Knowledge

ကာကွယ်ဆေးထိုးအပြီးဖျားနာခဲ့လျှင်စားသုံးသင့်သောအစားအစာများ

ကြက်သားဒါမှမဟုတ်အမဲသားညှပ်ပေါင်မုန့်။ဖျားပြီးကိုယ်လက်ကိုက်နေရင်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာဖြစ်တဲ့အဆီမပါဝင်တဲ့အသားကိုစားဖို့လိုအပ်ပါတယ်။အစာကိုစားချင်စိတ်မရှိသော်လည်းဒီအစာကိုစားသုံးတာကြောင့်ရောဂါကိုတွန်းလှန်နိုင်ဖို့စွမ်းအင်ရရှိနိုင်ပါတယ်။ဟင်းသီးဟင်းရွက်ဖျော်ရည်။အဖျားရှိခါစမှဟင်းရွက်သုတ်တွေကိုစားချင်စိတ်မရှိရင်ဟင်းသီးဟင်းရွက်ဖျော်ရည်ကိုသောက်ပေးပါ။သူတို့မှာပါဝင်တဲ့များစွာသောဓာတ်တိုးပစ္စည်းမျိုးစုံကြောင့်ခုခံအားစနစ်မြင့်တက်လာနိုင်ပါတယ်။ကြက်စွပ်ပြုတ်ရည်။

သူ့ကြောင့်အာဟာရရရှိနိုင်သလိုအရည်ဓာတ်လည်းရရှိနိုင်ပါတယ်။ရောဂါအမြန်ပျောက်ကင်းဖို့လည်းကူညီနိုင်ပါတယ်ကြက်စွပ်ပြုတ်ရည်ပူပူနွေးနွေးကိုသောက်တာကနှာခေါင်းမှအမွေးအမှင်တွေကဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်ပိုးမွှားတွေကိုတိုက်ထုတ်ဖို့ကူညီနိုင်ပါတယ်။ကြက်သွန်ဖြူ။ကြက်သွန်ဖြူကခုခံအားစနစ်ကိုမြှင့်တင်ပေးနိုင်စွမ်းရှိပါတယ်။ဂျင်း။ဂျင်းကပျို့တာနဲ့ဝမ်းဗိုက်မအီမသာဖြစ်တာကိုသက်သာနိုင်ပါတယ်။ရောင်ရမ်းမှုကိုလည်းလျော့ကျနိုင်ပါတယ်။လက်ဖက်ရည်ကြမ်းပူပူ။ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တဲ့ရေနွေးကြမ်း၊လက်ဖက်ရည်၊Oolongလက်ဖက်ရည်သောက်ပါ။

နှာပိတ်တာသက်သာအောင်ရေနွေးကြမ်းကငွေ့ကိုရှူပါ။လည်ချောင်းနာတာသက်သာအောင်ရေနွေးကြမ်းထဲပျားရည်နဲ့ရှောက်ရည်ထည့်သောက်ပါ။ငှက်ပျောသီး။သူကအစာကြေလွယ်တဲ့အစားအစာပါ။ပျို့တာ၊အန်တာနဲ့ဝမ်းပျက်ဝမ်းလျောဖြစ်သူတွေစားသင့်ပါတယ်။ပေါင်မုန့်ကင်။ဖျားနာတာကိုတွန်းလှန်နိုင်ဖို့ပေါင်မုန့်ကင်ဒါမှမဟုတ်ခရက်ကာတွေကိုစားသုံးနိုင်ပါတယ်။အစာသိပ်မဝင်တဲ့အချိန်မှာဒီအစာတွေကိုကြက်စွပ်ပြုတ်နဲ့အတူတူစားပါ။

အားဖြည့်ဖျော်ရည်များ။နလံပြန်ထခါစမှာအာဟရနဲ့ကယ်လိုရီအပြည့်အဝရရှိအောင်မိုင်လို၊အိုဗာတင်းနဲ့အင်ရှူးဝါးလိုမျိုးဖျော်ရည်တွေသောက်ပါ။ပရိုတင်းအနည်းဆုံးဂရမ်ပါပြီးသကြားပါဝင်မှုနည်းကာလက်တို့စ်မပါဝင်တဲ့ညဖျော်ရည်ဖြစ်ရပါမယ်။ရေခဲချောင်း။လည်ချောင်းနာနေရင်၊ရောင်ရမ်းနေရင်ဒါမှမဟုတ်ခြောက်သွေ့နေရင်ရေခဲချောင်းစားတာကဒီဝေဒနာတွေကိုသက်သာနိုင်ပါတယ်။ရေခဲချောင်းစားတာကတုပ်ကွေးရောဂါကိုတွန်းလှန်ဖို့အဓိကအချက်ဖြစ်တဲ့ရေဓာတ်ပြည့်ဝမှုကိုရရှိစေနိုင်ပါတယ်။ရေများများရရှိတာကြောင့်သလိပ်ျပျာ်ဝင်နိုင်ပြီးနှာပိတ်တာ၊ရင်ကျပ်တာသက်သာနိုင်ပါတယ်။အာဟာရအပြည့်အဝရရှိဖို့သစ်သီး၁၀၀ပါဝင်တဲ့ရေခဲချောင်းပြုလုပ်ပြီးစားပါ။

Credit ငြိမ်းနိုင်

Zawgyi Version

ကြက်သားဒါမှမဟုတ်အမဲသားညှပ်ပေါင်မုန့်။ဖျားပြီးကိုယ်လက်ကိုက်နေရင်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာဖြစ်တဲ့အဆီမပါဝင်တဲ့အသားကိုစားဖို့လိုအပ်ပါတယ်။အစာကိုစားချင်စိတ်မရှိသော်လည်းဒီအစာကိုစားသုံးတာကြောင့်ရောဂါကိုတွန်းလှန်နိုင်ဖို့စွမ်းအင်ရရှိနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်ဖျော်ရည်။အဖျားရှိခါစမှဟင်းရွက်သုတ်တွေကိုစားချင်စိတ်မရှိရင်ဟင်းသီးဟင်းရွက်ဖျော်ရည်ကိုသောက်ပေးပါ။သူတို့မှာပါဝင်တဲ့များစွာသောဓာတ်တိုးပစ္စည်းမျိုးစုံကြောင့်ခုခံအားစနစ်မြင့်တက်လာနိုင်ပါတယ်။

ကြက်စွပ်ပြုတ်ရည်။သူ့ကြောင့်အာဟာရရရှိနိုင်သလိုအရည်ဓာတ်လည်းရရှိနိုင်ပါတယ်။ရောဂါအမြန်ပျောက်ကင်းဖို့လည်းကူညီနိုင်ပါတယ်။ကြက်စွပ်ပြုတ်ရည်ပူပူနွေးနွေးကိုသောက်တာကနှာခေါင်းမှအမွေးအမှင်တွေကဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်ပိုးမွှားတွေကိုတိုက်ထုတ်ဖို့ကူညီနိုင်ပါတယ်။

ကြက်သွန်ဖြူ။ကြက်သွန်ဖြူကခုခံအားစနစ်ကိုမြှင့်တင်ပေးနိုင်စွမ်းရှိပါတယ်။ဂျင်း။ဂျင်းကပျို့တာနဲ့ဝမ်းဗိုက်မအီမသာဖြစ်တာကိုသက်သာနိုင်ပါတယ်။ရောင်ရမ်းမှုကိုလည်းလျော့ကျနိုင်ပါတယ်။လက်ဖက်ရည်ကြမ်းပူပူ။ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တဲ့ရေနွေးကြမ်း၊လက်ဖက်ရည်၊Oolongလက်ဖက်ရည်သောက်ပါ။နှာပိတ်တာသက်သာအောင်ရေနွေးကြမ်းကအငွေ့ကိုရှူပါ။လည်ချောင်းနာတာသက်သာအောင်ရေနွေးကြမ်းထဲပျားရည်နဲ့ရှောက်ရည်ထည့်သောက်ပါ။ငှက်ပျောသီး။သူကအစာကြေလွယ်တဲ့အစားအစာပါ။ပျို့တာ၊အန်တာနဲ့ဝမ်းပျက်ဝမ်းလျောဖြစ်သူတွေစားသင့်ပါတယ်။

ပေါင်မုန့်ကင်။ဖျားနာတာကိုတွန်းလှန်နိုင်ဖို့ပေါင်မုန့်ကင်ဒါမှမဟုတ်ခရက်ကာတွေကိုစားသုံးနိုင်ပါတယ်။အစာသိပ်မဝင်တဲ့အချိန်မှာဒီအစာတွေကိုကြက်စွပ်ပြုတ်နဲ့အတူတူစားပါ။အားဖြည့်ဖျော်ရည်များ။

နလံပြန်ထခါစမှာအာဟရနဲ့ကယ်လိုရီအပြည့်အဝရရှိအောင်မိုင်လို၊အိုဗာတင်းနဲ့အင်ရှူးဝါးလိုမျိုးဖျော်ရည်တွေသောက်ပါ။ပရိုတင်းအနည်းဆုံး၆ဂရမ်ပါပြီးသကြားပါဝင်မှုနည်းကာလက်တို့စ်မပါဝင်တဲ့ညဖျော်ရည်ဖြစ်ရပါမယ်။

ရေခဲချောင်း။လည်ချောင်းနာနေရင်၊ရောင်ရမ်းနေရင်ဒါမှမဟုတ်ခြောက်သွေ့နေရင်ရေခဲချောင်းစားတာကဒီဝေဒနာတွေကိုသက်သာနိုင်ပါတယ်။ရေခဲချောင်းစားတာကတုပ်ကွေးရောဂါကိုတွန်းလှန်ဖို့အဓိကအချက်ဖြစ်တဲ့ရေဓာတ်ပြည့်ဝမှုကိုရရှိစေနိုင်ပါတယ်။ရေများများရရှိတာကြောင့်သလိပ်ျပျာ်ဝင်နိုင်ပြီးနှာပိတ်တာ၊ရင်ကျပ်တာသက်သာနိုင်ပါတယ်။အာဟာရအပြည့်အဝရရှိဖို့သစ်သီး၁၀၀% ပါဝင်တဲ့ရေခဲချောင်းပြုလုပ်ပြီးစားပါ။

Credit ငြိမ်းနိုင်