Local News

ပန်ဆယ်လိုရဲ့ဒလန်လို့စွပ်စွဲချက်များကိုရှင်းလိုက်တဲ့ CDM ဗိုလ်ကြီးညီသုတ

NUG တာဝန်ရှိသူတစ်ဦး ကျနော့်ဆီ ဆက်သွယ်ပါတယ်။ ပန်ဆယ်လိုဟာ NUG မှာ ဘာတာဝန်မှ မယူထားတာကြောင့် သူစွပ်စွဲထားတာဟာ NUG သဘောထားမဟုတ်ကြောင်း

ရှင်းပြပါတယ်။NUG အနေနဲ့ ထွက်လာတဲ့ စစ်သားတွေအပေါ်မှာ ယုံကြည်မှုအပြည့်ရှိပြီး ကြိုးစားဆောင်ရွက်ပေးနေပါတယ်။

NUG ရဲ့ ကြိုးစားမှုတွေထဲမှာဆိုရင် ထွက်လာတဲ့စစ်သားတွေကို တတိယနိုင်ငံကိုခေါ်ဆောင်နိုင်ရေးအတွက်ပါကြိုးစားနေကြောင်း သိရပါတယ်။ကိုဗစ် အခက်အခဲရယ် ၊ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ညှိနိူင်းရဦးမှာဖြစ်တာကြောင့် အာမခံချက်တော့မရသေးပါဘူး။

ဒါပေမဲ့ NUG ဟာ ထွက်လာတဲ့စစ်သားတွေအရေးကိုအလေးထားကြိုးစားနေတာ အသေအချာပါ။NUG နဲ့ ပြည်သူ့စစ်သားတွေကြားမှာ ဘာမှသွေးကွဲစရာမရှိပါဘူး။

နောင်မှာ NUG နာမည်ဌားသုံးသူများ သတိပြုပါရန်။ ပြည်သူ့စစ်သားတွေနဲ့ ပြည်သူတွေ အတူတကွ ရှေ့ဆက်လျှောက်ကြပါမယ်။စိတ်အနှောက်အယှက်ပေးမိရင် တောင်းပန်ပါတယ်။ ကျနော်တို့ ဂုဏ်သိက္ခာအရ ပြန်လည်ရှင်းလင်းဖို့လိုတာကြောင့်ပါခင်ဗျာ။စကစဘက်ကနေ

စောင့်ကြည့်နေတဲ့သူတွေလည်း ငါတို့သွေးကွဲပြီဆိုပြီး ပျော်မနေနဲ့ဦး။ပြည်သူနဲ့ ပြည်သူ့စစ်သားတွေကြား အတူတကွ လက်တွဲသွားမှာမလို့ မင်းတို့မျှော်လင့်သလို

ဖြစ်လာမှာမဟုတ်ပါဘူး။ပန်ဆယ်လိုကိုလည်း တော်လှန်ရေးမှာပါဝင်သူအနေနဲ့ပဲ လက်ခံထားပါတယ်။အချို့ သွေးထိုးသလို ဒလန်ဆိုတာမျိုးမဟုတ်ပါဘူး။Personal နဲ့ Professional ခွဲမပြောတာ၊ သိမ်းကြုံးပြောတာကြောင့် ကျနော့်ကိုလာမေးသူတွေရှိတယ်။

အထင်မှားသူတွေရှိတယ်။ ဒါကြောင့် ကျနော့်ဂုဏ်သိက္ခာအတွက် ပြန်ဖြေရှင်းတာပါ။

Credit

Zawgyi





Credit