Love

အတိတ်ကို အတိတ်မှာ ထားခဲ့ကြတာ ကောင်းပါတယ်

အတိတ်ကို အတိတ်မှာ ထားခဲ့ကြတာ ကောင်းပါတယ် အတိတ်မှာ ဘယ်လောက်ပဲ ပျော်ခဲ့ ပျော်ခဲ့ လက်ရှိ ပစ္စုပ္ပန်မှာ ကိုယ် မပျော်ရင် မပျော်တာပါပဲ ။အတိတ်ကို ပြန်တွေးပြီး လွမ်းဆွေးနေတာထက်စာရင်

လက်ရှိမှာ ကိုယ် ဘယ်လိုနေရင်ပျော်မလဲလို့ တွေးသင့်တယ် အတိတ်မှာ ဘယ်လောက်ပဲ ကိုယ့်အပေါ်ချစ်ခဲ့ချစ်ခဲ့ လက်ရှိ ကိုယ့်ကို မချစ်တော့ရင် မချစ်တော့တာပါပဲ။အရင်က လူတစ်ယောက်ကိုပြန်လိုချင်လိုက်တာလို့ တောင့်တနေရုံနဲ့ ဖြစ်လာတော့မှာမဟုတ်ဘူး တချို့အတိတ်တွေကို အတိတ်မှာပဲ ထားခဲ့တာ ကောင်းပါတယ် ။ဒါပေမယ့် တချို့လူတွေက မင်းအတိတ်ကို ထပ်ထပ်ပြီး တူးဆွတဲ့အခါတော့

ခံနိုင်ရည်ရှိပါ ကြံ့ကြံ့ခံပြီး ရပ်တည်ပါ လူ့ပါးစပ်ပေါက်က ပိတ်ရခက်သလို မနာလို တိုက်ခိုက်တတ်တာလဲ အကျင့်လို ဖြစ်နေပါပြီ။ကိုယ်ကောင်းအောင် နေပါလျက်နဲ့ ကိုယ်ကောင်းနေပါလျက်နဲ့

မကောင်းမြင်တတ်တာလဲ သဘာဝတွေထဲက သဘာဝပါပဲ ခံစားရင်း ငိုးကြွေးမနေနဲ့တော့ တမြေ့မြေ့နဲ့ ဒေါသထွက်မနေနဲ့တော့ ။လူတိုင်းမှာ မှားခဲ့ဖူးတဲ့ အတိတ်ရှိသလို မှန်ခဲ့ဖူးတဲ့ အတိတ်ဆိုတာ ရှိပါတယ်လူတိုင်းက မင်းခဲ့ဖူးတဲ့အတိတ်ကိုပဲ သတိတရ ရှိနေကြ လိမ့်မယ် မခံစားနဲ့မကြေကွဲနဲ့ လမ်းတွေ မပျောက်စေနဲ့ လောကဓံတွေထဲမှာ ကောင်းခြင်း သက်သက်ပဲ မဟုတ်ဘူး ။ချီးကျူးရုံနဲ့လဲ

ဘဝင်မြင့်မသွားနဲ့ ရှုပ်ချရုံနဲ့နဲ့ စိတ်ဓာတ်တွေ ကျမသွားနဲ့ ကိုယ့်လမ်းကိုယ် လျှောက်နေရမှာ ကိုယ့်အလုပ်ပါ မကောင်းတဲ့ အတိတ်တွေကို ပြန်ပြီး သတိရလာတဲ့အခါ မှားခဲ့ဖူးတဲ့ အတိတ်တွေ ပြန်ပြီး ပေါ်လာတဲ့အခါ

သင်ခန်းစာလေး မှတ်ထားပြီး လွယ်လွယ်မေ့ပစ်လိုက်တာပဲ ကောင်းပါတယ်။တစ်နေ့မှာ အောက်ဖဲလှန်တတ်တဲ့ တစ်စုံတစ်ယောက်က မင်းအတိတ်တွေ ထပ်ပြီး တူးဆွလာတဲ့အခါတောင်ပြုံးပြုံးလေးပြန်ပြောပြ နိုင်တဲ့မအထိ ရင့်ကျက်ပစ် လိုက်စမ်းပါ ။အတိတ်ဆိုတာ လွယ်လွယ်လေး မေ့ပစ် လိုက်တာပဲ ကောင်းပါတယ် အနာဂတ်ထိ သယ်သွားမိတဲ့အခါ ပစ္စုပ္ပန်တိုင်းမှာ လေးလံလွန်းလှ တယ်

Credit

Zawgyi







Credit