Local News

PDF စခန်းတစ်ခုကို Drone ဖြင့် ထောက်လှမ်းရေး လုပ်ဆောင်နေသော

ရှမ်းပြည်တောင်ပိုင်း PDF စခန်းတစ်ခုကို Drone ဖြင့် ထောက်လှမ်းရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၅၁၆ မှ တပ်သား တစ်ဦး ပစ်ခတ်ခံရကာ သေဆုံး

ရန်ကုန်၊ သြဂုတ် ၆

ရှမ်းပြည်နယ် တောင်ပိုင်းရှိ PDF စခန်းတစ်ခုကို ယနေ့ သြဂုတ်လ ၆ရက်နေ့တွင် Drone ဖြင့် ထောက်လှမ်းရေး လုပ်ဆောင်ရန် ရောက်ရှိလာသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ ခမရ ၅၁၆ တပ်သားတစ်ဦးကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ လိုက်လံ ပစ်ခတ်ခဲ့ပြီး သေနတ်ထိမှန်ခဲ့ကာ သွေးထွက်လွန် သေဆုံးသွားကြောင်း ရှမ်းပြည်တောင်ပိုင်းရှိ PDF (Southern Shan State Generations) အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စခ ပါ တပ်ကပြေးလားတယ် ပြောပါတယ်။ Drone လွင့်ပီး ရှောင်ကွင်းနေရာရှာတာပါလို့ အသက် မထွက်ခင်ပြောသွားတယ် ပြေးရင် ပစ်ပြီးဖမ်းရမှာက ကျနော် တာဝန်၊ ကျနော်တို့လုံခြုံရေးက အရေးကြီးတယ်။ ဆေးတော့ကုပေးတယ်၊ သွေးထွက်လွန်ပြီး သေသွားတယ်၊ အသက်က ၅၄ နှစ်လို့ သိရပါတယ်၊ လက်မောင်း မှာ ၅၁၆လို့ ရေးထားတယ် ” ဟု ထုတ်ပြန်ထားသည်အဆိုပါ သေဆုံးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား၏

လွယ်အိတ်ထဲတွင် GPS စက်များပါ တွေ့ရှိခဲ့ကာ Drone ကိုဖျက်စီးလိုက်ကြောင်း ရှမ်းပြည်တောင်ပိုင်းရှိ PDF (Southern Shan State Generations) အဖွဲ့က သတင်းထုတ်ပြန်ထားသည်

Photo crd – Southern Shan State Generations

Credit

Zawgyi


ရန်ကုန်၊ သြဂုတ် ၆






Credit