Knowledge

ဒီအင်္ဂါရပ်တွေနဲ့ပြည့်စုံနေတဲ့ မိန်မသားတစ်ယောက်ကို ဘယ်တော့မှ လက်မလွှတ်ပါနဲ့

လူတိုင်းကတော့ လှတာ မက်တာ ပါပဲ။ အထူးသဖြင့် ယောကျ်ားလေးတွေက လှတာလေးတွေ၊ ချစ်စရာကောင်းတဲ့ မိန်းကလေးတွေကို ပိုသဘောကျ ပါတယ်။ တကယ်တမ်း လက်တွဲမယ့် မိန်းကလေး တစ်ယောက်ဟာ လှနေဖို့လိုအပ် သလားဆိုရင် သူတို့ကတော့ လိုတယ်လို့ ပဲဖြေမှာ ပါပဲ။

လှတာထက် ဒီလိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံနေတဲ့ မိန်မသား တစ်ယောက်ကိုတော့ မင်းလက်မလွှတ်သင့် ပါဘူးတဲ့။ သူတို့က တကယ်ပဲ မင်းဘဝ အတွက် အထောက်ကူဖြစ်စေမယ့် ၊ လမ်းပြပေးနိုင်မယ့် မိန်းမကောင်းတွေ မို့လို့ပါပဲ။ပျော်ရွှင်မှုတွေပေးနိုင်သူမင်းချစ်တဲ့လူက ပျော်ရွှင်မှုတွေပေး နိုင်မယ် ထင်လား။ ပေးခဲ့ရင်လည်း ခဏပါပဲ။ ကိုယ်ကချစ်ပေမယ့် ထင်သလောက် မပျော်ရတဲ့ အချိန်တွေ ရှိမှာပါ။ အဓိက သူနဲ့ကိုယ်ကြားမှာ စိတ်ချမ်းသာစရာ ကိစ္စတွေပေးစွမ် းနိုင်တဲ့

မိန်းကလေးမျိုးပေါ့။သူ့ကိုတွေ့လိုက် တာနဲ့ အေးချမ်း သွားတာ မျိုးပေါ့။ ဒီလို ခံစားချက်မျိုး မိန်းကလေးတိုင်းပေးနိုင်မှာ မဟုတ်ပါဘူး။ မင်းအတွက် စစ်မှန်တဲ့ မိန်းကလေး တစ်ယောက်တည်းဆီကသာ မင်းရနိုင် မှာပါ။

ရိုးသားသူ

ဒီခေတ်ကြီးမှာ ရိုးသားတဲ့ လူဆိုတာ မရှိသလောက် ပါပဲ။ မရိုးသားတဲ့လူတစ်ယောက်ကို ယုံကြည်ဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ ပါဘူး။ အားလုံးက ဆက်စပ်နေ ပါတယ်။

မင်းအနေနဲ့ သူ့အပေါ် မယုံ ရရင်ပျော်ရွှင်မှု ဆိုတာလည်း ရှိတော့မှာ မဟုတ်ပါဘူး။ တကယ်လို့ ရိုးသားသူကိုတွေ့ပြီဆိုရင်တော့ ဒီမိန်းကလေးကို လက်မလွှတ် ပါနဲ့။အကောင်းမြင်သူ

ဒီလိုလူမျိုးလည်း ရှားပါတယ်။ ဒါပေမယ့် ရှိတော့ ရှိတယ်။ အရာရာတိုင်း အပေါ် အကောင်းမြင်တတ်ပြီး မနာလို စိတ်ကင်းတဲ့ မိန်းကလေး ဆိုတာ ရှားပါ တယ်။ အနည်းကျဉ်းတော့ မသိစိတ်လေးမှာ အဆိုးမြင် စိတ်တွေ ပေါက်ဖွားကြ မှာပါပဲ။

ဒါပေမယ့် အမြဲတမ်း အဆိုးမြင်တတ်တဲ့ မိန်းမမျိုး ဆို မင်းအတွက် မွန်းကြပ်စေ မှာပါ။ သူမရဲ့အပြောဆိုအောက်မှာ မင်းနေ့တိုင်း ခေါင်းကိုက်နေ ရပါ လိမ့်မယ်။

မင်းရဲ့ရည်မှန်းချက်တွေ ဖြည့်ဆည်းပေး

မင်း ဘာဖြစ်ချင်လဲ ၊ ဘယ်လမ်းလျှောက်ချင်တဲ့ဆို သူမပါအတူ လမ်းဖောက်ပေးမယ့်သူမျိုးပေါ့။ ရည်မှန်းချက် အိပ်မက်တွေ အကောင်ထည်ဖော်ဖို့ ဘေးကနေ အားအင်အဖြစ် ပံ့ပိုးပေးနိုင် သူမျိုးဖြစ် ပါတယ်။

ယောကျ်ားလေးတွေဟာ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ဘေးနားက အားဖြစ်စေမယ့်မိန်းကလေးတစ်ယောက် ကိုတော့ အမြဲလိုအပ် ပါတယ်။

ဆက်ဆံရေးကောင်းသူအပေါ်ယံပေါင်းသင်း တတ်တာမျိုးပြောတာ မဟုတ်ပါဘူး။ လူတိုင်းနဲ့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဝင်ဆံံ့နိုင်အောင် ပေါင်းသင်းနိုင်တဲ့ မိန်းကလေးမျိုးပါ။ စတွေ့တာနဲ့ အပေါ်ယံကြည့် ဆုံးဖြတ်တာ မျိုးမဟုတ်ပဲ

စကားတွေပြောကြည့်ပြီး အဆင်ပြေအောင် နေတတ်သူပေါ့။ဆက်ဆံရေးကောင်းတဲ့ မိန်းကယောက် တစ်ယောက်ကို ပိုင်ဆိုင် ထားရတာဟာ မင်းအတွက်ဆုလာဘ် တစ်ခု ပါပဲ။ဒီအချက်တွေ နဲ့လည်း ပြည့်စုံပြီ။ သူမကလည်း လှတယ် ဆိုရင်တော့ ဘုရားကပေးတဲ့ အပိုဆုလေးကို မင်းပိုင်ဆိုင်ထားတာပါပဲ… ကဲဘာများလိုဦးမလဲ

Credit:မေသင်္ကြန်ဟိန်(မြစ်မခ)

Zawgyi

လူတိုင္းကေတာ့ လွတာ မက္တာ ပါပဲ။ အထူးသျဖင့္ ေယာက်္ားေလးေတြက လွတာေလးေတြ၊ ခ်စ္စရာေကာင္းတဲ့ မိန္းကေလးေတြကို ပိုသေဘာက် ပါတယ္။ တကယ္တမ္း လက္တြဲမယ့္ မိန္းကေလး တစ္ေယာက္ဟာ လွေနဖို႔လိုအပ္ သလားဆိုရင္ သူတို႔ကေတာ့ လိုတယ္လို႔ ပဲေျဖမွာ ပါပဲ။

လွတာထက္ ဒီလိုအဂၤါရပ္ေတြနဲ႔ ျပည့္စုံေနတဲ့ မိန္မသား တစ္ေယာက္ကိုေတာ့ မင္းလက္မလႊတ္သင့္ ပါဘူးတဲ့။ သူတို႔က တကယ္ပဲ မင္းဘဝ အတြက္ အေထာက္ကူျဖစ္ေစမယ့္ ၊ လမ္းျပေပးႏိုင္မယ့္ မိန္းမေကာင္းေတြ မို႔လို႔ပါပဲ။ေပ်ာ္႐ႊင္မႈေတြေပးႏိုင္သူမင္းခ်စ္တဲ့လူက ေပ်ာ္႐ႊင္မႈေတြေပး ႏိုင္မယ္ ထင္လား။ ေပးခဲ့ရင္လည္း ခဏပါပဲ။ ကိုယ္ကခ်စ္ေပမယ့္ ထင္သေလာက္ မေပ်ာ္ရတဲ့ အခ်ိန္ေတြ ရွိမွာပါ။ အဓိက သူနဲ႔ကိုယ္ၾကားမွာ စိတ္ခ်မ္းသာစရာ ကိစၥေတြေပးစြမ္ းႏိုင္တဲ့

မိန္းကေလးမ်ိဳးေပါ့။သူ႔ကိုေတြ႕လိုက္ တာနဲ႔ ေအးခ်မ္း သြားတာ မ်ိဳးေပါ့။ ဒီလို ခံစားခ်က္မ်ိဳး မိန္းကေလးတိုင္းေပးႏိုင္မွာ မဟုတ္ပါဘူး။ မင္းအတြက္ စစ္မွန္တဲ့ မိန္းကေလး တစ္ေယာက္တည္းဆီကသာ မင္းရႏိုင္ မွာပါ။

႐ိုးသားသူ

ဒီေခတ္ႀကီးမွာ ႐ိုးသားတဲ့ လူဆိုတာ မရွိသေလာက္ ပါပဲ။ မ႐ိုးသားတဲ့လူတစ္ေယာက္ကို ယုံၾကည္ဖို႔ ဆိုတာလည္း မျဖစ္ႏိုင္ေတာ့ ပါဘူး။ အားလုံးက ဆက္စပ္ေန ပါတယ္။

မင္းအေနနဲ႔ သူ႔အေပၚ မယုံ ရရင္ေပ်ာ္႐ႊင္မႈ ဆိုတာလည္း ရွိေတာ့မွာ မဟုတ္ပါဘူး။ တကယ္လို႔ ႐ိုးသားသူကိုေတြ႕ၿပီဆိုရင္ေတာ့ ဒီမိန္းကေလးကို လက္မလႊတ္ ပါနဲ႔။

အေကာင္းျမင္သူဒီလိုလူမ်ိဳးလည္း ရွားပါတယ္။ ဒါေပမယ့္ ရွိေတာ့ ရွိတယ္။ အရာရာတိုင္း အေပၚ အေကာင္းျမင္တတ္ၿပီး မနာလို စိတ္ကင္းတဲ့ မိန္းကေလး ဆိုတာ ရွားပါ တယ္။ အနည္းက်ဥ္းေတာ့ မသိစိတ္ေလးမွာ အဆိုးျမင္ စိတ္ေတြ ေပါက္ဖြားၾက မွာပါပဲ။

ဒါေပမယ့္ အၿမဲတမ္း အဆိုးျမင္တတ္တဲ့ မိန္းမမ်ိဳး ဆို မင္းအတြက္ မြန္းၾကပ္ေစ မွာပါ။ သူမရဲ႕အေျပာဆိုေအာက္မွာ မင္းေန႔တိုင္း ေခါင္းကိုက္ေန ရပါ လိမ့္မယ္။

မင္းရဲ႕ရည္မွန္းခ်က္ေတြ ျဖည့္ဆည္းေပး

မင္း ဘာျဖစ္ခ်င္လဲ ၊ ဘယ္လမ္းေလွ်ာက္ခ်င္တဲ့ဆို သူမပါအတူ လမ္းေဖာက္ေပးမယ့္သူမ်ိဳးေပါ့။ ရည္မွန္းခ်က္ အိပ္မက္ေတြ အေကာင္ထည္ေဖာ္ဖို႔ ေဘးကေန အားအင္အျဖစ္ ပံ့ပိုးေပးႏိုင္ သူမ်ိဳးျဖစ္ ပါတယ္။

ေယာက်္ားေလးေတြဟာ ဘယ္ေလာက္ပဲ ႀကိဳးစား ႀကိဳးစား ေဘးနားက အားျဖစ္ေစမယ့္မိန္းကေလးတစ္ေယာက္ ကိုေတာ့ အၿမဲလိုအပ္ ပါတယ္။

ဆက္ဆံေရးေကာင္းသူအေပၚယံေပါင္းသင္း တတ္တာမ်ိဳးေျပာတာ မဟုတ္ပါဘူး။ လူတိုင္းနဲ႔ ရင္ထဲက လႈိက္လႈိက္လွဲလွဲ ဝင္ဆံံ့ႏိုင္ေအာင္ ေပါင္းသင္းႏိုင္တဲ့ မိန္းကေလးမ်ိဳးပါ။ စေတြ႕တာနဲ႔ အေပၚယံၾကည့္ ဆုံးျဖတ္တာ မ်ိဳးမဟုတ္ပဲ

စကားေတြေျပာၾကည့္ၿပီး အဆင္ေျပေအာင္ ေနတတ္သူေပါ့။ဆက္ဆံေရးေကာင္းတဲ့ မိန္းကေယာက္ တစ္ေယာက္ကို ပိုင္ဆိုင္ ထားရတာဟာ မင္းအတြက္ဆုလာဘ္ တစ္ခု ပါပဲ။

ဒီအခ်က္ေတြ နဲ႔လည္း ျပည့္စုံၿပီ။ သူမကလည္း လွတယ္ ဆိုရင္ေတာ့ ဘုရားကေပးတဲ့ အပိုဆုေလးကို မင္းပိုင္ဆိုင္ထားတာပါပဲ… ကဲဘာမ်ားလိုဦးမလဲ

Credit:ေမသၾကၤန္ဟိန္(ျမစ္မခ)