Local News
အသက်၂၀ပဲရှိသေးတဲ့ ကောင်လေးက သံအမတ်ကြီး ကျော်မိုးထွန်းကိုတောင် လုပ်ကြံဖို့ကြိုးစားခဲ့အမှုမှာ စိတ်ဝင်စားစရာ ကိစ္စတခုထပ်မံပေါ်ပေါက်
ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်မှုက အတော်စိတ်ဝင်စားဖို့ ကောင်းတယ်၊
တယောက်က (ဖြိုးဟိန်းထွဋ်) ဦးကျော်မိုးထွန်းတို့ရဲ့ရုံးနဲ့ အဝင်အထွက်ရှိပုံပဲ။ (အဝင်အထွက်ရှိတယ်ဆိုတာ စိတ်ဝင်စားဖို့ကောင်းတယ်)သူက အဝင်အထွက်ရှိလို့
ထိုင်းမှာနေတဲ့ လက်နက်ပွဲစားက ခိုင်းတာ။
ရဲစစ်ချက်အရ လက်နက်ပွဲစားကမြန်မာတပ်ကို လက်နက်ရောင်းနေတဲ့သူလို့သိရအဲ့ရုံးမှာ မင်းကိုတွေ့တယ်။ ဒါလုပ်ပေးပါလားဆိုပြီးဆက်သွယ်ပြီးခိုင်းတာ
ခိုင်းတာကဦးကျော်မိုးထွန်းကို အရင်ဆုံး လူငှားပြီး တိုက်ခိုက်၊သူရာထူးကနေဆင်းသွားဖို့ ဖိအားပေးတာပေါ့။ အဲ့ဒါမှ မဆင်းရင်လူငှားပြီး သတ်ဖို့အထိ ပြောတယ်ဆိုပဲဖြိုးဟိန်းထွဋ်ကလဲလက်ခံလိုက်တယ်။လက်ခံလိုက်တော့ ရဲဟိန်းဇော်က ဖြိုးဟိန်းထွဋ်ကိုဆက်သွယ်လာတယ်ပေါ့။အဲ့ကိစ္စအတွက် ပိုက်ဆံပေးမယ်။ သူ့ကို့ ထိုင်းမှာရှိတဲ့လက်နက်ပွဲစားကနေ ပေးခိုင်းတယ်ပေါ
(ရဲဟိန်းဇော်က အရင်က facebook အကောင့်ရှိတယ်ထင်တယ်။ အခုမတွေ့တော့။ အရင်ကဖေ့ဘွတ်မှာ သူရေးနေတာ၊ သူရှယ်နေတာတွေကို ကြည့်ရင် သူ့ရဲ့ ရပ်တည်ချက်ကိုသိရတယ်။အသက်ကမကြီးသေးဘူး။
နိုဝင်ဘာ ၂၀၀၀မှာမွေးတော့ ၂၀ ပဲရှိသေးတယ်။) သူက ဟိုဘက်က ချိတ်ဆက်လို့ ငွေလွှဲ၊ စီစဉ်ပေးရတဲ့ပုံပဲ။အဲ့မှာ ရဲဟိန်းဇော်ကနေ zella ကနေ ဖြိုးဟိန်းထွဋ်ကိုဒေါ်လာ ၂၀၀၀ နှစ်ခါလွှဲတယ်။ ၄၀၀၀။ ၁၀၀၀ ထပ်ပေးဖို့လဲသဘောတူတယ်။ပေါက်ကြားသွားတာက ဖြိုးဟိန်းထွဋ်ကအဲ့ကိစ္စကိုဦးကျော်မိုးထွန်းရုံးက လုံခြုံရေးကို သွားတိုင်ပင်တယ်။အဲ့ကနေ ပေါက်ကြားပုံရတယ်။နောက်ထပ် လူနှစ်ယောက် ယူအက်စ်လာဖို့တောင်ဖြိုးဟိန်းထွဋ်က စီစဉ်ပေးထားသေးတယ်လို့သိရတယ်။
တရားမစီရင်ခံအချိန်အထိကတော့ တရားခံလို့တော့စွပ်စွဲလို့မရဘူး။ ဒါပေမဲ့ FBI က တည်ဆောက်ထားတဲ့ သက်သေတွေကတော့ အတော်ခိုင်လုံပုံပဲ။ အမေရိကအထိလာပြီးကြံစည်တယ်ဆိုတော့ လွယ်တော့မလွယ်ဘူး။
Credit
Zawgyi
Credit