International News

ရုပ်အဆိုးဆုံးအမျိုးသားပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲပြီးနောက် နာမည်ကျော် ပေါ့စတားတစ်ဦး ဖြစ်လာခဲ့သူ

ရုပ်အဆိုးဆုံးအမျိုးသားပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲပြီးနောက် နာမည်ကျော် ပေါ့စတားတစ်ဦး ဖြစ်လာခဲ့သူထူးဆန်းတဲ့ မျက်နှာဖွဲ့စည်းမှုပုံစံမျိုးကို ပိုင်ဆိုင်ထားပြီး၊ယုဂန်ဒါနိုင်ငံရဲ့ ရုပ်အ ဆိုးဆုံး အမျိုးသားအဖြစ်

သတ်မှတ်ခံထားရသူ Godfrey Baguma ဟာနာမည်ကျော်ပေါ့စတားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ရုပ်အဆိုးဆုံးအမျိုးသားပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် နာမည်ကြီးလာခဲ့ပြီး၊နောက်ပိုင်းမှာတော့ဂီတလိုင်းဘက်ကို ကူးပြောင်းခဲ့ကာ၊အောင်မြင်တဲ့ ပေါ့စတား တစ်ယောက်ဖြစ် လာခဲ့တာပါ။ထူးဆန်းတဲ့မျက်နှာကိုပိုင်ဆိုင်ထားတယ်ဆိုပေမယ့်လည်း အိမ်မက်တွေကို မစွန့်လွှတ်ခဲ့သူ Godfrey Baguma ဟာ

အလွန်ရှားပါးတဲ့ Fibrodysplasia ဆိုတဲ့ တစ်ရှူးနဲ့ပတ်သက်တဲ့ ရောဂါတစ်မျိုးကို ခံစားနေရတာ ပါ။ဒီရောဂါဟာ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းအစုကို ပွုပွငျပွောငျးလဲမှုတွှေ ဖစ်ပေါ်စေပြီး၊

fibrous tissue (ကြွက်သား၊အရွတ်)တွေကို တိုးတက်မှုမရှိပဲထိုင်သွားတာ(သို့)ပျက်စီးသွားတာတွေဖြစ်စေနိုင်ပါတယ်။ဆရာဝန်နဲ့ပြပြီး ကုသမှုတွေခံယူတာကြောင့် လူ့ခန္ဓာကိုယ်ရဲ့ကျန်းမာရေး အခြေအနေ ကိုထိန်းထားပေးနိုင်ပေမယ့်လည်း ၊ကလေးတွေထံ ရောဂါ လက်ဆင့်ကမ်းမှာ ကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။အသက်(၄၇)နှစ်အရွယ် Godfrey Baguma ဟာ ကေလး(၈)ယောက် အဖေဖြစ်ပြီး၊

ဇနီးနှစ်ယောက်ရှိပါတယ်။ပထမဇနီးကတော့ တစ်ခြားယောက်ျား တစ်ယောက် နဲ့ဖောက်ပြန်နေတာကြောင့် ကွာရှင်းခဲ့ပါ တယ်။ ငွေကြောင့် သူ့ကိုလက်ထပ်ခဲ့ပြီး၊နောက်ပိုင်းမှာတော့တခြားယောက်ျားတစ်ယောက်နဲ့ ခိုးရာလိုက်ပြေးသွားခဲ့တာပါ။နောက်ပိုင်း မှာတော့လက်ရှိဇနီး Namanda နဲ့ဆုံတွေ့ခဲ့ကာ၊အမျိုးသမီးရဲ့ မိဘဆွေမျိုးတွေ သိရင် ခြဲမွာစိုး တာကြောင့် ကလေးမရခင်အထိ

တိတ် တိတ်လေး (၄)နှစ်လောက် အတူနေပေါင်းသင်းခဲ့ပါတယ်။ကိုယ်ဝန်(၆) လလောက်မှာတော့ သူ့ကိုထားခဲ့ပြီး ထွက်သွားခဲ့ပါတယ်။ဒါပေမယ့် လည်း နှစ်လလောက် အကြာ မှာတော့ ပြန်လာခဲ့ကာ၊လက်ရှိအချိန်ထိတော့ သူတို့ရဲ့ အိမ်ထောင်ရေး တည်မြဲနေပါတယ်။

Credit

Zawgyi







Credit