Local News

PDF လူငယ်တစ်ဦးရေးသားလာသော သူတို့ရဲ့ စည်းလုံးညီညွတ်ပြီး တစ်ဦးနှင့် တစ်ဦး မေတ္တာထားပြီး မမေ့နိုင်ဖွယ်ရာ အမှတ်တရအကြောင်းအရာလေးများ

စစ်အာဏာသိမ်းပြီးနောက် နေရာအသီးသီးက လူငယ်လူရွယ်အားလုံးဟာ ရရာလက်နက်စွဲကိုင်ပြီး ခက်ခဲကြမ်းတမ်းလှတဲ့ တောထဲမှာ အနာဂါတ်အတွက် တိုက်ပွဲဝင်နေကြပါတယ်။ နေရေးစားရေးကလည်း အရမ်းကိုခက်ခဲလှပါတယ်။

ယခုနောက်ပိုင်း မိဘပြည်သူတွေရဲ့လှူဒါန်းထောက်ခံပေးမှု့တွေကြောင့် တော်လှန်ရေးကြီးဟာ အောင်မြင်တဲ့ ပန်းတိုင်ကိုလှမ်းကိုင်နိုင်ဖို့ တော်တော်လေးနီးကပ်လာ ပါပြီ။

ယခုတိုက်ပွဲမှာ GenZ/ PDF လူငယ်လေးများရဲ့ စွန့်စားမှု့တွေဟာ မိဘပြည်သူတွေသိမြင်နေရတဲ့အတိုင်း အံ့မခန်းလောက်ပါပဲ။သူတို့တွေဟာ မိဘမောင်နှမ ဆွေမျိုးသားချင်းတွေနဲ့ ခွဲခွာပြီး ခက်ခဲကြမ်းတမ်းလှတဲ့ဘဝကြီးကိုး လွတ်လပ်ရေးရယူဖို့ စိတ်တစ်ခုတည်းနဲ့ အသက်ကိုပင် ပဓာနမထားပဲ စစ်အာဏာကို အမြစ်ကနေ ခြေမှုန်းတိုင်ခိုက်နေကြပါတယ်။အဲ့လိုတိုက်ခိုက်နေကြရတဲ့အချိန်မှာ သူတို့တွေရဲ့

နေထိုင်စားသောက်မှု့ ပုံစံ ခံစားချက်တွေကို မိဘများပြည်သူများအတွက် သူတို့ဖြတ်သန်းမှု့ပုံစံလေးတွေကို မကြာခဏဆိုသလို လူမှု့စာမျက်နှာတွေပေါ်မှာ ဖော်ပြလေ့ရှိပါတယ်။ခက်ခဲကြမ်းတမ်းမယ်ဆိုတာသိတယ်။

ဆေးလိပ်တစ်လိပ်ကို လူငါးယောက်သောက်ခဲ့ရတယ်။ ကော်ဖီတစ်ထုပ်ကို လူဆယ်ယောက်ထက်မနည်း သောက်ခဲ့ရတယ်။အားမပျက်ပါဘူး မနက်လေးနာရီထ မျက်နှာသစ် ငါးနာရီမထိုးခင်

သစ္စာဓိဋ္ဌါန်ဆို၊ ခြောက်နာရီထမင်းစားပဲနှပ်နဲ့ပေါ့။စားပြီးတာနဲ့ လေ့ကျင့်ရေးလုပ်၊ ၁၁ ခွဲထိပေါ့ ထမင်းစားမျှစ်ဟင်းနဲ့ကို ကိုယ်တိုင်သွားချိုးရတဲ့မျှစ်ပေါ့။ ၁ နာရီပြန်ပီး လေ့ကျင့်ရေးပြန်စတယ်။ ၄ခွဲထိပေါ့လေ။ ညနေကြတော့လဲ မျှစ်နဲ့ပဲစားရတယ်။ စိတ်မပျက်ကြဘူးညီကိုမောင်နှမတွေ တက်ညီလက်ညီရှိကြတယ်ဗျ ဘယ်လောက်ပဲပင် ပန်းပင်ပန်း ပျော်ပျော်ရွှင်ရွှင်ပဲ ဘယ်လောက်ပျော်ဖို့ကောင်းလဲကြည့် ဘယ်လောက်ညီကြလဲတွေးကြည့်ပါ။ကော်ဖီးလေးတစ်ထုပ်ကိုလူဆယ်ယောက်ထက်မနည်းသောက်ကြတာ ။ ဆေးလိပ်တစ်လိပ်ကို အတူဝိုင်းသောက်ကြတာ” ဆိုပြီး အမှတ်တရလေးတွေကိုဝေမျှလာပါတယ်။

Credit

Zawgyi








Credit