Local News

မူလတန်းကြိုပညာရေးအား Online မှတစ်ဆင့် သင်ကြားနိုင်ရန် စီစဥ်ဆောင်ရွက်လျက်ရှိနေ”

တန်းကြိုပညာရေးအား Online မှတစ်ဆင့် သင်ကြားနိုင်ရန် စီစဥ်ဆောင်ရွက်လျက်ရှိနေ”

Online မူလတန်းကြိုပညာရေးအစီအစဉ် နှင့် ပတ်သက်၍ ကိုဗစ် ၁၉ ကူးစက်ရောဂါ မြန်မာ နိုင်ငံသို့စတင်ပြန့်နှံ့ခဲ့သည့်အချိန်မှစပြီးမူကြို ကျောင်းများကိုပိတ်ထားခဲ့ရသည်မှတစ်နှစ်ကျော်ခန့်ကြာခဲ့ပြီဖြစ်ကြောင်း၊ ကလေးများ အချင်းချင်းရင်းနှီးမှုရှိလာစေရန်၊ အခြေခံယဉ်ကျေးမှုရှိစေရန်၊အာရုံစိုက်တတ်လာစေရန်၊ ကလေးများ၏ အသက်အရွယ်အလိုက် သင်ယူရမည့်

မူကြိုပညာရေးကို Online မှတဆင့် ရရှိစေရန်၊ကလေးများအနေဖြင့် ကျောင်းများ ပိတ်ထားသည့်ကာလတွင် အချိန်အကျိုးရှိစွာဖြင့် မူကြိုပညာရေးကိုသင်ယူစေခြင်းဖြင့် ပညာသင်ကြားနိုင်မှု အခွင့်အရေးရရှိလာစေရန်အတွကNew Normal အနေဖြင့် စတင်စမ်းသပ် ခြင်းပင်ဖြစ်ကြောင်းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

Online မူလတန်းကြိုပညာရေးအစီအစဉ် အား ဆောင်ရွက်ရာတွင်လည်း ဘဏ္ဍာရေးအခြေအနေအရ Pilot Project များအား သတ်မှတ်ကာ သင်ကြားမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။Online ဖြင့် သင်ကြားနိုင်ရေးအတွက် မိဘများအား Zoom Application အသုံးပြုသည့်အခြေခံအချက်များကို ဦးစွာ သိရှိနိင်စေရန် လိုအပ်ပါကြောင်း၊

ကလေးများထိရောက်စွာ သင်ယူနိုင်ရေးအတွက် အိမ်မှ ကူညီပံ့ပိုး ပေးနိုင်မည့်သူများအတွက် Guide Line လမ်းညွှန် / Manual များ လိုအပ်ပါကြောင်း၊အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ဝိုင်းဝန်းစဉ်းစား၍ ညှိနှိုင်း ဆောင်ရွက်သွား ကြရမှာဖြစ်ပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

Credit

Zawgyi





Credit