Local News

ပြည်သူတွေ သိထားသင့်တဲ့ ယခုတခေါက် အခြေခံ လူတန်းစား ထောက်ပံ့ကြေး (၄) သောင်း ကိစ္စ

လှိုင်မြို့နယ် အမတ်ပြောတဲ့ အခြေခံ လူတန်းစား ထောက်ပံ့ကြေး (၄) သောင်း ကိစ္စအခြားမြို့နယ်က ပြည်သူတွေလဲ သိထားသင့်ပါတယ်လှိုင်မြို့နယ်တွင် အခြေခံလူတန်းစား ထောက်ပံကြေးများ ပေးအပ်တော့မည် ဖြစ်ပါသည်။ အိမ်ထောင်စုပေါင်း(၁၀၂၀၀) ရရှိပါသည်။ ရရှိသည့် အိမ်ထောင်စုများကို ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင် စာရင်း ကပ်ထားပါသည်။အမှားအယွင်းတော့ မကင်းနိုင်ပါ။ အတတ်နိုင်ဆုံး ရသင့်ရထိုက်သူများ ရရှိစေရန် ကြိုးစား ဆောင်ရွက်ထားပါသည်။စာရင်းမပေးမိသူများ၊ ကျန်ရစ်ခဲ့သူများ၊ ယခင်အကြိမ်များက တောက်လျှောက် ရနေသူများ မပါဝင်ခြင်း ရှိနိုင်ပါသည်။တချို့လူလည်ကျသူများလည်း ရှိပါသည်။ ယခင်က ယောက်ကျားနာမည်နှင့် ရရှိထားပြီး ယခုတစ်ခေါက်မိန်းမ နာမည်နှင့် လျှောက်၍ စိစစ်သူများ မျက်စိလည်သွားခြင်းများလည်း ရှိပါသည်။အိမ်ထောင်စု အားလုံးကို မပေးနိုင်၍ ထောက်ပံ့ကြေး ရသူ၊ မရသူ နှင့် သူရထိုက်တယ် ငါရသင့်တယ်အငြင်းပွားမှုများ ရှိနိုင်ပါသည်။ တအိမ်တွင် မိသားစု သုံးလေးစု ရှိနေခြင်းများတွင် ကျန်ရစ်ခဲ့သူများ ရှိနိုင်ပါသည်။ကျန်ရစ်ခဲ့သူများ စာရင်း ပေးထားကြပါ နောက်တစ်ကြိမ်ပေးလျှင် ရပါမည်။လူတိုင်းကို ပေးနေခြင်း မဟုတ်ပါ။ ရပိုင်ခွင့်ဟု မမှတ်ယူပါနှင့်။ အတတ်နိုင်ဆုံး ညှိနိူင်းဆောင်ရွက်ကြပါ။မယူသင့်သူများ မရသင့်သူများ မယူပါနှင့်။ အခြားသူများကို ဦးစားပေးကြပါ။ရပ်ကွက်အုပ်ချုပ်ရေးမှုးများ ခေါင်းရှုပ်ပါမည်။ စိတ်ရှည် သည်းခံ ညှိနိူင်းပေးကြပါ။ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့် လမ်းမှုးများ အဂတိကင်းပါစေ။ အထူးသဖြင့် ဆန္ဒာဂတိ ကင်းကြပါစေ။လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးကျော်ကျော်ဦး။

Credit ငြိမ်းနိုင်

zawgyi

 

လှိုင်မြို့နယ် အမတ်ပြောတဲ့ အခြေခံ လူတန်းစား ထောက်ပံ့ကြေး (၄) သောင်း ကိစ္အခြားမြို့နယ်က ပြည်သူတွေလဲ သိထားသင့်ပါတယ်လှိုင်မြို့နယ်တွင် အခြေခံလူတန်းစား ထောက်ပံကြေးများ ပေးအပ်တော့မည် ဖြစ်ပါသည်။ အိမ်ထောင်စုပေါင်း(၁၀၂၀၀) ရရှိပါသည်။ ရရှိသည့် အိမ်ထောင်စုများကို ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင် စာရင်း ကပ်ထားပါသည်။

အမှားအယွင်းတော့ မကင်းနိုင်ပါ။ အတတ်နိုင်ဆုံး ရသင့်ရထိုက်သူများ ရရှိစေရန် ကြိုးစား ဆောင်ရွက်ထားပါသည်။စာရင်းမပေးမိသူများ၊ ကျန်ရစ်ခဲ့သူများ၊ ယခင်အကြိမ်များက တောက်လျှောက် ရနေသူများ မပါဝင်ခြင်း ရှိနိုင်ပါသည်။တချို့လူလည်ကျသူများလည်း ရှိပါသည်။ ယခင်က ယောက်ကျားနာမည်နှင့် ရရှိထားပြီး ယခုတစ်ခေါက်မိန်းမ နာမည်နှင့် လျှောက်၍ စိစစ်သူများ မျက်စိလည်သွားခြင်းများလည်း ရှိပါသည်။အိမ်ထောင်စု အားလုံးကို မပေးနိုင်၍ ထောက်ပံ့ကြေး ရသူ၊ မရသူ နှင့် သူရထိုက်တယ် ငါရသင့်တယ်အငြင်းပွားမှုများ ရှိနိုင်ပါသည်။ တအိမ်တွင် မိသားစု သုံးလေးစု ရှိနေခြင်းများတွင် ကျန်ရစ်ခဲ့သူများ ရှိနိုင်ပါသည်။ကျန်ရစ်ခဲ့သူများ စာရင်း ပေးထားကြပါ နောက်တစ်ကြိမ်ပေးလျှင် ရပါမည်။လူတိုင်းကို ပေးနေခြင်း မဟုတ်ပါ။ ရပိုင်ခွင့်ဟု မမှတ်ယူပါနှင့်။ အတတ်နိုင်ဆုံး ညှိနိူင်းဆောင်ရွက်ကြပါ။မယူသင့်သူများ မရသင့်သူများ မယူပါနှင့်။ အခြားသူများကို ဦးစားပေးကြပါ။ရပ်ကွက်အုပ်ချုပ်ရေးမှုးများ ခေါင်းရှုပ်ပါမည်။ စိတ်ရှည် သည်းခံ ညှိနိူင်းပေးကြပါ။ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့် လမ်းမှုးများ အဂတိကင်းပါစေ။ အထူးသဖြင့် ဆန္ဒာဂတိ ကင်းကြပါစေ။လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးကျော်ကျော်ဦး။

Credit ငြိမ်းနိုင်