Local News

ရန်ကုန်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်သုံးယောက်စလုံး ဖျားနေတာကြောင့် အဝေးတစ်နေရာကနေ စိုးရိမ်ပူပန်နေရတဲ့ ဌက်ပျော်ကြော်

သရုပ်ဆောင် ဌက်ပျော်ကြော်ကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က သူ့ရဲ့ လူမှုကွန်ယက်တွင် စိတ်ပူနေတဲ့ ကိစ္စတစ်ခုကို ရင်ဖွင့်ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ ရန်ကုန်မှာ ကျန်ခဲ့တဲ့ ဇနီးနဲ့ သားနှစ်ယောက်လုံ

ဖျားနေပြီးသားအငယ်ဆုံးလေးမှာ အနံ့ပျောက်နေပြီဖြစ်တဲ့အတွက် အဝေးတစ်နေရာကနေ စိုးရိမ်ပူပန်နေတာ ဖြစ်ပါတယ်။ပရိသတ်များကလည်း အရမ်းကြီး စိတ်မပူရန်နဲ့ သူတို့ သိတဲ့ နည်းလမ်းတစ်ချို့ကို comment များရေးသားပြီးမျှဝေပေးထားတာ ဖြစ်ပါတယ်အနုပညာလောကမညီအစ်ကိုမောင်နှမများကလည်း ဌက်ပျော်ကြော်ရဲ့ ဇနီးနဲ့ သားနှစ်ယောက်စလုံး အမြန်ဆုံးသက်သာလာစေဖို့ ဆုတောင်းပေးရင်း လိုအပ်တာမှန်သမျှ ကူညီပေးမယ်ဖြစ်ကြောင်းကိုလည်း

ရေးသားထားကြတာကို မြင်တွေ့ရပါတယ်။ ဌက်ပျော်ကြော်ရဲ့ ဇနီးဖြစ်သူမှလည်း စဖျားခဲ့တဲ့ ဖြစ်စဉ်အသေးစိတ်ကို အခုလို ရေးသား ပြောပြထားတာ ဖြစ်ပါတယ် စဖျားတာက သားအငယ်ဆုံးဖြစ်ပြီး အနံ့လည်းမရ၊

အစားလည်းပျက်၊ ခေါင်းမထူနိုင်အောင် ဖြစ်ခဲ့ရကြောင်း ရေးသားထားတာပါ။ သူမကိုယ်တိုင်လည်း တစ်ရက်ပဲဖျားပြီး အခုတော့ အဖျားမရှိတော့ဘဲ ပြန်လည်သက်သာလာပြီ ဖြစ်ပါတယ်နှာခေါင်းအနှိုက်မခံချင်တဲ့အတွက် Positive လို့ သတ်မှတ်ထားပြီး ဒီရက်ပိုင်းအတွင်း အပြင်လည်းမထွက်ဘဲ အိမ်ထဲမှာပဲ ရက်ပြည့်တဲ့အထိ နေထိုင်မှာဖြစ်ကြောင်းကိုလည်း သူမရဲ့ လူမှုကွန်ယက်တွင် ရေးသားထားတာ ဖြစ်ပါတယ်။

သရုပ်ဆောင် အရိုင်းမှလည်း အဖျားမရှိတော့ဘူးဆိုပြီး မပေါ့ကြဖို့နဲ့ ဆရာဝန်တစ်ယောက်ရဲ့ ညွှန်ကြားချက်နှင့်အညီ နေထိုင်ကြဖို့ comment တွင် ရေးသားထားတာ ဖြစ်ပါတယ်။

သရုပ်ဆောင် ဌက်ပျော်ကြော်ရဲ့ မိသားစုဝင်များအားလုံး အမြန်ဆုံးပြန်လည် သက်သာပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်

Source and Photo Crd-Ngapyaw Kyaw’s and Nayzar Phonemyint’s Facebook Account

Credit

Zawgyi

သ႐ုပ္ေဆာင္ ဌက္ေပ်ာ္ေၾကာ္ကေတာ့ လြန္ခဲ့တဲ့ ရက္ပိုင္းေလာက္က သူ႔ရဲ႕ လူမႈကြန္ယက္တြင္ စိတ္ပူေနတဲ့ ကိစၥတစ္ခုကို ရင္ဖြင့္ေျပာျပလာခဲ့တာ ျဖစ္ပါတယ္။ ဒါကေတာ့ ရန္ကုန္မွာ က်န္ခဲ့တဲ့ ဇနီးနဲ႔ သားႏွစ္ေယာက္လုံ

ဖ်ားေနၿပီးသားအငယ္ဆုံးေလးမွာ အနံ႔ေပ်ာက္ေနၿပီျဖစ္တဲ့အတြက္ အေဝးတစ္ေနရာကေန စိုးရိမ္ပူပန္ေနတာ ျဖစ္ပါတယ္။ပရိသတ္မ်ားကလည္း အရမ္းႀကီး စိတ္မပူရန္နဲ႔ သူတို႔ သိတဲ့ နည္းလမ္းတစ္ခ်ိဳ႕ကို comment မ်ားေရးသားၿပီးမွ်ေဝေပးထားတာ ျဖစ္ပါတယ္အႏုပညာေလာကမညီအစ္ကိုေမာင္ႏွမမ်ားကလည္း ဌက္ေပ်ာ္ေၾကာ္ရဲ႕ ဇနီးနဲ႔ သားႏွစ္ေယာက္စလုံး အျမန္ဆုံးသက္သာလာေစဖို႔ ဆုေတာင္းေပးရင္း လိုအပ္တာမွန္သမွ် ကူညီေပးမယ္ျဖစ္ေၾကာင္းကိုလည္း

ေရးသားထားၾကတာကို ျမင္ေတြ႕ရပါတယ္။ ဌက္ေပ်ာ္ေၾကာ္ရဲ႕ ဇနီးျဖစ္သူမွလည္း စဖ်ားခဲ့တဲ့ ျဖစ္စဥ္အေသးစိတ္ကို အခုလို ေရးသား ေျပာျပထားတာ ျဖစ္ပါတယ္ စဖ်ားတာက သားအငယ္ဆုံးျဖစ္ၿပီး အနံ႔လည္းမရ၊

အစားလည္းပ်က္၊ ေခါင္းမထူႏိုင္ေအာင္ ျဖစ္ခဲ့ရေၾကာင္း ေရးသားထားတာပါ။ သူမကိုယ္တိုင္လည္း တစ္ရက္ပဲဖ်ားၿပီး အခုေတာ့ အဖ်ားမရွိေတာ့ဘဲ ျပန္လည္သက္သာလာၿပီ ျဖစ္ပါတယ္ႏွာေခါင္းအႏႈိက္မခံခ်င္တဲ့အတြက္ Positive လို႔ သတ္မွတ္ထားၿပီး ဒီရက္ပိုင္းအတြင္း အျပင္လည္းမထြက္ဘဲ အိမ္ထဲမွာပဲ ရက္ျပည့္တဲ့အထိ ေနထိုင္မွာျဖစ္ေၾကာင္းကိုလည္း သူမရဲ႕ လူမႈကြန္ယက္တြင္ ေရးသားထားတာ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ အ႐ိုင္းမွလည္း အဖ်ားမရွိေတာ့ဘူးဆိုၿပီး မေပါ့ၾကဖို႔နဲ႔ ဆရာဝန္တစ္ေယာက္ရဲ႕ ၫႊန္ၾကားခ်က္ႏွင့္အညီ ေနထိုင္ၾကဖို႔ comment တြင္ ေရးသားထားတာ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ ဌက္ေပ်ာ္ေၾကာ္ရဲ႕ မိသားစုဝင္မ်ားအားလုံး အျမန္ဆုံးျပန္လည္ သက္သာပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္Source and Photo Crd-Ngapyaw Kyaw’s and Nayzar Phonemyint’s Facebook Account

Credit