Love

ကိုယ့်ဘဝကို ဒီထက်ပိုပြီး လှပချင်ရင်အချစ်ကို ဦးစားမပေးမိပါစေနဲ့ ညီမလေး…..

ချစ်ခြင်းမေတ္တာဆိုတာ အေးချမ်းပါတယ် ဒါပေမယ့် မချစ်တတ်ခဲ့ရင်တော့ အချစ်ဟာအဆိပ်နဲ့အတူတူပါပဲအချစ်ကြီးတဲ့သူတွေ တစ်ယောက်ဆိုတစ်ယောက်စွဲစွဲမြဲမြဲချစ်တတ်တဲ့ သူတွေဆို

ကိုယ့်အရမ်းချစ်ရတဲ့သူတစ်ယောက်ကို ဆုံရူံးသွားရတဲ့အခါ အရမ်းကိုနာကျင်ခံစားရတတ်ပါတယ်လောကဓံမကင်းတဲ့ လူသားမို့အနာအကျင်တွေ ရှိတာ မဆန်းပါဘူး။ဒါပေမယ့် အစွန်းရောက်တာတော့ ဘယ်အရာမှ မကောင်းပါဘူး

တစ်ချို့တွေဆို ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်တာမျိုးတွေ အချစ်ကြောင့် ပြိုလဲရတဲ့အခါ ကိုယ့်ရဲ့ရည်ရွယ်ချက် ပန်းတိုင်ပါ ပျောက်ဆုံးသွားတာမျိုး

သူမရှိရင် အသက်မရှင်ချင်တော့တာတွေ စားမရ အိပ်မရ သူ့ကိုပဲ မျှော်လင့်နေတာမျိုး ခံစားရတာတော့ တစ်ကယ်ချစ်ခဲ့တဲ့ လူတိုင်းက ခံစားရပါလိမ့်မယ် ဒါပေမယ့် အဲ့ဒီအခြေအနေကနေ ရုန်းထွက်နိုင်ရမယ်နော်ညီမလေးရေ ဘဝမှာ အချစ်ထက် အရေးကြီးတာတွေ အများကြီးပါညီမလေးသာ ကိုယ့်ဘဝကို လှပအောင်နေပါ ညီမလေးကို ချစ်တဲ့သူဆိုတာ ရှိလာအုံးမှာပါ ကိုယ့်ကို မချစ်တဲ့သူတစ်ယောက်အတွက်

ညီမလေးရဲ့ ဘဝ ရည်မှန်းချက်တွေ အပျက်အဆီးမခံပါနဲ့ညီမလေး အကောင်းဆုံး ချစ်ပေးခဲ့တယ်မှတ်လားအဲ့ဒါဆို ကိုယ့်ကိုမကြိုဆိုတဲ့နေရာကနေ နောင်တကင်းမဲ့တဲ့ခြေလှမ်းတွေနဲ့ လှည့်ထွက်ခဲ့လိုက်ပါကိုယ့်ဘဝကို အဓိပ္ပာယ် ရှိရှိနဲ့ဖြတ်သန်းလိုက်ပါ။ညီမလေးရဲ့ တန်ဖိုးကိုနားလည်တဲ့သူဆိုတာ ရှိလာအုံးမှာပါ

Credit ဆုမြတ်နိုး { H.M.N }

Zawgyi





