Knowledge

ဒီလိုနည်းလမ်းအမှားတွေ မတော်တဆ ကိုယ်ဝန်ရသွားနိုင်ပါတယ်

မလိုလားအပ်ပဲ ကိုယ်ဝန်မရစေဖို့ ပဋိသန္ဓတေားခြင်းနည်းလမ်းတွေကို အသုံးပြုရပါတယ်။တစ်ခါတစ်လေမှာတော့ ကိုယ်သိထားတဲ့ ပဋိသန္ဓတေားခြင်းဆိုင်ရာ ယုံတမ်းအမှားတွေကြောင့် ကျန်းမာရေးအတွက်သာမက

ဘဝရှင်သန်ရပ်တည်မှုမှာပါ လမ်းကြောင်းအတိမ်းအစောင်း ဖြစ်သွားစေတတ်ပါတယဒါပေမယ့်လည်း လူအများစုကတော့ကိုယ်ဝန်ရ/ကလေးရယူခြင်းနဲ့ ပတ်သက်ပြီး

ယုံတမ်းအမှားတွေ အသိအမှားတွေကြားမှာ လွဲမှားစွာ ပြုမူမိနေကြဆဲဖြစ်ပါတယ်။တကယ်တော့ မှားယွင်းတဲ့အသိတရားတွေကြောင့် မလိုလားအပ်ပဲ ကိုယ်ဝန်ရတာတွေ ပိုပြီးဖြစ်နိုင်ခြေရှိနေတာကို သိထားဖို့ လိုအပ်ပါတယ်။

ခုဖော်ပြပေးချင်တာကတော့ ကိုယ်ဝန်ရခြင်းနဲ့ပတ်သက်ပြီး လူတွေမှားယွင်း သိမှတ်ထားတဲ့အချက်အလက်တွေရဲ့ တကယ့်အမှန်တရားကို ရှင်းလင်းဖွင့်ဆိုပြထားတာဖြစ်ပါတယ်။၁။ မပြီးခင်ကြိုထွက်တဲ့ သုက်ကြောင့် ကိုယ်ဝန်မရနိုင်ဘူးမှားယွင်းတဲ့ အချက်အလက်တစ်ခုပါ။ မပြီးခင် စိတ်လှုပ်ရှားမှုကြောင့် ထွက်တဲ့ သုက်မှာလည်း သုက်ပိုးလေးတွေ ပါဝင်နေတာကြောင့်

ကိုယ်ဝန်ရနိုင်ပါတယ်။ အမျိုးသား ၄၀% လောက်ဟာ လိင်အင်္ဂါစတင်တောင်မတ်စဉ်ဒါမှမဟုတ် လိင်ဆက်ဆံနေစဉ်မှာ pre-ejaculate ဖြစ်တတ်ပါတယ်။

၂။ ရာသီသွေးဆင်းနေစဉ်မှာ လိင်ဆက်ဆံရင် ကိုယ်ဝန်မရဘူးလုံးဝမရနိုင်ဘူးလို့ မဆိုလိုပါဘူး။ ကိုယ်ဝန်ရနိုင်ခြေနည်းပါးတာသာဖြစ်ပါတယ်။စအိုဝနဲ့ လိင်ဆက်ဆံရင် ကိုယ်ဝန်မရဘူး မှန်သလိုလိုရှိပေမယ့် ၁၀၀% အပြည့်အဝတော့ မဟုတ်ပါဘူး။

ဖြစ်နိုင်ခြေအနည်းငယ်ရှိတယ်ဆိုတာကို မမေ့ဖို့ လိုအပ်ပါတယ်။ စအိုနဲ့လိင်ဆက်ဆံရာမှာ ကိုယ်နေဟန်အနေအထားကြောင့်သုက်ရည်တွေ စအိုဝကနေ မအင်္ဂါထဲကို မတော်တဆဝင်နိုင်ရှိနေတာကြောင့်လို့လေ့လာချက်တွေက ဆိုထားပါတယ်။

၃။ သုက်ရည်ကို မျိုချမိရင် ကိုယ်ဝန်ရနိုင်တယ်ပါးစပ်နဲ့ လိင်ဆက်ဆံချိန်မျိုးမှာ သုက်ရည်မျိုချမိတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီအချက်ကြောင့်တော့ ကိုယ်ဝန်မရနိုင်ပါဘူး။မျိုချလိုက်တဲ့သုက်ရည်ဟာ အစာအိမ်ထဲကိုရောက်သွားမှာဖြစ်ပြီး အစားအစာတွေလိုပဲ ခြေဖျက်ခံရမှာပါ။၄။ လိင်ဆက်ဆံချိန် အဝတ်အစားဝတ်ထားရင် ကိုယ်ဝန်ရနိုင်ခြေနည်းတယ်မအင်္ဂါကို ထိုးသွင်းမှုမရှိပဲ လိင်ဆက်ဆံတာမျိုးပြုလုပ်စဉ်မှာ အဝတ်အစားဝတ်ဆင်ထားမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေနည်းပါးတာ အမှန်ပါ။

၅။ မီးဖွားပြီးခါစ/နို့တိုက်မိခင်ဖြစ်နေတာမို့ ကိုယ်ဝန်မရနိုင်ဘူး

၆။ အမျိုးသမီးလုပ်သူ အထွတ်အထိပ်မရောက်ရင် ကိုယ်ဝန်မရနိုင်ဘူး

လိင်ဆန္ဒအထွတ်အထိပ်ရောက်တာနဲ့ ကိုယ်ဝန်ရတာနဲ့က ဆက်စပ်မှုမရှိဘူးလို့ ဆိုရမှာပါ။ ကိုယ်ဝန်ရနိုင်ခြေက သဘာဝအတိုင်းဆက်ရှိနေမှာပါ။

၇။ လိင်ဆက်ဆံပြီး မအင်္ဂါကိုဆေးကြောပစ်ရင် ကိုယ်ဝန်မရနိုင်ဘူးလူတချို့က ကိုယ်ဝန်မရအောင် ဒီနည်းလမ်းကို အသုံးပြုကြပါတယ်။ တကယ်တော့ သုက်ပိုးတွေဟာ အလွန်လျင်မြန်စွာသွားလာနိုင်တဲ့ သတ္တဝါလေးတွေဖြစ်ပြီး

ဆက်ဆံလို့ပြီးပြီးချင်းမှာ ဆေးကြောပစ်မယ်ဆိုရင်တောင်မှ မမီနိုင်သလိုသုက်တွေအားလုံးကိုလည်း ဖယ်ရှားနိုင်မှာမဟုတ်တာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။

၈။ သားဥကြွေချိန်က တစ်ရက်တည်းမို့ ကိုယ်ဝန်ရနိုင်ခြေက တစ်လမှာ တစ်ရက်ပဲ ရှိတယ်အမျိုးသမီးတွေရဲ့ အဓိကသားဥကြွေချိန်က တစ်လမှာ တစ်ရက်တည်းဆိုတာမှန်ပေမယ့် သုက်ပိုးက ခန္ဓာကိုယ်ထဲမှာ ၅ ရက်အထိ

ရှင်သန်နိုင်တာကို မမေ့ဖို့ လိုအပ်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့ သားဥကြွေတဲ့ရက်ကလည်း တစ်လနဲ့တစ်လမတူညီပါဘူး။ ဒါကြောင့် ပဋိသန္ဓတေားတဲ့နည်းလမ်းတွေကို အသုံးချနေကြရတာပါ။

၉။ လိင်ဆက်ဆံပုံပေါ်မူတည်ပြီး ကိုယ်ဝန်ရနိုင်ခြေ ကွာတယ်မတ်တပ်ရက် လိင်ဆက်ဆံတာမျိုး၊ အမျိုးသမီးက အပေါ်ကနေ ဆက်ဆံတာမျိုးတွေကြောင့်

ကိုယ်ဝန်မရနိုင်ဘူးဆိုတာကမှားပါတယ်။ မိန်းမကိုယ်အတွင်းမှာ သုက်ပိုးကျန်ခဲ့မယ်ဆိုရင် ဘယ်လိုဆက်ဆံပုံနဲ့ပဲဖြစ်ဖြစ် ကိုယ်ဝန်ရနိုင်ပါတယ်။၁ဝ။ ကွန်ဒုံးမရှိရင် ပလတ်စတစ် ဒါမှမဟုတ် ပူဖောင်းကို သုံးနိုင်တယ်ကွန်ဒုံးမဟုတ်တဲ့ တခြားပစ္စည်းတွေနဲ့ လုံးဝမစမ်းသပ်သင့်ပါဘူး။ ကိုယ်ဝန်ရနိုင်ခြေကိုမတားဆီးနိုင်သလို အမျိုးသမီးကိုလည်း မတော်တဆထိခိုက်စေနိုင်ပါတယ်။

၁၁။ ပထမဆုံးအကြိမ်မှာတင် ကိုယ်ဝန်ရနိုင်တယ်အကာအကွယ်မရှိပဲ လိင်ဆက်ဆံမယ်ဆိုရင် ဘယ်နှစ်ကြိမ်မြောက်မှာဖြစ်ဖြစ် ကိုယ်ဝန်ရနိုင်ခြေက အတူတူပါပဲ။

၁၂။ လိင်ဆက်ဆံပြီး ရေချိုးတာ၊ ဆီးသွားတာတွေက ကိုယ်ဝန်ရနိုင်ခြေနည်းစေတယ်မဟုတ်ပါဘူး။ ရေချိုးတာက ခန္ဓာကိုယ်ရဲ့ အပြင်ဘက်ကိုသာ သန့်စင်ပေးနိုင်ပါတယ်။

မိန်းမကိုယ်ရဲ့ အတွင်းပိုင်းအထိမသန့်စင်ပေးနိုင်ပါဘူး။ ဆီးသွားခြင်းကလည်း သုက်ပိုးတွေကို မဖယ်ရှားပေးနိုင်ပါဘူး။

Ref…..ရဲဇွန်အောင်

Credit