Love

ဘယ်လောက်ချစ်ချစ် လက်ထပ်ဖို့ လုံး၀ လုံး၀ မရွေးချယ်သင့်တဲ့ လူ (၄) မျိုး

တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ နေရ ဆိုတဲ့ ခေတ်ကြီးက ကျန်ခဲ့ပါပြီ။ အချစ်တစ်မျက်နှာပဲ ကြည့်ပြီး တစ်ဘဝလုံး စိတ်မချမ်းမြေ့စေမယ့် အိမ်ထောင်ရေးကို ရမှာမျိုးက လက်တွေ့မှာ အဆင်ပြေမနေပါဘူး။

ဒါကြောင့် လက်မထပ်ခင်မှာ သေချာ စဉ်းစားသင့်တာပဲ ဖြစ်ပါတယ်။လက်မထပ်ခင် စဉ်းစားတဲ့အချက်ထဲမှာ အခုလို လူမျိုးတွေဆိုရင် ပိုပြီးတောင် တွေးသင့်ပါတယ်နော်။

(၁) စိတ်ညစ်အောင် အမြဲလုပ်သူဘဝတစ်ခု တည်ဆောက်တယ်ဆိုတာ ဆိုးတူကောင်းဘက် အတူ ဘဝကို ဖြတ်သန်းတာမျိုး ဖြစ်ပါတယ်။ ချစ်သူဘဝကတော့ အိမ်ထောင်သည်ဘဝမှာ ဘယ်လို ဖြစ်နိုင်တယ်ဆိုတာကို အကဲဖြတ်လို့ ရနိုင်ပါတယ်။သင့်ကို အမြဲ စိတ်ညစ်အောင် စိုးရိမ်နေအောင် ပြုလုပ်တဲ့သူဆိုရင် သတိထားပြီး စဉ်းစားသင့်ပါတယ်။အိမ်ထောင်ပြုပြီးလို့လည်း သင့်ကို ဂရုမစိုက် စိတ်မချမ်းသာစေတတ်သူဆိုရင် သင်ပဲ တစ်ဘဝလုံး စိတ်ညစ်ရမှာ ဖြစ်ပါတယ်။

(၂) လောင်းကစားမက်သူလောင်းကစားဆိုတာမျိုးက စွဲလမ်းတတ်တဲ့ အရာ ဖြစ်ပြီး ဘဝပျက်စေနိုင်ပါတယ်။ ဒါကြောင့် အကယ်၍ ကိုယ့်ချစ်သူက ရံဖန်ရံခါ လောင်းကစား လုပ်တာမျိုး မဟုတ်ဘဲ

ရေရှည်စွဲလုပ်တယ်ဆိုရင် ဆွေးနွေးသင့်ပါတယ်။ တကယ်လို့ သူက လောင်းကစားဖြတ်ဖို့ မစဉ်းစားဘဲ အမြဲလိုလို လောင်းကစားလုပ်ပြီး ငွေကြေး မတည်မငြိမ် ဖြစ်နေရင်တော့လက်ထပ်ဖို့အတွက် မတွေးသင့်ပါဘူး။လောင်းကစားမက်လွန်းပြီး အိမ်အတွက် မကြည့်မိလောက်ဖြစ်လို့ စိတ်ဆင်းရဲတာမျိုးကို အမြဲ ခံစားနေရမှာပါနော်။(၃) တစ်ကိုယ်ကောင်းဆန်လွန်းသူလင်နဲ့မယား လျှာနဲ့သွားဆိုသလို ရန်ဖြစ်တာတွေ ပြေလည်တာတွေ ရှိနိုင်တာကတော့ သဘာဝပါ။ ဒါပေမယ့်လည်း တစ်ကိုယ်ကောင်းဆန်တဲ့သူနဲ့သာ အိမ်ထောင်ကျသွားရင် အမြဲ တကျက်ကျက်လို ရန်ဖြစ်ရတတ်ပါတယ်။

မိသားစုလို မတွေးဘဲ ကိုယ့်ဖို့အရင်တွေးပြီးမှ မိသားစုကို သတိရတာမျိုးက သင့်ကို အမြဲ စိတ်အနှောင့်အယှက် ဖြစ်နေစေမှာ ဖြစ်သလို အခက်တွေ့စေတာမျိုးလည်း ကြုံရနိုင်ပါတယ်။

(၄) လိင်ကိစ္စ စိတ်ဝင်စားလွန်းသူလိင်စိတ်ဆန္ဒက လူတိုင်းမှာ ရှိကြပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီး လိင်စိတ်တပ်မက်မှု ပြင်းထန်ကြတယ်ဆိုပေမယ့် အမျိုးသားတွေက ဒီသဘာဝကို အသိစိတ်နဲ့ ဆင်ခြင်နေထိုင်ကြရတာပါ။

ဒါပေမယ့် တစ်ချို့သူတွေကတော့ ပုံမှန်ထက် လွန်ကဲစွာ လိင်စိတ်ဆန္ဒကို ခံစားလိုကြတာက အိမ်ထောင်ရေးဖောက်ပြန်မှုတွေအထိ ဖြစ်နိုင်ပါတယ်။ဒါကြောင့် ချစ်သူဘဝမှာတည်းက အတင်းအကြပ်တောင်းဆိုမှုတွေနဲ့

မဖြည့်ဆည်းပေးရင် မကျေနပ်တာမျိုးတွေ ရှိနေရင်တော့ လက်ထပ်ဖို့ မတွေးတာ အကောင်းဆုံးပါပဲနော်။အားလုံးပဲ သာယာချိုမြိန်တဲ့ အိမ်ထောင်ရေးတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်။

Kham

Credit

Zawgyi

တူႏွစ္ကိုယ္ တဲအိုပ်က္မွာ ေနရ ေနရ ဆိုတဲ့ ေခတ္ႀကီးက က်န္ခဲ့ပါၿပီ။ အခ်စ္တစ္မ်က္ႏွာပဲ ၾကည့္ၿပီး တစ္ဘဝလုံး စိတ္မခ်မ္းေျမ့ေစမယ့္ အိမ္ေထာင္ေရးကို ရမွာမ်ိဳးက လက္ေတြ႕မွာ အဆင္ေျပမေနပါဘူး။

ဒါေၾကာင့္ လက္မထပ္ခင္မွာ ေသခ်ာ စဥ္းစားသင့္တာပဲ ျဖစ္ပါတယ္။လက္မထပ္ခင္ စဥ္းစားတဲ့အခ်က္ထဲမွာ အခုလို လူမ်ိဳးေတြဆိုရင္ ပိုၿပီးေတာင္ ေတြးသင့္ပါတယ္ေနာ္။

(၁) စိတ္ညစ္ေအာင္ အၿမဲလုပ္သူဘဝတစ္ခု တည္ေဆာက္တယ္ဆိုတာ ဆိုးတူေကာင္းဘက္ အတူ ဘဝကို ျဖတ္သန္းတာမ်ိဳး ျဖစ္ပါတယ္။ ခ်စ္သူဘဝကေတာ့ အိမ္ေထာင္သည္ဘဝမွာ ဘယ္လို ျဖစ္ႏိုင္တယ္ဆိုတာကို အကဲျဖတ္လို႔ ရႏိုင္ပါတယ္။သင့္ကို အၿမဲ စိတ္ညစ္ေအာင္ စိုးရိမ္ေနေအာင္ ျပဳလုပ္တဲ့သူဆိုရင္ သတိထားၿပီး စဥ္းစားသင့္ပါတယ္။အိမ္ေထာင္ျပဳၿပီးလို႔လည္း သင့္ကို ဂ႐ုမစိုက္ စိတ္မခ်မ္းသာေစတတ္သူဆိုရင္ သင္ပဲ တစ္ဘဝလုံး စိတ္ညစ္ရမွာ ျဖစ္ပါတယ္။

(၂) ေလာင္းကစားမက္သူေလာင္းကစားဆိုတာမ်ိဳးက စြဲလမ္းတတ္တဲ့ အရာ ျဖစ္ၿပီး ဘဝပ်က္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အကယ္၍ ကိုယ့္ခ်စ္သူက ရံဖန္ရံခါ ေလာင္းကစား လုပ္တာမ်ိဳး မဟုတ္ဘဲ

ေရရွည္စြဲလုပ္တယ္ဆိုရင္ ေဆြးေႏြးသင့္ပါတယ္။ တကယ္လို႔ သူက ေလာင္းကစားျဖတ္ဖို႔ မစဥ္းစားဘဲ အၿမဲလိုလို ေလာင္းကစားလုပ္ၿပီး ေငြေၾကး မတည္မၿငိမ္ ျဖစ္ေနရင္ေတာ့

လက္ထပ္ဖို႔အတြက္ မေတြးသင့္ပါဘူး။ေလာင္းကစားမက္လြန္းၿပီး အိမ္အတြက္ မၾကည့္မိေလာက္ျဖစ္လို႔ စိတ္ဆင္းရဲတာမ်ိဳးကို အၿမဲ ခံစားေနရမွာပါေနာ္။

(၃) တစ္ကိုယ္ေကာင္းဆန္လြန္းသူလင္နဲ႔မယား လွ်ာနဲ႔သြားဆိုသလို ရန္ျဖစ္တာေတြ ေျပလည္တာေတြ ရွိႏိုင္တာကေတာ့ သဘာဝပါ။ ဒါေပမယ့္လည္း တစ္ကိုယ္ေကာင္းဆန္တဲ့သူနဲ႔သာ အိမ္ေထာင္က်သြားရင္ အၿမဲ တက်က္က်က္လို ရန္ျဖစ္ရတတ္ပါတယ္။မိသားစုလို မေတြးဘဲ ကိုယ့္ဖို႔အရင္ေတြးၿပီးမွ မိသားစုကို သတိရတာမ်ိဳးက သင့္ကို အၿမဲ စိတ္အေႏွာင့္အယွက္ ျဖစ္ေနေစမွာ ျဖစ္သလို အခက္ေတြ႕ေစတာမ်ိဳးလည္း ႀကဳံရႏိုင္ပါတယ္။

(၄) လိင္ကိစၥ စိတ္ဝင္စားလြန္းသူလိင္စိတ္ဆႏၵက လူတိုင္းမွာ ရွိၾကပါတယ္။ အမ်ိဳးသားေတြက အမ်ိဳးသမီးေတြထက္ ပိုၿပီး လိင္စိတ္တပ္မက္မႈ ျပင္းထန္ၾကတယ္ဆိုေပမယ့္ အမ်ိဳးသားေတြက ဒီသဘာဝကို အသိစိတ္နဲ႔ ဆင္ျခင္ေနထိုင္ၾကရတာပါ။

ဒါေပမယ့္ တစ္ခ်ိဳ႕သူေတြကေတာ့ ပုံမွန္ထက္ လြန္ကဲစြာ လိင္စိတ္ဆႏၵကို ခံစားလိုၾကတာက အိမ္ေထာင္ေရးေဖာက္ျပန္မႈေတြအထိ ျဖစ္ႏိုင္ပါတယ္။ဒါေၾကာင့္ ခ်စ္သူဘဝမွာတည္းက အတင္းအၾကပ္ေတာင္းဆိုမႈေတြနဲ႔

မျဖည့္ဆည္းေပးရင္ မေက်နပ္တာမ်ိဳးေတြ ရွိေနရင္ေတာ့ လက္ထပ္ဖို႔ မေတြးတာ အေကာင္းဆုံးပါပဲေနာ္။အားလုံးပဲ သာယာခ်ိဳၿမိန္တဲ့ အိမ္ေထာင္ေရးေတြ ပိုင္ဆိုင္ႏိုင္ၾကပါေစေနာ္။

Kham

Credit