Local News

D Dayဘယ်တော့လာမလဲ ဘယ်တော့တိုက်မလဲမေးကြသူတွေအတွက်ကို အခက်အခဲတချို့ရှင်းပြချင်ပါတယ်

D Dayဘယ်တော့လာမလဲ ဘယ်တော့တိုက်မလဲမေးကြသူတွေအတွက်ကို အခက်အခဲတချို့ရှင်းပြချင်ပါတယ် ။

PDF သင်တန်းသားတစ်ယောက်ရဲ့သင်တန်းကာလ ၄၅ ရက်ရှိတယ်။အဲ့ဒီကာလအတွက် စားစရိတ် ၊လိုအပ်တဲ့ယူနီဖောင်း၊ ဦးထုတ်၊ ခြေအိပ် ၊ဖိနတ် ၊အားကစားဝတ္စုံ၊ စောင်၊ ခြင်ထောင် စသည်ဖြင့် မဖြစ်မနေသုံးရမယ့်အသုံးအဆောင်တွေ (လက်နက် ကျည်ဆံမပါအသွားအပြန်စားရိတ်မပါ) မြန်မာငွေ လေးသိန်းကုန်ပါတယ်။သင်တန်းတစ်ခုမှာသင်တန်းသား

အယောက်တစ်ရာရှိတယ်ဆိုရင်ပဲ သိန်းလေးရာကျပါပြီ။တပြည်လုံးအတိုင်းအတာနဲ့သင်တန်းဘယ်နှစ်ခုရှိမလဲတကယ်တိုက်ရင်PDFအင်အားဘယ်လောက်လိုမလဲတွက်ကြည့်ပါ။

ခန့်မှန်းခြေ PDFအင်အားတစ်သိန်းအတွက်ဆိုရင်ပဲမြန်မာငွေသိန်းပေါင်းလေးသိန်းကုန်ပါမယ်။ဒါကသင်တန်းစားရိတ်ပါပဲ။တကယ်တိုက်မယ်ဆိုရင်အဲ့ဒီထက်လိုတာတွေရှိပါတယ်။သေနတ်အတို ၉မမ ပစ်စတိုတစ်လက် ထိုင်းဘတ်၆သောင်း မြန်မာငွေသိန်း၃၀ခန့်ရှိပါတယ်။ကျည်အတောင့်၅၀ တစ္ဖာကို ဘတ်၁၅၀၀ မြန်မာငွေ ၇၅၀၀၀ခန့်ရှိပါတယ်။သေနတ်အရှည် M16 A1ပုံဟောင်းတစ်လက်ကိုဘတ်၆၀၀၀၀ကနေ၈၀၀၀၀ထိရှိပါတယ်မြန်မာငွေနဲ့ဆိုသိန်း၃၀ က သိန်း၄၀ပါ ဒါပေမယ့်ဝယ်ဖို့ရှားသွားပါပြီ။

M4 ကတော့ဝယ်လို့ရပါတယ် အရည်အတွက်ပေါ်မူတည်ပြီး ဘတ်တစ်သိန်းဝန်းကျင် မြန်မာငွေသိန်း၅၀ခန့်ရှိပါတယ်။ကျည်ကတော့ ၁တောင့်ဘတ်၂၀ခန့်ပါ

AK47 ကတော့ဝယ်မရတော့ပါဘူး။သူလည်းဘတ်၈၀၀၀၀ကနေ တစ်သိန်းဝန်းကျင်ပေါက်ဈေးရှိပါတယ်။ကြိုက်ရောင်းကြိုက်ဝယ်ပါ။ကျည်ကတော့၁တောင့်၃၅ဘတ်ပါ။ပြည်တွင်းဖြစ်လက်လုပ်သေနတ်တွေဆိုရင်တော့၃သိန်း၄သိန်းလောက်ကျပါမယ်။

လူတစ်ယောက်ကိုအနည်းဆုံးကျည် ၂၀၀ တော့ရှိရပါတယ်။တကယ်တမ်းပစ်ရင် ကျည်၂၀၀ဆိုတာ မကြာပါဘူး ခဏပဲခံပါတယ်။ကျည်ဖိုးကM16ဆိုဘတ်၄၀၀၀ မြန်မာငွေနှစ်သိန်း AK ဆိုရင်ဘတ်၇၀၀၀ ကျပ်သုံးသိန်းခွဲ ပါ။ကျည်နှစ်ရာနဲ့အလွန်ဆုံးတိုက်နိင်တဲ့အချိန်ကတစ်ရက်မကျော်ပါဘူး။

ဒါကလက်နက်တပ်ဆင်မယ်ဆိုရင်တစ်ယောက်ကိုဘယ်လောက်ကျမလဲအကြမ်းတွက်လို့ရအောင်ပါ။ဒါတောင်ကျည်ကာတွေ လက်ပစ်ဗုံးတွေမပါသေးပါဘူး။တပ်ဖွဲ့စည်းပုံအတွက်ဆို တခြားလက်နက်ကြီးတွေ ဆက်သွယ်ရေးစက်တွေ အများကြီးလိုပါသေးတယ်။

တိုင်းပြည်စီးပွားရေးကကျ ရောဂါတွေကများနေတယ်ဆိုပေမယ့်လည်းဒီကုန်ကျစားရိတ်တွေက တကယ့်လိုအပ်ချက်တွေဖြစ်နေတာအမှန်ပါပဲ။အသက်ကိုပေးလှူထားကြတဲ့ပြည်သူ့ကာကွယ်ရေးတပ်သားတွေအတွက် လစာမပါရင်ဖြစ်ပေမယ့် တိုက္စရာ လက်နက် ကျည်ဆံနဲ့ ဆေးဝါးရိက္ခာတွေ လုံလောက်ဖို့တော့လိုပါတယ်။

ပြည်တွင်းကပြည်သူတွေတအားကျပ်တည်းနေကြပြီဖြစ်လို့ ပြည်ပရောက်အလှူရှင်များနဲ့ငြိမ်ချက်သားကောင်းနေကြတဲ့လုပ်ငန်းရှင်ကြီးများရဲ့အကူအညီတွေလိုနေပြီဖြစ်ပါကြောင်းတိုက်တွန်းလိုက်ရပါတယ်။အားလုံးမျော်နေတဲ့ D Day အမြန်ဆုံးရောက်ပါစေ။

Credit

Ko Ko Kyaw Kyaw