Local News

KPAYအသုံးပြုသူများ မပေါ့ကြပါနဲ့ ထုတ်သင့်တာထုတ်ပြီး လွှဲသင့်တာလွှဲထားကြပါ

Kpayအသုံးပြုသူများ မပေါ့ကြပါနဲ့ ထုတ်သင့်တာထုတ်ပြီး လွှဲသင့်တာလွှဲထားကြပါ

အခု ကြားရတဲ့သတင်းက ဘဏ်တွေကို စကစဘက်ကနေ စုံစမ်းရသမျှ fundraising acc ကြီးငယ်မဟူ စာရင်းပို့ပြီးပိတ်ခိုင်းတာပါ။Kpay က အသုံးများတော့ Kpay မသုံးဘူးဆိုပြီး မပေါ့ကြပါနဲ့နော်။

တခြားအကောင့်တွေထဲရှိနေရင်လည်း ထုတ်သင့်တာထုတ်၊ လွှဲသင့်တာလွှဲထားကြပါ။မနက်က ကျနော် Kpay call center ကိုဆက်ကြည့်ပါတယ်။Me – Kpay acc freeze ခံရတယ်။ ဘာဖြစ်လို့လဲ။KBZ call center –စစ်ဆေးပေးပါမယ်၊ ခဏစောင့်ပါ။ငွေလွှဲပြောင်းမှတ်တမ်းမှာ error လေးတွေ့တယ်လို့ တိုင်ကြားတင်ပြထားလို့ အစ်မအကောင့်ကို frozenလုပ်လိုက်တာပါ။ သက်ဆိုင်ရာတာဝန်ရှိတဲ့ဌာနက ဖုန်းပြန်ဆက်ပါလိမ့်မယ်။

Me – ဘယ်လို error တွေ့တာလဲ။KBZ – အဲ့ဒါတော့ ပြောပြလို့မရဘူးရှင့်။Me – ဒီဖုန်းက Kpay အတွက် call center ဆိုပြီး သက်ဆိုင်ရာဌာနဆိုတာကြီးကိုစောင့်ရဦးမှာပေါ့။ ဘယ်တော့ဖုန်းဆက်မှာလဲ။

KBZ – အဲ့ဒါလည်းမသိဘူးရှင့်။Me – Ok လေ၊ ဒါဆို သူတို့က ဖုန်းဆက်ပြီး ဖြေရှင်းပေးမှာပေါ့နော်။KBZ – သူတို့က အစ်မဆီကိုဖုန်းဆက်ပြီး အစ်မဘာတွေလုပ်လည်း၊ အစ်မ ငွေလွှဲပြောင်းမှုမှ

ဘာလို့ error တွေ့လဲ မေးခွန်းတွေမေးမှာပါ။ မှန်မှန်ကန်ကန်ဖြေလိုက်ရင် ရပါပြီ။Me – နေပါဦး။ ကိုယ့်စီးပွားရေးကိစ္စနဲ့ကိုယ် ငွေလွှဲစရာလိုလို့ လွှဲတာကို စစ်တာဆေးတာခံရဦးမယ်ပေါ့။ ကဲ ကျနော်ကဖြေပြီးပြီဆိုရင် အကောင့်ထဲက ရှိနေတဲ့ ငွေတွေ

အခုပိတ်လိုက်တဲ့အတိုင်း ပြန်ရမှာလား။KBZ – အဲ့ဒါကတော့ အစ်မလုပ်တဲ့အပေါ်မူတည်ပါတယ်။Me – နေစမ်းပါဦး၊ ကျုပ်က ဘာလုပ်နေလို့လဲ။KBZ – အစ်မလုပ်တာ အစ်မ အသိဆုံးပဲဖြစ်မှာပေါ့။

ကဲကျနော်လည်း စိတ်တိုတိုနဲ့ ဖုန်းချပစ်လိုက်ပါတယ်။ call center ကနေတောင် ဖြေပုံဖြေ‌နည်းက တော်တော် စော်ကားတာပါ။ စစ်ကျွန်ခံချင်နေတဲ့ ဝန်ထမ်းနဲ့ တိုးသွားတဲ့ပုံပါပဲ။

သူပြောပုံအရ error ရှိတယ်လို့ တိုင်ကြားတင်ပြတယ်ဆိုတော့ သေချာပါတယ်။ ဟိုဘက်ရပ်ကွက်က မအလများက ဖိအားပေးတာပါပဲ။ဘဏ်တွေကနေ ငွေလွှဲငွေထုတ်လုပ်မရအောင် နှောင့်ယှက်ပြီး တော်လှန်ရေးကို ဖျက်ဖို့ကြံနေတာပါ။

လူတွေ ကိုဗစ်ကိစ္စနဲ့ အောက်ဆီဂျင်အလှူတွေထဲ မြှုပ်နေကြတုန်းကစကစ ဘက်က ဘဏ်တွေပိတ်လား၊ မပိတ်ဘူးလေ။ ဘာလို့လဲ…ကိုဗစ်က နှစ်ဖက်လုံးခံရမယ့် ကပ်ရောဂါ။ လှူတဲ့သူများရင် သူတို့ဘက်လည်းအကျိုးရှိတယ်။ လွှတ်ထား

ပေးတယ်။ဟော…အခု ကိုဗစ်က နည်းနည်းငြိမ်ပြီ။ PDF ဘက် လူတွေ စိတ်ဝင်စားလာကြပြီဆိုတော့ …. ဘဏ်အကောင့်တွေ ပိတ်ချပစ်လိုက်ပါတယ်။Fb ပေါ်က activity

တွေနဲ့ချည့်သက်သက် လိုက်တာမျိုးမဟုတ်ပါဘူး။ ဘဏ်ဘက်က စကစနဲ့ပူးပေါင်းပြီး customer privacyကိုချိုးဖောက်ပြီး ဘယ်သူက ဘယ်သူ့ကိုလွှဲတယ်ဆိုတာမျိုးတွေ

အထိ စည်းဖောက်ပြီး စုံစမ်းနေပြီလို့ ယူဆရပါတယ်။ဒီထက်ပိုလုံခြုံတဲ့နည်းကို ကြံရပါတော့မယ်။ဒါပေမဲ့ ဖက်ဆစ်စစ်တပလက်ပါးစေတွေသိထားဖို့က ဘဏ်အကောင့်တွေကိုပဲ ပိတ်ပစ်လို့ရမယ်။ တော်လှန်ချင်တဲ့စိတ်ကိုတော့ ပိတ်ပစ်လို့မရဘူးဆိုတာပါပဲ။

(ကိုယ့်အဖို့ကတော့ အရင်တုန်းကလည်း ငွေကို‌ နေ့ရောညရော ကိုယ်ပိုင်အချိန်ဆိုတာ မရှိလောက်အောင် ရှာခဲ့ရတယ်။ MEd တက်စဉ်ကလည်း ကျောင်းစရိတ်လောက်

အောင် အတန်းပြီးတာနဲ့ စာပတ်သင်ခဲ့ရတယ်။ ငွေမက်တယ်ပဲပြောပြော…ကိုယ်တိုင်က လုပ်ခဲ့ရတဲ့သူမို့ အခုလိုခက်ခဲတဲ့ကာလမှာ ရတဲ့ အများ ချွေးနည်းစာအလှူငွေတွေကိုနှမြောပါတယ်။

အလှူငွေက တစ်သိန်းခွဲလောက်နဲ့ CDM တွေကို Kpay အလျဉ်းသင့်သလို ထုတ်ထားပေးလို့ အကောင့်ထဲရောက်နေတဲ့ငွေက နှစ်သိန်းလောက်ပါသွားပါတယ်။ ဒီကြားထဲ ကိုယ့်အသုံးစရိတ်အတွက် ‌ချန်ထားတဲ့ငွေပါပဲ။)

Source; Edaily News

Credit