Love

စနိုက်ကြော်မတွေ သုံးတတ်တဲ့ မူယာမာယာ အကွက်( ၆)မျိုး

ဒီနေ့ ခေတ် က တော့ သမီးရည်းစားတွေ ကြားမှာ ရော အိမ် ထောင် ရှင်တွေ ကြားမှာ စနိုက် ကြော် ဇာတ်လမ်းတွေက ပိုများ လာပါတယ်။အခုဆိုရင် တော့သူများ ချစ်ခြင်းကို ကြားကဝင်ပြီး လုယူ ရတာကို ရှက်စရာ လို့ တောင် မထင် ပဲ

ပြောင်ပြောင် တင်းတင်းစနိုက် ကြော် တဲ့ သူတွေ ကလည်း တစ်နေ့ထက် တစ်နေ့ ကို ပို များ လာပါတယ်။ခိုး စားရတဲ့ အသီးကိုမှ ပိုချို တယ်လို့ ထင် နေကြတဲ့ စနိုက် ကြော် အများစု မှာ တွေ့ရတတ်တဲ့ အမူ အကျင့် စရိုက် လက္ခဏာ (၅)မျိုးကို ဖော်ပြ ပေးလိုက်ပါတယ်။(1) သနားစရာ ကောင်းချင် ယောင်ဆောင်ပြဒါက တော့ စနိုက် ကြော် တော်တော်များများမှာ တွေ့ရတတ်တဲ့ လက္ခဏာပါ။ သနား အောင် နေပြ၊ ရှိသမျှ ဒရမ်မာ ဇာတ်စုံသူ့မှာ အကုန်ရှိ နေပါလိမ့်မယ်။

သနား အောင် လုပ် ပြ မျက်ရည် ခြူပြီး စွဲဆောင်တာ ဟာ စနိုက် ေြက်ာ တွေ ရဲ့အတက် ပညာပါ။ တော်ရုံ အားနာတတ်တဲ့ ယောက်ျား မျိုး ဆိုရင်တော့ သိပ်ကြာကြာမစွဲ ဆောင်လိုက်ရပဲ တခါတည်း ပါ သွားတတ်ပါတယ်။

သင်ကရဲရဲ တောက်ထက် မြက်တဲ့ မိန်းမ ဖြစ်နေချိန်မှာ သူတို့က ကြားကဝင်ပြီး ဒီယောက်ျားမှ မရှိရင် သူတို့ဘဝပဲ ပျက်ရတော့မလို ဒီဇိုင်းမျိုးတွေ နဲ့ ကြားဝင် ဖြတ်ခုတ်တာ မျိုး တွေ လုပ်တတ် ပါတယ်။

သူတို့ ဘ၀ ရဲ့ အချစ်ရေး အဆင်မ ပြေ မှုတွေ၊မိသားစု အဆင် မ ပြေမှုတွေ၊ဘဝရဲ့ ပင် ပန်းမှုတွေ ကို သင့်ချစ်သူ (ဒါမှမဟုတ်)ခင်ပွန်းဆီကို လာရင်ဖွင့် ဒရမ်မာခင်း ေ နတဲ့ မိန်းမ တစ်ယောက် ရှိနေပြီ ဆိုရင်တော့ သတိထားပါ။(2) သင်တို့ နှစ်ယောက်ကို အားကျ သလို စတိုင်ဖမ်းအခု နောက်ပိုင်းမှာတော့ စနိုက် ကြော် တော်တော် များများက ဝေးဝေးမှာ မရှိပါဘူး။ သင့်ရဲ့ အနီး တစ်ဝိုက်မှာပဲရှိ တတ်ပါတယ်။

သင်တို့ အချစ်ရေးကိုပဲ အမြဲ အားကျ နေရသလို အစ်ကိုနဲ့ အမအရင်းလိုပဲ သူ့ဘက်က ချစ်သလိုလို ၊သင်တို့ နှစ်ယောက်ကပဲ သူ့ရဲ့ Idol Couple လိုလို ဒီဇိုင်းမျိုးတွေ ဖမ်းတတ်ပါတယ်။ ပြီးရင်တော့ ပွဲလန့်တုန်း ဖျာဝင်ခင်း ဖို့သင်တို့ အချစ်ရေး အ ခြေအနေကိုသတင်းနိုက်တာ မျိုးတွေ လုပ်တတ်ပါတယ်။

(3) သင့်ကို အတုခိုး ကြိတ်ပြိုင်အရမ်းရဲ တင်းပြီး မျက်နှာ ပြောင်တိုက်တဲ့ စနိုက် ကြော်မျိုးဆိုရင် တော့ ပေါ်တင်ကို လိုက် ပြိုင် တတ်ပါတယ်။သင်နဲ့ အမြဲ မသိမသာ လေးလိုက်ပြိုင် တတ်ပါတယ်။

ဥပမာ- သင်ဝတ်တဲ့ စားတဲ့ ပုံ၊ သင့်ရဲ့ နေပုံထိုင်ပုံ…အားလုံးကို သူ့ ဘက်က နေ လိုက်ပြီး မသိ မသာ လိုက် ပြိုင်နေ တတ်ပါတယ်။အဲ့လို လိုက်ပြိုင် ပြီး သင့်ထက် နှာ တဖျား သာ အောင်အမြဲ ကြိတ် လုပ်တတ်ပါတယ်။

(4) သဘောထားကြီးပြဒါကလည်း စနိုက် ကြော်တွေ ရဲ့ ပုံစံ တွေ ထဲက တစ်ခုပါ။စိတ်ထား တွေ အရမ်း ကောင်းပြ ၊ သ ဘောထား တွေ ကြီးပြ ပြီး သူ တေ်ာ ကောင်းဒီဇိုင်းတွေ လုပ်ပြတတ်ပါတယ်အထူးသဖြင့် သင့် ဘက်က သ ဘော ထားမကြီးနိုင်တဲ့ နေရာ မျိုးတွေ ဆိုရင် သူတို့ က ပိုပြီး သ ဘော ထားကြီးပြ ၊ပိုပြီး နားလည် ပြ တာမျိုးပါ။ဥပမာ- သင်က အရက် သောက်တာ မကြိုက်ဘူး လု့ိ ခါးခါး သီးသီး ကန့် ကွက် နေချိန်မှာ သူတို့က ကြားဝင်ပြီး

ယောက်ျား လေးပဲ တခါ တ လေ သောက် မှာ ပေါ့ ..နားလည် ပေးရမှာပေါ့ ဆိုပြီး ပေါ်တင် ကြားဝင် အမှတ်ယူတာ ပါ။စနိုက် ကြော် တွေ က ပိုင်ရှင် အစစ်ကို သေချာ လေ့လာပြီးမှ သင်က ဘယ် နေရာ သဘော ထား မကြီး ပေးနိုင်ဘူးလဲ.၊သင်က ဒီလိုကိစ္စမှာ နားလည် မ ပေး နိုင်ဘူး ဆိုရင်

သူတို့ က အဲ့ဒီ နေရာမှာ သူက အရမ်းတွေ သ ဘောထားကြီး ပြ ၊နားလည် ပြ တတ်ပါတယ် သူနဲ့ ယှဉ်ရင် သင်က လူဆိုးမကြီး ပုံပေါက် နေအောင် ကို တမင် အဲ့လို လိုက်လုပ်ပြ တတ်ပါတယ်။

(5) ညုတုတု အ ထာ တွေ ပေးဒါက တော့ အရမ်းကို သိသာပါတယ်။မျက်လုံးဆိုတာ စိတ်ရဲ့ ပြူ တင်းပေါက် မို့ တခြားဟာ တွေ ကို မသိ ရင်တော င်မှ မျက်လုံး အကြည့်တွေ ကို ကြည့်လိုက်ရင် ဘယ်လို မျိုးလဲ ဆိုတာ

တော်ရုံလူ ဆိုရင် တန်းသိပါတယ်။စနိုက် ကြော် တော်တော် များများက ယောက်ျား တွေ ကို ကြည့်ရင် အဲ့ဒီ လူ ဆီက တစ်ခုခုကို မျှော်လင့် တဲ့ အကြည့်မျိုးတွေ၊အ ထာကြည့်၊ကြာကြည့်တွေ နဲ့ ကြည့်တတ်ပါတယ်။သူဘယ်လောက်ပဲ ဟန် ဆောင် ကောင်း ကောင်း အကြည့်နဲ့ အထာ တွေ က တော့ လုံး၀ ညာလို့ မရပါဘူး။မိန်းမ ချင်း ဆိုရင် ဒါ မျိုး ကို ပိုပြီးတော့တောင် သိနိုင်ပါတယ်။

(6) အ နေ အထိုက်ပက်စက် ၊Sex ကိစ္စကို အလွယ်တကူ လိုက်လျောစနိုက် ကြော်မ တော်တော် များများက ဒီလို ကိစ္စကို ထမင်းစား ရေ သောက် လောက်ပဲ သဘော ထား ကြပါတယ်။ သင်က ဒီလို ကိစ္စကို လက်မခံ မလိုက် လျောပဲ

လက်ထပ်ပြီးတဲ့အထိ ထိန်းသိမ်းထားတဲ့ လူမျိုး ဆိုရင် သူတို့ က သင့် ချစ်သူ ကို အဲ့လို ကိစ္စ နဲ့ တခါ တည်းချည်ပြီး တုပ်ပြီး ဝင်လုံးတတ်ပါတယ်။စနိုက် ကြော် တော်တော်များများ ရဲ့ တကယ့်သရုပ် အမှန်က အနေအထိုင် လည်း ပက်စက်သလို sex ကိစ္စ မှာလည်း အလွယ်တကူ ပေးပစ်လို့ ဖို့ ဝန်မ လေး ကြ ပါဘူး။

Credit