Love

သင့်ရဲ့ ဖြစ်တည်မှုကို တကယ်တန်ဖိုးထားတဲ့ ချစ်သူယောကျ်ားလေးဆိုတာ

အချစ်ခံရတဲ့ ခံစားချက်ဆိုတာ ကိုယ်အိမ်ပြန်ချိန် အိမ်ထိ ဘေးမသီရန် မခအောင် ပြန်ပို့ပေးတာမျိုး၊ ကိုယ်ကြောက်နေတဲ့အလုပ်တစ်ခုကိုရင်ဆိုင်ရဲအောင်

ဘေးကနေအားပေး တာမျိုး၊ တစ်ခြားသူတွေ ဘယ်လိုဝေဖန်ဝေဖန် ကိုယ့်တစ်ယောက်တည်းဘက်မှာ ရှိနေပေးတာမျိုး ၊ အသေးအဖွဲလေးတွေက အစဂရုတစိုက်ရှိတာမျို

း စသဖြင့်ပေါ့။ကိုယ့်ဖြစ်တည်မှုကို တကယ်တန်ဖိုး ထားမြတ်နိုးတဲ့ချစ် သူယောကျ်ားလေးဆိုတာ ကိုယ့်အတွက် အမြဲ ဒီလိုအရာလေးတွေလုပ်ပေး နေတတ်ပါတယ်နော်အမြဲ အိမ်ပြန်လိုက်ပို့တယ်”

သူအိမ်ပြန်ဘယ် လိုပဲနောက်ကျ နောက်ကျ၊ သူ့အိမ်နဲ့သင့်အိမ် ဘယ်လောက်ပဲဝေးဝေး သင့်ကို အိမ်ထိသေချာပြန် လိုက်ပို့ပေးတယ်။

သင် အိမ်ပြန်တဲ့လမ်း တစ်လျှောက် အနှောင့်အယှက်တွေ မကြုံရအောင်၊ လုံခြုံစိတ်ချမှု ရအောင် သူက သင့်အတွက် တံတိုင်းကြီးသဖွယ် ကာရံပေးထားပါတယ် ။

ညတိုင်း သင်နဲ့ဖုန်းပြောဖို့အချိန်ပေးတယ်

ကိုယ်တန်ဖိုးထား ရတဲ့လူအတွက် အချိန် ဆိုတာအမြဲ တမ်းရှိနေ ပါတယ်။သင့်ကို မနက်တိုင်း ဖုန်းဆက်တယ်။ ညတိုင်း ဖုန်းဆက်တယ်။ သင်နဲ့ပတ်သက် တာမှန်သမျှ သူအာရုံစိုက် နားထောင်ပေးတတ်တယ် ။တစ်ချို့ယောကျ်ားလေးတွေက နားညည်းမခံနိုင်ကြလို့ စိတ်ရှုပ်စရာလို့မြင်တတ်ပေမဲ့ သင့်ကို တန်ဖိုးထား မြတ်နိုးတဲ့သူကတော့ သင်ဒီလို ဂရုစိုက်ကြင်နာမှုမျိုး ကိုလိုချင်တာ သိတဲ့ အတွက် သူတို့ဘက်ကလည်း အမြဲအဆင်သင့် ရှိနေ ပေးတတ်ပါတယ် ။

ဒီအချစ်ရေးထဲမှာ နစ်မြှုပ်လိုက်ဖို့ဝန်မလေးဘူး

တကယ်ရင့်ကျက်တဲ့ ယောကျ်ားလေးတွေဟာ သူတို့ကို တကယ်ချစ်တဲ့ သူတို့ချစ်တဲ့ မိန်းကလေးနဲ့ တွေ့တဲ့အ ခါ အဲ့ဒီအချစ်ရေးမှာ နစ်မြှုပ်လိုက်ဖို့ဝန် မလေးတတ်ကြ ပါဘူး ။ ချုပ်ချယ်သလိုခံစားရတာ မလွတ်လပ်သလိုခံစားရတာတွေမရှိပဲ သူတို့ တကယ်ချစ်တဲ့ မိန်းကလေးအတွက်လိုလိုလားလားနဲ့ ကိုအချိန်တွေပေး တတ်ပါတယ်။ တစ်ခြားဘာကမှ သူ့မိန်းကလေးထက် အရေးကြီးတာ မရှိဘူးလို့ ခံယူထား သူတွေဖြစ် ပါတယ် ။

သင့်ကိုအမြဲရယ်မောပျော်ရွှင်စေတယ်

ကိုယ့်အပေါ် တကယ် တန်ဖိုးထားချစ်တဲ့ သူဆိုတာ ကိုယ့်မျက်နှာတစ်ချက် အညှိုးမခံ ပါဘူး။ သင့်ကို ငိုတဲ့အကြိမ်ထက် ရယ်မောရတဲ့ အကြိမ်အရေအတွက်ကို ပိုများအောင် အမြဲလုပ်ပေးတတ်သူပဲ ဖြစ်ပါတယ် ။သင့်ကိုယ်သင်ယုံကြည်မှုရှိအောင် ကူညီပေးတယ်

သင့်ကိုတန်ဖိုးထား ချစ်မြတ်နိုးတဲ့ယောကျ်ား တစ်ယောက်ဟာ သင့်ကိုယ်သင် ယုံကြည်မှု ရှိအောင်၊ သင့်ရည်မှန်း ချက်ပန်းတိုင်ကို မြန်မြန်ရောက်အောင်ဘေးကနေ အားပေးကူညီပေးနေတတ်ပါတယ် ။

ကိုယ့်ထက်သာရင် မနာလိုတဲ့ ယောကျ်ားလေး မျိုးမဟုတ်ပဲ သင်ပြန်လှည့်ကြည့် တိုင်း အနောက်မှာ ရှိနေမယ့် ချစ်သူမျိုးကို ပိုင်ဆိုင်ထားရင် အဲ့ဒီမိန်းကလေးက တကယ့်ကို Lucky Girl လေးပါပဲ ။သင့်ကို ပြောင်းလဲဖို့ မကြိုးစားဘူး

လူတစ်ယောက် ကိုပြောင်းလဲလို့မရပါဘူး။ ကိုယ့်ကိုချစ် ရင်ပြောင်းလဲမှာ ပဲဆိုတဲ့ ချစ်သူမျိုးထက် ကိုယ့်ရဲ့ ြဖြစ်တည်နေမှုညကိုသာ တန်ဖိုးထားချစ်ပေးတဲ့ ချစ်သူယောကျာ်းလေးမျိုး ကသာ သင့်အနားမှာအမြဲထာဝရ ရှိနေပေးမှာပါ ။

သင့်အပေါ်တကယ်ချစ် တဲ့သူဆိုတာ သင့်ရဲ့ ကောင်းတာဆိုး တာတွေကို လက်ခံပြီး မှားနေရင်လည်း လမ်းပြပေးတဲ့သူ၊ မှန်တဲ့အခါ ရှေ့ဆုံးက အားပေးနေတတ် သူလည်း ဖြစ်ပါသေးတယ် ။ စိတ်လုံခြုံတဲ့ ခံစားချက်၊ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်ဘက်မှာ သူတစ်ယောက်လုံး ရှိနေတယ် ဆိုတဲ့ စိတ်ခံစားချက် မျိုးကို ကိုယ့်ဖြစ်တည်မှုကို တကယ် တန်ဖိုးထားမြတ်နိုးတဲ့ ချစ်သူယောကျ်ားတွေ သာ ပေးစွမ်းနိုင် တာပါ။ သင့်မှာရော ဒီလို ချစ်သူမျိုး ရှိနေပြီလား

Credit

Zawgyi

















Credit