Local News

စားဝတ်နေရေးခက်ခဲနေတဲ့ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေလှူဒါန်းပေးခဲ့တဲ့ ဒိန်းဒေါင်

ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဟာသလူရွှင်တော် ဒိန်းဒေါင်ကတော့ ဒီနေ့မှာ စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်လှူဒါန်းတဲ့

အလှူလေးကို ပြုလုပ်ခဲ့ပါတယ်။ ဒိန်းဒေါင်ကတော့ သူကိုယ်တိုင် ဦးစီးပြီး “ချွန်တွန်း” လို့ အမည်ပေးထားတဲ့ ပရဟိတလူမှုကူညီရေးအသင်းလေးတစ်ခုကို တည်ထောင်ထားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါစတင်ဝင်ရောက်လာချိန်ကတည်းက စားဝတ်နေရေးခက်ခဲနေတဲ့ပြည်သူတွေအတွက် စားသောက်ကုန်တွေအလှူငွေတွေလှူဒါန်းပေးခြင်း နဲ့ကိုယ်ဝန်ဆောင်မိခင်တွေ မီးဖွားနိုင်ရေးအတွက် တတ်နိုင်သမျှအစွမ်းကုန်ကူညီပေးခဲ့ပါသေးတယ်။ ဒီနေ့ သြဂုတ်လ (၇)ရက်နေ့မှာလည်း ဒိန်းဒေါင်က သူ့ရဲ့ ပရဟိတအဖွဲ့နဲ့အတူ စားသောက်ကုန်လှူဒါန်းတဲ့

အလှူလေးကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။တကယ်ခက်ခဲနေတဲ့ပြည်သူတွေအတွက် လှူဒါန်းပေးတဲ့ အလှူလေးဖြစ်ပြီး ပရိသတ်တွေလည်း အလှူလေးကို ကြည်နူးပီတိဖြစ်လို့ရအောင်

ဒိန်းဒေါင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မှတ်တမ်းတင်မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ဒိန်းဒေါင်တို့ ပရဟိတအဖွဲ့ရဲ့အလှူလေးကို ပရိသတ်ကြီးတွေက သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Credit

Zawgyi

ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ျဖစ္တဲ့ ႐ုပ္ရွင္နဲ႔ ဗီဒီယို သ႐ုပ္ေဆာင္ ဟာသလူ႐ႊင္ေတာ္ ဒိန္းေဒါင္ကေတာ့ ဒီေန႔မွာ စားဝတ္ေနေရးခက္ခဲေနတဲ့ ျပည္သူေတြအတြက္ စားေသာက္ကုန္လႉဒါန္းတဲ့

အလႉေလးကို ျပဳလုပ္ခဲ့ပါတယ္။ ဒိန္းေဒါင္ကေတာ့ သူကိုယ္တိုင္ ဦးစီးၿပီး “ခြၽန္တြန္း” လို႔ အမည္ေပးထားတဲ့ ပရဟိတလူမႈကူညီေရးအသင္းေလးတစ္ခုကို တည္ေထာင္ထားခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါစတင္ဝင္ေရာက္လာခ်ိန္ကတည္းက စားဝတ္ေနေရးခက္ခဲေနတဲ့ျပည္သူေတြအတြက္ စားေသာက္ကုန္ေတြအလႉေငြေတြလႉဒါန္းေပးျခင္း နဲ႔

ကိုယ္ဝန္ေဆာင္မိခင္ေတြ မီးဖြားႏိုင္ေရးအတြက္ တတ္ႏိုင္သမွ်အစြမ္းကုန္ကူညီေပးခဲ့ပါေသးတယ္။ ဒီေန႔ ၾသဂုတ္လ (၇)ရက္ေန႔မွာလည္း ဒိန္းေဒါင္က သူ႔ရဲ႕ ပရဟိတအဖြဲ႕နဲ႔အတူ စားေသာက္ကုန္လႉဒါန္းတဲ့အလႉေလးကို ျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။တကယ္ခက္ခဲေနတဲ့ျပည္သူေတြအတြက္ လႉဒါန္းေပးတဲ့ အလႉေလးျဖစ္ၿပီး ပရိသတ္ေတြလည္း အလႉေလးကို ၾကည္ႏူးပီတိျဖစ္လို႔ရေအာင္

ဒိန္းေဒါင္က သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန မွတ္တမ္းတင္မွ်ေဝေဖာ္ျပထားခဲ့ပါေသးတယ္။ ပရိသတ္ႀကီးေရ ဒိန္းေဒါင္တို႔ ပရဟိတအဖြဲ႕ရဲ႕အလႉေလးကို ပရိသတ္ႀကီးေတြက သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။

Credit