Knowledge
သင့်အချစ်ဆုံးသူနဲ့တောင် မျှဝေသုံးစွဲဖို မသင့်တဲ့ ပစ္စည်း ( 6) မျိူး
ကျွနု်ပ်တို့ဟာ သွားတိုက်တံ ဘီးစတဲ့ တကိုယ်ရည် ပစ္စည်းတွေကို သူများနှင့် အတူတူမသုံးသင့်ကြောင်းသိ ကြပါတယ်။ သိူ့သော် အချို့သော တကိုယ်ရည် ပစ္စည်းများကိုတော့
မမျှဝေသင့် မှန်းမသိပဲ မျှဝေသုံးနေ ကြတာတွေ့ရ ပါတယ်။ယခုဖော်ပြပေးမှာကတော့ လူအတော်များများ မသိကြသေးတဲ့ မျှဝေသုံးစွဲဖို့မသင့်သောပစ္စည်းများ အကြောင်းဖြစ် ပါတယ်။
(1)နှုတ်ခမ်းနီတောင့်များသင့်သူငယ်ချင်းက နှုတ်ခမ်းနီမေ့ကျန် ခဲ့လို့ ငှားတယ် ဆိုပါစို့။ သင်ငှားမှာလား? တကယ်တော့ မငှားသင့် ပါဘူး။ ရေယုန်ကဲ့သို့သော ရောဂါများဟာ နှုတ်ခမ်းနီတော င့်ကနေ အလွယ်တကူ ကူးနိုင် ပါတယ်။ကူးစက်ခံ ရသူရဲ့နှုတ်ခမ်းမှာ အနာ မရှိတောငိမှ တံတွေးကနေ တဆင့် ကူးနိုင် ပါတယ်။ စိတ်ချရအောင် နှုတ်ခမ်းနီတောင့်ရဲ့ အပေါ်ဆုံးအလွှာကို တစ်ရှူးနဲ့သေချာ သုတ်ပြီးမှဆိုးသင့်ပါတယ်
(2)နားကျပ်များလူတိူင်းရဲ့ နားတွေမှာ ပြင်ပ ပိုးမွှားတွေ မဝင်နိူင်အောင် ကောင်းမွန်တဲ့ ပိုးမွှားတွေက ကာကွယ်ပေး ပါတယ်။ သင်ဟာ တခြားသူနဲ့ နားကျပ်မျှဝေ မိတဲ့ အခါမှ
(4)ချိုင်းလိမ့်းတောင့်များချိုင်းလိမ်းတောင့် မျက်နှာပြင်များမှာ ဘက်တီးရီးယားတွေ ခိုအောင်းနေ တတ်ပါတယ်။ဒါဟာ သင့်ချိုင်းနံ့ကို ဆိုးစေတဲ့ ပိုးမွှားတွေဖြစ် ပါတယ်။
ဒါကြောင့် ရေချိုးပြီးစ အချိန်မှာသာ ချိုင်းလိမ်းတောင့် သုံးသင့်ပြီး နေ့လည် တစ်ကြိမ်ပြန်သုံးလိုပါက ချိုင်းကို သန့်စင်စွာသုတ်ပေး သင့်ပါတယ်၊
(5)မျက်နှာသူတ်ပုဝ ါ များမျက်နှာသုတ်ပုဝ ါ ခေါ် တဘက်များကို ရေချိုးပြီးစမှာ ခြောက်သွေ့သန့်စင်ဖို့ သုံးကြပါတယ်။ ရေချိုးခန်းထဲက တဘက် များဟာ စိုထိုင်းမှု အလွန်များပြီး မှိုနဲ့ပိုးမွှားများ ခိုအောင်းနေတတ်တာ သတိမပြု မိကြပါဘူး။
ဒါကြောင့် တဘက်များကို သူများနဲ့မျှဝေခြင်း မပြုသင့်ပါဘူး။ အသူံးပြုပြီးတိုင်းလဲ ဝရံတာစသော လေခြောက် ခံနိုင် တဲ့နေရာမှာ လှမ်းပေးသင့် ပါတယ်။
(6)လက်သည်းညှပ်များနှင့်မိတ်ကပ်ဘရပ်ရှ်များဇာဂနာ,လကိသည်းညှပ်,မုတ်ဆိတ်ရိပ်ဓားစတာတွေမှာ မမြင်ရတဲ့ သွေးစလေးများကပ်နေတတ်လို့ တူတူမျှဝေသုံးပါက ပိုးများ ကူးစက်စေ မှာပါ။
မိတ်ကပ် ဘရပ်များပေါ်တွင်လဲ ဝက်ခြံဖြစ်စေသော ပိုးမွှားများ ခိုအောင်းနေသောကြောင့် တူတူမသုံးသင့်ပါဘူး။ -လက်သည်းညှပ်ကို အသုံးပြုပြီးတိုင်း အရက်ပြန်ဖြင့်သန့်စင်ပေးသငိ့ပါတယ်။
Writer- Dr Jue ( XYZ News)
Credit
Zawgyi
ထိုပိုးမွှားမျှချေပျက်ပြီး ရောဂါပိုးတွေ ဝင်ရောက်ကာ နား ကိုက်ခဲယောင်ယမ်း တတ်ပါတယ်။နားကျပ်များကို တပတ်တကြိမ်ခန့် ဟိုက်ဒရိုဂျင် ပါအောက်ဆိုက် အရည်ဖြင့်သုတ်သင်ဆေးကြောသင့် ပါတယ်။
(3)ကလစ်များ နှင့် ဆံပင်ကောက်တံများဘီးများသာမကပဲ ဦးရေပြားနဲ့ ထိစပ် အသုံးပြုရတဲ့ ကလစ်များ,ကောက်လိပ်များကိုလဲ သူများနဲ့တူတူ မသုံးသင့် ပါဘူး။ သန်းနှင့်မှိုရောဂါများ ကူးစက်တတ်ပါတယ်။ ဘီးများကို၂ပတ်၁ခါခန့် ဆပ်ပြာရည်ဖြင့် ဆေးကြောပေး ရပါမယ်။
Writer- Dr Jue ( XYZ News)
Credit