Local News

ဒုတိယမြောက်ရင်သွေးလေးရဲ့မျက်နှာကိုတောင်မမြင်သွားရတဲ့ခင်ပွန်းကို လွမ်းဆွတ်ရင်း မကြာခင်မှာမီးဖွားတော့မယ့် ကျဆုံးသူရဲကောင်းကိုချစ်မင်းသူရဲ့ဇနီး

နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားကြရတဲ့ သူရဲကောင်းတွေကိုလည်း ပြည်သူလူထုက ဘယ်တော့မှမမေ့ကြတာဖြစ်ပါတယ် မတ်လ (၁၁)ရက်နေ့က ဒဂုံြ

မို့သစ်မြောက်ပိုင်းမှာ ဦးခေါင်းကျည်ထိမှန်ပြီး ကျဆုံးသွားတဲ့ ကိုချစ်မင်းသူဆိုရင် ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ကလေးကို ခွဲခွါသွားခဲ့တာဖြစ်ပါတယ်ဩဂုတ်လ (၁၁) ရက်နေ့မှာ ကိုချစ်မင်းသူကျဆုံးတာ (၆)လပြည့်သွားပေမယ့် ပြည်သူလူထုက သူနောက်ဆုံးပြောခဲ့တဲ့စကားလေးကအစ မှတ်မိနေကြဆဲပဲဖြစ်ပါတယ်

ကိုချစ်မင်းသူကျဆုံးချိန်တွင် သူ့ရဲ့ဇနီးသည်မှာ ကိုယ်ဝန်(၂)လနဲ့ ယူကြုံးမရဝမ်းနည်းခဲ့ရတာဖြစ်ပါတယ်။ပြည်သူလူထုအပြင် အနုပညာရှင်တချို့ကပါ ကိုချစ်မင်သူရဲ့ဇနီးကို အားပေးနှစ်သိမ့်ကြပြီး တတ်နိုင်သလောက်ကူညီပေးကြတာဖြစ်ပါတယ်ကိုချစ်မင်းသူရဲ့ဇနီးကတော့ ခင်ပွန်းမရှိတော့ဘဲ အခက်အခဲတွေကိုကျော်ဖြတ်လာခဲ့တာ (၆)လပြည့်သွားပြီဖြစ်ပါတယ်။သူမရဲ့ကိုယ်ဝန်ကလည်း (၈)လကျော်ထဲကို ရောက်နေပြီဖြစ်လို့ မကြာခင်မွေးဖွားတော့မယ်လို့သိရပါတယ်ကိုချစ်မင်းသူရဲ့ဒုတိယရင်သွေးလေးကို အောက်တိုဘာလလယ်လောက်မှာ မွေးဖွားမှာဖြစ်ပါတယ်။ကျန်ရစ်သူဇနီးကလည်း (၂)အရွယ်သမီးကြီးလေးနဲ့ မွေးဖွားလာမယ့်ကလေးကို တစ်ယောက်တည်း ပြုစုစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်ခင်ပွန်းကိုဆုံးရှုံးလိုက်ရတဲ့ မိန်းမတစ်ယောက်ဖြစ်ပေမယ့် လောကဓံကိုကြံ့ကြံ့ခံရင်ဆိုင်ပြီး ဒုတိယရင်သွေးလေးကို မကြာခင်မှာမွေးဖွားနိုင်တော့မယ့်အကြောင်းလေးကို ပြည်သူတွေသိအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်

Credit

Zawgyi





Credit