Local News

လူစည်ကားတဲ့လမ်းမကြီးတစ်နေရာရဲ့အပေါ်ကနေ ငွေစက္ကူများဖြင့် ငွေမိုးများရွာသွန်းစေကာ လူအမ်ားကို စပရိုက်လုပ်ခဲ့တဲ့ Lamborghini ကားမောင်းတဲ့အမျိုးသား

မကြာသေးခင်က Lamborghini ကားစီးနင်းလာတဲ့လူငယ်တစ်ဦးဟာ ဟောင်ကောင်မြို့တစ်နေရာ၌ “ ကောင်းကင်မှငွေများကိုဖြန့်ကျဲစေခြင်း”ဖြင့် social media ပေါ်မှာ ဂယက်ထသွားစေခဲ့ပြီး ၎င်းနေရာရှိလူများစွာတို့ဟာ

ကိုယ်တတ်နိုင်သမျှ ငွေစက္ကူများကို ဖမ်းကာကောက်ယူကြရင်း ပျော်ရွှင်နေခဲ့ကြပါတယ်။အဆိုပါ Lamborghini ကားမှလူငယ်ဟာ ဟောင်ကောင်မြို့ Sham Shui Po ရပ်ကွက် Fuk Wa လမ်းသို့ရောက်ရှိလာပြီးနောက်မှာ ၎င်းအဖြစ်အပျက်ဟာ စတင်လာခဲ့ပါတယ်။ထိုအချိန်မှာ ၎င်းလမ်းမမှာ လူစည်ကားနေခဲ့သော်လည်း အဆိုပါလူငယ်ဟာ စတင် ဗီဒီယိုရိုက်ကူးပြီး သူ့ရဲ့viewer များအား

ဒီနေ့က ကုန်သွယ်ရေးပြိုင်ပွဲကို ကြေငြာခဲ့တဲ့ FCC ရဲ့နေ့ထူးနေ့မြတ်ပါ၊ ဒီနေရာက လူတိုင်းက ဒီအရေးကြီးတဲ့ပွဲစဉ်ကိုအာရုံစိုက်မိလိမ့်မယ်လို့မျှော်လင့်ပါတယ် ၊ကျွန်တော်အပါအဝင် ဘယ်သူကမှ

ကောင်းကင်ကနေ ငွေတွေကျလာနိုင်တယ်ဆိုတာကိုယုံကြမယ်လိမ့်မယ်မထင်ပါဘူး ” ဟု ပြောနေခဲ့ပါတယ်။ထို့နောက် သူစကားပြောပြီးသည်နဲ့တစ်ဆက်တည်းဖြင့် ကင်မရာက ကောင်းကင်ပေါ်မှပြန့်ကျဲကာကျလာတဲ့ သို့မဟုတ် ၎င်းနေရာရှိအထပ်မြင့်အဆောက်အဦတစ်လုံးရဲ့ထိပ်ဆုံးရှိတိုက်ခန်းရဲ့ဝရံတာမှကျလာတဲ့ငွေစက္ကူများကို ရိုက်ပြခဲ့ပါတယ်။ငွေစက္ကူများဟာ လေတိုက်တော့

နေရာအနှံ့ပြန်ကျဲကာ မြေပြင်ပေါ်သို့ကျလာသည်နှင့်အမျှ အံ့ဩနေကြတဲ့လူများစွာတို့ဟာ ၎င်းငွေစက္ကူရွက်များကို စတင်လိုက်လံကောက်ယူစုဆောင်းနေခဲ့ကြပါတယ်။

၎င်းဖြစ်ရပ်ဟာ မကြာမီမှာဘဲ လူရှုပ်သောလမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုတို့ကို ဖြစ်ပေါ်လာစေနိုင်ပေမဲ့လည်း လူတို့ဟာ တတ်နိုင်သလောက်ငွေများကို ကောက်ရန်စိတ်အားထက်သန်လျက်ရှိနေခဲ့ကြပါတယ်။လူများစွာဟာ ကောင်းကင်မှငွေမိုးများရွာသွန်းခြင်းနှင့်အတူပျော်ရွှင်နေသော်လည်း ၎င်း“ ငွေမိုး” က ငွေများဖမ်းယူရန် လူများစွာအား လမ်းမအလယ်သို့ရောက်သွားစေပြီး ယာဉ်ကြောပိတ်ဆို့မှုဖြစ်စေခဲ့တာကြောင့်

၎င်းဖြစ်ရပ်ဟာ ရဲများအတွက်တော့ ပျော်စရာမကောင်းနေခဲ့ပါဘူး။ရဲတပ်ဖွဲ့က လူသိများထင်ရှားသွားတဲ့၎င်းစတန့်အား “ Coin Young Master” ဟုလူသိများတဲ့ Wong Ching-kit ကလုပ်ခဲ့မှန်းကို ခြေရာခံမိသွားခဲ့ကြပါတယ်။

သူ့ကို cryptocurrency ကို promote လုပ်ပေးနေတဲ့ Epoch Cryptocurrency ရဲ့ Facebook page ရဲ့ပိုင်ရှင်ဖြစ်ကြောင်းကို သိခဲ့ကြပါတယ်။၎င်းစတန့်ကြောင့် အဆိုပါလူငယ်ဟာဥပဒေနှင့်ညှိကာ ဒုက္ခရောက်နိုင်သလို ဟောင်ကောင်ဒေါ်လာ ၅၀၀၀ (ဒေါ်လာ ၆၄၀ ) အထိသာမကထောင်ဒဏ် ၁၂ လအထိပါ ကျခံရနိုင်ပါတယ်။ဘာကြောင့်အဲ့လိုလုပ်တာလဲလို့ ရဲများက မေးမြန်းတဲ့အခါ “ငါ့ကိုအပြစ်မတင်ပါနဲ့ ၊ဘာကြောင့်ငွေတွေက ကောင်းကင်ကနေကျဆင်းသွားတာလဲဆိုကို ငါလည်းမသိခဲ့ရဘူး”ဟု အဆိုပါလူငယ်က ပုခုံးတွန့်ပြီး ပြန်ဖြေခဲ့ပါတယ်။ရဲများကလည်း ၎င်းဆင်ခြေကို ယုံမှာမဟုတ်ပါဘူး။ထို့ကြောင့် ၎င်းတို့က အဆိုပါဖြစ်ရပ်ကို ဆက်လက်ကာစုံစမ်းနေလျက်ရှိပါတယ်။

Mia (KBdailynews)Reference : ofwtambayan

Credit