Knowledge

စိတ်ဓာတ်ကြံ့ခိုင်တဲ့ Strong girl လေးတွေရဲ့ အချစ်နဲ့ပတ်သက်တဲ့ခံယူချက် (၅)မျိုး

စိတ်ဓာတ်ကြံ့ခိုင်တဲ့ Strong girl လေးတွေရဲ့ အချစ်နဲ့ပတ်သက်တဲ့ခံယူချက် (၅)မျိုး

စိတ်ဓာတ်ကြံ့ခိုင်တဲ့မိန်းကလေးတစ်ယောက်က အမှီအခိုကင်းပြီး လွတ်လပ်တယ်၊ ကိုယ်ဘာလိုချင်လဲသေချာသိတယ်၊ ကိုယ့်အတွက် တစ်ယောက်ယောက်ကို ဝန်ထုပ်ဝန်ပိုးဖြစ်မိမှာမျိုးမလိုလားဘူး၊အခက်အခဲနဲ့တွေ့ရင် လွယ်လွယ်လက်မလျှော့ဘဲ ကျော်ဖြတ်နိုင်အောင် ကြိုးစားတတ်တယ်၊ ပြီးတော့ လောကကြီးထဲမှာ ရှားပါးတဲ့ မိန်းကလေးမျိုးလည်းဖြစ်ပါတယ်။ဒီတော့ ဒီလိုမိန်းကလေးမျိုးကို ချစ်မိသွားရင်၊ ချစ်သူဖြစ်သွားတယ်ဆိုရင် ဒီအချက်လေးတွေကို သိထားဖို့တော့လိုပါတယ်။

(၁) တွယ်ကပ်နေမယ့်သူမဟုတ်ဘူး

စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းကလေးတစ်ယောက်က အမှီအခိုကင်းတဲ့ ပုံစံမျိုးနေတတ်တာကြောင့် သူ့ကို တန်ဖိုးမထားဘူး၊ အလေးအနက်မထားဘူးဆိုရင် အဲ့ဒီလူအနားမှာ အပင်ပန်းခံပြီး တွယ်ကပ်နေမယ့်သူမျိုးမဟုတ်ပါဘူး။ အေးအေးဆေးဆေး ကျောခိုင်းသွားမှာပါ။(၂) ဂရုစိုက်ပေးဖို့တောင်းဆိုနေမှာမဟုတ်ဘူး

ကိုယ့်ကို ချစ်တဲ့သူရဲ့ အလိုက်တသိ ဂရုစိုက်ပေးတာမျိုးကိုပဲ လိုချင်တာပါ၊ တောင်းဆိုမှရမယ့် ဂရုစိုက်မှုတွေကို မလိုချင်တဲ့သူမျိုးဖြစ်ပါတယ်။ဒါကြောင့် ကိုယ့်ကို ဂရုစိုက်ပေးဖို့အတွက် တကူးတကတောင်းဆိုနေမှာမဟုတ်ပါဘူး။

(၃) ကိုယ်တိုင်ဖြေရှင်းတတ်တယ်

ဒီလိုမိန်းကလေးတွေက အဆင်မပြေမှုတွေ ကြုံတွေ့လာတဲ့အခါ ကိုယ်တိုင်အချိန်ယူဖြေရှင်းတတ်ပြီး ကိုယ့်ရဲ့ အဆင်မပြေမှုတွေအတွက် တစ်ဖက်သားကို ဝန်ပိစေတာမျိုးမရှိတာကြောင့် သင့်အနေနဲ့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ strong girl လေးတစ်ယောက်နဲ့ ချစ်သူတွေဖြစ်နေတယ်ဆိုရင် ရှိသမျှပြဿနာတွေ လိုက်ရှင်းနေရတာမျိုးလည်း ရှိမှာမဟုတ်ပါဘူး။

(၄) လိမ်နေတာကို ချက်ချင်းသိတယ်

Strong girl လေးတွေဟာ ဉာဏ်ရည်လည်း ထက်မြက်ကြတာကြောင့် ကွက်ကျော်မြင်တတ်တဲ့ အကျင့်လေးလည်းရှိပါတယ်။ကိုယ့်ကိုပြောလာတဲ့စကားတစ်ခွန်းရဲ့နောက်ကွယ်က အဓိပ္ပါယ်ကို တန်းမြင်နေတာမျိုး၊ ကိုယ့်ကို လိမ်နေတာကို တန်းသိနေတာမျိုးပါ။ ဒါကြောင့် သွားပြီးဘတ်လို့တော့ မရဘူးနော်။(၅) ပြီးပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ဖို့ ဖိအားပေးမှာမဟုတ်ဘူး

သင့်ရဲ့ နဂိုရှိရင်းစွဲပုံစံအတိုင်း ချစ်နိုင်တဲ့သူဆိုတာ ဒီလိုမိန်းကလေးတွေပါ။ သင့်ကို ဘယ်လိုအခြေအနေမျိုးဖြစ်မှ၊ ဘယ်လိုပုံစံမျိုးမှ ဆိုပြီး ဖိအားပေးမယ့်သူတွေ လုံးဝမဟုတ်ပါဘူး။

ပြီးတော့ ကိုယ့်ရဲ့ လိုအပ်ချက်တွေကို ကိုယ်တိုင်ဖြည့်ဆည်းနိုင်တဲ့သူတွေဖြစ်လို့ သင့်ဆီက ထွေထွေထူးထူးတောင်းဆိုတာမျိုးတွေလည်း ရှိမှာမဟုတ်လို့ ဒီအတွက်စိတ်ဖိစီးရမှာမဟုတ်ပါဘူး။

MAY THAZINHTOO

Zawgyi













MAY THAZINHTOO