Local News

စားသောက်ကုန်ပစ္စည်းတွေကို ကျပ်ငွေ ၅၀ နဲ့ဝယ်ယူနိုင်တာ ကမ္ဘာမှာ မြန်မာပဲရှိတယ်

စားသောက်ကုန်ပစ္စည်းတွေကို ကျပ်ငွေ ၅၀ နဲ့ဝယ်ယူနိုင်တာ ကမ္ဘာမှာ မြန်မာပဲရှိတယ်

ပရိသတ်ကြီးအတွက် မျှဝေပေးချင်တဲ့ သတင်းကတော့ မြန်မာငွေ ၅၀ကျပ်နဲ့ လိုအပ်တဲ့ ကုန်ပစ္စည်းဘယ်အရာမဆို ဝယ်ယူနိုင်တဲ့ သတင်းလေးပဲဖြစ်ပါတယ်အခုလို စစ်ဘေးရော ကပ်ဘေးရေကြုံနေရတဲ့ ကာလမှာ ပြည်သူတွေဟာ အလုပ်လက်မဲ့ဘဝနဲ့ အိမ်တွင်းမှာနေနေရတာဖြစ်ပါတယ် ချမ်းသာကြွယ်ဝသူတွေအတွက် အိမ်မှာအရန်သင့်မပူမပင်စားနိုင်သောက်နိုင်ပေမဲ့ အခြေခံလက်လုပ်လက်စားသမားတွေဘဝကတော့

မစားရတစ်လှည့် ငတ်တစ်လှည့်လို့ပဲ ပြောရမှာပါဒီဒုက္ခတွေကို တစ်ချို့ပြည်သူတွေက မကြည့်ရက်တာကြောင့် တတ်နိုင်တဲ့ဘက်က လုပ်အားရောငွေအားရော ကူညီပေးနေကြတာ တကယ်ကိုအားရစရာပါပဲစားသောက်ကုန်ပစ္စည်းတွေကို အနိမ့်ဆုံးဈေးနဲ့ ရောင်းချပေးနေတော့ လာဝယ်တဲ့ပြည်သူ တွေမှာ အပြုံးတွေ ဝေဝေဆာဆာနဲ့တကယ်ကိုဝမ်းသာကြည်နူးစရာမြင်ကွင်းလေးပါပဲ

တစ်ချို့မြို့ပြနဲ့နယ်ဘက်တွေမှာလဲ ကြက်ဥဆန်နဲ့ဆီတွေကို ငွေကျပ် တစ်ရာ သို့မဟုတ် ငါးဆယ်နဲ့ ရောင်းချပေးနေတာတွေ အတော်များများတွေ့ရပါတယ် ဒီလိုတွေရောင်းချလှူဒါန်းပေးတဲ့အတွက် ပြည်သူတွေမှအနည်းငယ်အသက်ရှုချောင်ကြရပါတယ်ပြည်သူတွေမှာ ပြည်သူပဲ ရှိတယ်ဆိုတာတကယ်ကို မှန်ကန်တဲ့စကားလေးပါပဲဒီလိုအလှူအတန်းတွေကို အမြတ်ကြီးစားဈေးတင်ရောင်းနေကြတဲ့ ဝိသမလောဘသားတွေ

မြင်ကြီး ရှက်တတ်ကြပါစေလို့ မျှော်လင့်ရမှာပဲပရိသတ်ကြီးလဲ ဒီလိုအလှူအတန်းတွေအတွက် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ဖို့ paw pin sone မှသတင်းကိုးကား၍ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်ဗျPawPinSone(ပြန်လည်ကိုးကားဖော်ပြသည်)

Zawgyi






Credit