်ဖွယ် မရှိဟု ဆိုသည်။မြန်မာ၏ အခြေအနေများသည် ကျန်းမာရေး ကုသစောင့်ရှောက်မှု ပြိုလဲနေမှု နှင့်အတူ ပို၍သာ ဆိုးဝါးလာ နေကြောင်း ကုလ တာဝန်ရှိသူများက တင်ပြခဲ့ကြပြန်သည်။ဤသို့ဖြင့် မည်သည့် ဆုံးဖြတ်ချက်မျှ

မချနိုင်ဘဲ ယခင်လိုပင် အဆုံးသတ်သွားခဲ့ကြပြန်သည်။တက်ရောက်လာသည့် ကိုယ်စားလှယ်များက လူသား တို့ ခံစားနေရသော ဒုက္ခများကို မိမိတို့ တတ်နိုင်သလောက် လက်သီး လက်မောင်းတန်းကာ

ပြောဆို ပေးခဲ့ပြီဟူသော အသိစိတ်ဖြင့် ကျေနပ်အားရစွာ တနေ့တာ အဖို့ အနား ယူသွားကြလေသည်။ဇူလိုင်လ မှ စ၍ ရေတွက်မည်ဆိုလျှင် ကိုဗစ် ပိုး ကူးစက်ခံရ၍ ထင်ရှားသော နိုင်ငံရေး သမားများ၊အနုပညာ ရှင်များ၊ အတတ်ပညာရှင်များ၊ သတင်းစာဆရာ၊ ဗိသုကာ ပညာရှင် နှင့် သမားတော်ကြီးများ စုစုပေါင်း ၁၃၀ ခန့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း RFA က ထုတ်ဖေါ်ရေးသားလာခဲ့သည်။

နိုင်ငံတကာ၏ အသိအမှတ်ပြုမှု ကို ဆာလောင်ငတ်မွတ်စွာ တောင့်တနေသော မင်းအောင်လှိုင် အဖို့က ကိုဗစ် ကူးစက်မှု ကို မသိချင်ယောင်ဆောင်နေလေ နိုင်ငံတကာမှ ဝင်ရောက်ကူညီရန် ၎င်းအား အသိအမှတ် ပြုဖို့

နီးစပ်လေလေ ဆိုသည်ကိုလည်း တွက်ဆထားပြန်သည်။ နိုင်ငံတကာ အနေဖြင့် မည်သို့လုပ် ရမည်ကို အကြပ်ရိုက်နေရသည်။တဖက်တွင်လည်း ကိုဗစ် တတိယလှိုင်းကြီး ပြင်းထန်စွာ ရိုက်ခတ် ခံနေရချိန်တွငလိုအပ်နေသော ဆေးဝါး အကူပစ္စည်းများကို လိုက်လံပိတ်ပင်နေရုံမက ကျန်းမာရေး ဝန်ထမ်း များကိုပင် ပစ်မှတ်ထား တိုက်ခိုက်လာနေသူများအား အကူအညီ ပေးရမည့် အရေးကိုလည်း လက်တွန့်နေ ကြသည်။

လောလောဆယ်တွင်တော့ မင်းအောင်လှိုင် မျှော်လင့်သလို ဖြစ်မလာသေးသည့်အပြင် ပုလင်းတူ ဘူးဆို့ သမား များထဲမှ တယောက်ဖြစ်သော ကမ္ဘောဒီယား ဝန်ကြီးချုပ်သည် သစ်ဥသစ်ဖုများမှ ဆေးထုတ်ရန် ကြံနေသော

၎င်းအား သနားသွား၍လော မသိ၊ ဒေါ်လာ နှစ်သိန်း ကူညီမည်ဟု ပြောလာခဲ့သည်။ ဗီယက်နမ် က ဒေါ်လာ တသိန်း ပေးမည်ဟု ဆိုသည်။တရုတ်၊ ရုရှား နှင့် အိန္ဒိယ လက်နက်ကိုင် တပ်ဖွဲ့များ က စုစုပေါင်း ကာကွယ်ဆေးလေးသိန်းခန့် လှူဒါန်း လာ သည်ကို တွေ့ရသည်။ အဆိုပါ လေးသိန်း တွင် တရုတ်နှင့် အိန္ဒိယ က နှစ်သိန်းစီ နှင့် ရင်ဘတ်တူ မိတ်ဆွေဟု ဆိုသော ရုရှားက ၉၀၀ လှူဒါန်း ခဲ့သည်။ထူးခြားလာသည်က တရုတ် နိုင်ငံခြားရေးဝန်ကြီး

ဝမ်ယီမှ အာဆီယံ အထူး သံတမန် အာဝမ် ယူဆွတ် ထံ ဖုန်းဆက်၍ အချက် (၃) ချက် ကို အကြံဉာဏ်များ ပေးလာခြင်းပင် ဖြစ်သည်။ပထမ အချက် အဖြစ် မြန်မာနိုင်ငံရှိ သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးနှင့်

ကျိုးကြောင်း ဆီလျှော်စွာ လက်တွေ့ကျကျ ထိတွေ့ ဆက်ဆံသွားရန်၊ ဒုတိယ အနေဖြင့် ကိုဗစ်-၁၉ အား ဟန့်တား တိုက်ဖျက်ရေး အတွက် ထိပ်တန်း ဦးစားပေး အနေဖြင့် ကူညီပေးနိုင်မည့် နည်းလမ်းများ ရှာဖွေရန် နှင့် နောက်ဆုံးအဖြစ်မြန်မာပြည်သူ များ၏ အကျိုးသာမက နိုင်ငံတကာ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် အစိုးရမျိုး ပြန်လည် ဖြစ်ပေါ်လာရန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ သွားနိုင်မည့် လမ်းကြောင်းကို

စိတ်ရှည်လက်ရှည်၊ ဇွဲရှိရှိဖြင့် စွဲကိုင်ပြီး ဒီမိုကရေစီ လမ်းကြောင်း ဖေါ်ဆောင်ရန်တို့ ပင် ဖြစ်သည်ဟု ဆင်ဟွာ သတင်းဌာနတွင် ဖေါ်ပြ ထားခြင်းပင် ဖြစ်သည်။ဆင်သေကို ဆိတ်သားရေ နှင့် ဖုံးကာ အာဏာသိမ်းလာခဲ့သည်မှာ ရက် (၂၀၀) ပြည့်သွားခဲ့ပြီ ဖြစ်သည်။

Credit