Local News

တပ်မတော်၏ စစ်သည်အင်အားလိုအပ်ချက်များကို ကြံ့ခိုင်ရေးပါတီမှ အင်အားဖြည့်တင်းပေးမည်

၂၀၂၀-၂၀၂၁ခုနှစ် တပ်မတော်စစ်သည်အသစ်များခေါ်ယူခဲ့ရာ ဝင်ရောက်လျှောက်ထားသူ တစ်ဦးတစ်ယောက်မျှမရှိခြင်းကြောင့် တပ်မတော်ပါတီ တဖြစ်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ

ကြံ့ခိုင်ရေးပါတီဝင်များ၏အင်အားဖြင့် တပ်မတော်အင်အားဖြည့်တင်းပေးမည်ဖြစ်ကြောင်းပါတီဥက္ကဌ ဦးသန်းဌေးမှ ယမန်နေ့ သြဂုတ်လ ၆ ရက်နေ့ သောကြာနေ့တွင်ပြုလုပ်သောကြံ့ခိုင်ရေးပါတီ၏

လပါတ်ပုံမှန်အစည်းအဝေးတွင်ကြော်ငြာချက်ထုတ်ပြန်ခဲ့ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်မှ အတည်ပြုပြောကြားခဲ့သည်။

ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးမှ လက်ရှိအချိန်တွင် PDF (ခေါ်) ပြည်သူ့ကာကွယ်ရေးတပ်သားများနှင့်NLD ပါတီဝင်အမာခံလူပုဂ္ဂိုလ်များအား လုပ်ကြံသတ်ဖြတ်ရှင်းလင်းရန် ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့် နှင့်ကာကွယ်ရေးစစ်ဦးစီးချုပ်ဟောင်း ဦးနေဝင်း( ကွယ်လွန် ) ၏မြေး အေးနေဝင်းတို့မှဦးစီးကာ ထောက်လှမ်းရေးပြုတ်များ, စစ်မှုထမ်းဟောင်းများအား ငွေအင်အား,လက်နက်အင်အားများကူညီပံ့ပိုးပီး တပ်မတော်၏ကျောထောက်နောက်ခံပေးမှုများဖြင့်

လုပ်ကြံရှင်းလင်းသတ်ဖြတ်ပေးကာ တပ်မတော်၏ကျေးဇူးဆပ်နေပါကြောင်းပါတီထိပ်သီးခေါင်းဆောင်များအားရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် ကြံ့ခိုင်ရေးပါတီဥက္ကဌဦးသန်းဌေးမှ လက်ရှိအချိန်တွင်တပ်မတော်တွင်ဝင်ရောက်စစ်မှုထမ်းမည့်

တပ်သားအသစ်မရှိကြောင်း, PDF နှင့် တိုင်းရင်းလက်နက်ကိုင်တပ်ပေါင်းစုတို့၏ ပျောက်ကြားတိုက်ခိုက်ရေးများကြောင့တပ်မတော်စစ်သည်အများအပြားနှင့် ရဲတပ်ဖွဲ့ဝင်အများအပြား ကျဆုံးနေမှုများကြောင့်

တပ်မတော်အင်အားလျော့နည်းလာသည်မှာ ငြင်းမရနိုင်ကြောင်းခေတ်အဆက်ဆက် စွမ်းအားရှင်ဟူသောနာမည်ဖြင့် ကြံ့ခိုင်ရေးပါတီဝင်များမှ မိတ္ထီလာအရေးခင်း,ရခိုင်ပြည်နယ် အရေးအခင်းများအပါအဝင် တစ်ပြည်လုံးရှိ ပြည်နယ်နှင့်တိုင်းများတွင်ဖြစ်ပေါ်ခဲ့သော

တပ်မတော်ဆန့်ကျင်ဆန္ဒပြပွဲများ, ဘာသာရေးအထိကရုဏ်းများတွင် ကြံ့ခိုင်ရေးပါတီဝင်များမှ စွမ်းစွမ်းတမံ ဖြိုခွင်းရှင်းလင်းပေးခဲ့သော မှတ်တမ်းကောင်းများရှိခဲ့ကြောင်း

ယခုအချိန်အခါတွင်လည်း ယခင်နည်းတူ ကြံ့ခိုင်ရေးပါတီဝင်များအနေဖြင့် တပ်မတော်၏အင်အားဖြည့်တင်းပေးပီးတပ်မတော်၏ကျေးဇူးမဖြစ်မနေဆပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပီး ကြံ့ခိုင်ရေးပါတီ၏ ဥက္ကဌဦးသန်းဌေးမှ ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်သည် နိုင်ငံ့ကျေးဇူးသိတတ်စွာ အသက် ၇၀ ပြည့်သည့်တိုင် စစ်မှုထမ်းမည်ဟုဆုံးဖြတ်ထားပါသောကြောင့်

ကြံ့ခိုင်ရေးပါတီဝင်များအနေဖြင့် အသက် ၁၈ နှစ် မှ ၇၀ နှစ်အထိ ကျား/မ မရွေးအားလုံးမဖြစ်မနေစစ်မှုထမ်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်မှ ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးသန်းဌေးမှ မိမိအား ပြည်နယ်နှင့်အတိုင်းအသီးသီးမှ ကြံ့ခိုင်ရေးပါတီဝင်တို့၏

မှတ်ပုံတင်အမှတ်, နေရပ်လိပ်စာ,သန်းခေါင်စာရင်းမိတ္တူ အလုံးစုံတို့ကို ပေးအပ်ထားကြောင်း, မိမိအနေဖြင့် တပ်မတော်တပ်သားစုဆောင်းရေးဌာနသို့ ကြံ့ခိုင်ရေးပါတီဝင်တို့၏ စာရင်းအလုံးစုံကို လွှဲအပ်ထားကြောင်း နှင့်

တပ်မတော်တပ်သားစုဆောင်းရေးဌာနမှ ၁.၉.၂၀၂၁ မှစ၍ပြည်နယ်နှင့်တိုင်းအသီးသီးတို့တွင် ကြံ့ခိုင်ရေးပါတီဝင်တို့အားတစ်အိမ်တက်တစ်အိမ်ဆင်းကာ ပေါ်တာဆွဲခေါ်ဆောင်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဆက်လက်၍ ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးမှ ” တပ်မတော် အင်အားသည် ကြံ့ခိုင်ရေးပါတီတွင်သာရှိကြောင်း, ယခုလိုတပ်မတော်၏ကျေးဇူးဆပ်ခွင့်ရသည့်အတွက် ကြံ့ခိုင်ရေးပါတီဝင်များအနေဖြင့် ဝမ်းမြောက်ဝမ်းသာရှိနေမည်မှာ

မလွဲဧကန် ဖြစ်ကြောင်း” , ဥက္ကဌကြီး ဦးသန်းဌေးမှာမူ လက်တလောကျန်းမာရေးအခြေနေတစ်ချို့ကြောင့် အဆိုပါစစ်မှုထမ်းခြင်းတွင် မိမိအနေဖြင့်ပါဝင်နိုင်မှာ မဟုတ်သေးကြောင်းနှင့် မိမိတို့အရိုးစည်းရိုးထိုးမည်ဟုကြွေးကြော်ခဲ့သော

မျိုးချစ်သံဃာတော်များ၏ စားရင်းအလုံးစုံအားလည်း တပ်မတော်တပ်သားစုဆောင်းရေးသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်ကာကွယ်ရေးဝန်ကြီးဌာန

Credit