Knowledge

ထောက်ခံသူများအနေဖြင့် အိမ်စောင့်အစိုးရအား ကုလသမဂ္ဂမှ အသိမှတ်ပြုရန် တပ်မတော်အလံ နှင့် ပြည်ခိုင်ဖြိုးအလံများ အိမ်ရှေ့တွင် လွှင့်ထူပေးကြဖို့ စကစမှတိုက်တွန်း

အိမ်စောင့်အစိုးရအား ကုလသမဂ္ဂမှ အသိမှတ်ပြုရန် တပ်မတော်အလံ နှင့် ပြည်ခိုင်ဖြိုးအလံများ အိမ်ရှေ့တွင် လွှင့်ထူပေးကြဖို့ နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအ‌ဝေး၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအား နိုင်ငံကိုယ်စားပြုတက်ရောက်ခွင့် ရရှိဖို့အတွက် ပြည်သူများက မိမိတို့၏ နေအိမ်ရှေ့မှောက်တွင် တပ်မတော်အလံ နှင့် ပြည်ခိုင်ဖြိုးအလံများ လွှင့်ထူပြီး ထောက်ခံကြောင်းပြသကြဖို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှ ယနေ့ တိုက်တွန်းခဲ့သည်။

အလံများအား မနက်ဖြန် (၁၁.၈.၂၀၂၁) နံနက် (၈:၀၀) အချိန်မှ စတင်၍ ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပမည့် စက်တင်ဘာ (၉) လပိုင်းအထိ အမြဲတမ်းလွှင့်ထူထားရမည် ဖြစ်ကြောင်း သိရှိရသည်။နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် မှ – “ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့် (Credential Issue) ဆိုတာကတော့ ကုလသမဂ္ဂမှာ နိုင်ငံကို ကိုယ်စားပြုပြီး

တာဝန်ထမ်းဆောင်ဖို့ ခန့်အပ်ထားတဲ့အမြဲတမ်းကိုယ်စားလှယ် နဲ့ သံဝန်ထမ်းတွေအပြင် နိုင်ငံက တာဝန်ပေးစေလွှတ်လိုက်တဲ့ကိုယ်စားလှယ်တွေကို

တရားဝင်ကိုယ်စားလှယ်တွေအဖြစ် တရားဝင်အသိအမှတ်ပြုတာကို ဆိုလိုတာပါ။အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုအသိအမှတ်ပြုခြင်းဟာ စေလွှတ်တဲ့အစိုးရကို

အသိအမှတ်ပြုတဲ့သဘောမျိုးဖြစ်ပါတယ်။ စေလွှတ်တဲ့အစိုးရကို တရားဝင် အသိအမှတ်ပြုရာရောက်တဲ့အတွက် နိုင်ငံတကာမှာ

တရားဝင်မှုရရှိသွားတဲ့ သဘောပါ။ နောက်ပြီးတော့ အခုလို အသိအမှတ်ပြုလိုက်တဲ့ အတွက် ခန့်အပ်ထားတဲ့ အမြဲတမ်းကိုယ်စားလှယ်နဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ ကုလသမဂ္ဂရဲ့ အစည်းအဝေးတွေ ညီလာခံတွေမှာ တရားဝင် တက်ရောက်ခွင့်နဲ့ တရားဝင်ပြောရေးဆိုခွင့် ရရှိပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ ပါဝင်မဲပေးဆုံးဖြတ်ပိုင်ခွင့်လည်း ရှိလာပါတယ်။ ကုလသမဂ္ဂအတွင်း

ဆွေးနွေးချမှတ်လေ့ရှိတဲ့ ဆုံးဖြတ်ချက်တွေအပေါ် ပါဝင်နိုင်ခွင့်ရတဲ့ အခြေအနေပါ။ဒါ့အပြင် အခြားနိုင်ငံက အစိုးရတွေနဲ့ ကုလသမဂ္ဂဌာနတွေကို တရားဝင်ဆက်သွယ်ပြောဆိုခွင့်

ရရှိလာပါတယ်။ မိမိပြောဆိုလိုတဲ့အကြောင်းအရာတွေကို တင်ပြပြောဆိုနိုင်ပြီး အပြန်အလှန်ဆွေး‌နွေးနိုင်ပါတယ်။ ဒါကြောင့် ပြည်သူများက မိမိတို့၏ နေအိမ်ရှေ့မှောက်တွင် တပ်မတော်အလံများ နှင့်ပြည်ခိုင်ဖြိုးအလံများ လွှင့်ထူပြီး အိမ်စောင့်အစိုးရကို ထောက်ခံကြောင်း ပြသကြဖို့ လိုအပ်ပါတယ်။ အလံများကို မနက်ဖြန် (၈:၀၀) ကနေ အစည်းဝေးကျင်းပမည့်

စက်တင်ဘာလ အထိ လွှင့်ထူပေးဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အိမ်စောင့်အစိုးရသည် ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအ‌ဝေးတွင် နိုင်ငံကိုယ်စားပြုတက်ရောက်ခွင့် ရရှိဖို့ လေလိုင်းအစိုးရ (NUG) နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

#တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Credit

Zawgyi














Credit