Local News

ကပ်ရောဂါဆိုးကြီးနဲ့ သုံးခွမြို့နယ်က ကိုဗစ်ပျောက် ကန်ရေအကြောင်း (ယုံကြည်ချက်တွေ)

ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေ နဲ့အတူ အောက်ဆီဂျင် လုံးဝ မရတော့မယ့်အချိန်မှာတမာ၊ ဂွေးတောက်နဲ့ ပင်စိမ်းဟာ လူနာနဲ့ လူနာရှင်တွေ အတွက် ကောက်ရိုးတမျှင် ဖြစ်လာသ လိုပါပဲ ။

စစ်အာဏာရှင် အုပ်ချုပ် မှုအောက် ပျက်ယွင်းနေတဲ့ ကျန်းမာရေး ယန္တရားမှာ ကိုဗစ်တတိယ လှိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေ ရတဲ့ မြန်မာပြည် သူတွေဟာ အင်္ဂလိပ်ဆေးဝါးတွေအပြင်ကောင်းနိုးရာရာ နည်းလမ်းတွေကိုလည်း အချင်းချင်း လက်ဆင့်ကမ်းမျှဝေရင်း ကပ်ရောဂါကို အန်တုနေကြရပါတယ်။ ဘယ်သူက အစပြုလိုက်တယ် မသိပေမယ့် လွန်ခဲ့တဲ့ ၁၅ ရက်ခန့်ကစလို့ ရန်ကုန်တိုင်း၊

သုံးခွမြို့နယ်၊ ကျေးရွာ တခုက ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ကန်ရေကို သောက်ရင် ကိုဗစ်ရောဂါ ပျောက်ကင်းတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်လာ ပါတယ်။ အဲဒီသတင်းကြောင့်ပဲ သန်လျင်ကနေ ခရမ်း-သုံးခွကိုသွားတဲ့ ကားလမ်းမကြီးကနေ ခွဲထွက်ကာ လမ်းသွယ်လေးအတိုင်း ၁၀ မိနစ်ခန့် ကားမောင်းသွား ရတဲ့ အဲဒီနေရာကို အနယ်နယ် အရပ်ရပ်က လူတွေ ရေပုံး ကြီးငယ် အသွယ်သွယ်နဲ့ ရေလာ ခပ်လျက် ရှိပါတယ်။

တလမ်းမောင် းသာရှိတဲ့ အဲဒီလမ်း ပိုင်းလေးမှာ ကားတွေ ရှောင်လို့မ ရတော့သည်အထိ ဖြစ်လာ တာကြောင့်ကားနဲ့သွာ းလာခြင်းကိုပင် ယခု အခါ ယာယီ ရပ်နားထားလိုက်ရ တယ်လို့ သိရ ပါတယ်။ ရေလာယူ သူတွေကို ကူညီပေးနေတဲ့

ဒေသခံတဦးက “ဦးတို့ မွေးကတည်းက ရှိနေတဲ့ ရေကန်ပါ။ ဘယ်က စကြားတယ် မသိပါဘူး။ ဒီကန်ရေကြောင့်ကိုဗစ် ပျောက်ကြတယ်ဆိုပြီး ပြီးခဲ့တဲ့ ၁၅ ရက်လောက် ကတည်းကအပြင်က လူတွေ ရေလာသယ်ကြတာ

ခုထိ လူ မပြတ်ဘူး။ ဒီမနက်တောင် လူတွေ အရမ်းများနေလို့ ထပ်ရောက် မလာအောင် ခဏ လမ်းပိတ်ထားရတယ်” လို့ ပြောပြပါတယ်။ တကယ် ရောဂါပျောက်လား၊မပျောက်လား ကိုတော့ သူ့အနေနဲ့ မျက်မြင်မဟုတ်လို့ သေချာမပြောပြ တတ်ပေမယ့်ဒီရေကြောင့် ဝေဒနာခံစားနေရ သူတွေ သက်သာ တယ်ကြားရတာ ဝမ်းသာ တယ်လို့လည်း သူက ဆိုပါတယ်။ အဲဒီ ရေကန်ဟာ နွေရာသီရောက်တဲ့အခါ သောက်သုံးရေအတွက်

ကျေးရွာနေပြည်သူတွေ မှီခိုနေရတဲ့ ကန်ဖြစ်ပြီးအခုလို လူစုလူဝေးနဲ့ အပြင်လူတွေပါ ရေဆင်းခပ်နေမှုတွေကြောင့် ရေထု ညစ်ညမ်းမှာစိုးလို့ယခုအခါ ရွာသားတွေကိုယ်တိုင် စက်နဲ့မောင်းတင်ပြီး ရေရယူလိုသူတွေကို ကူညီပေးနေတာ တွေ့ရပါတယ်။

Credit

Zawgyi

ယုံၾကည္ခ်က္ေတြ၊ ေမွ်ာ္လင့္ခ်က္ေတြ နဲ႔အတူ ေအာက္ဆီဂ်င္ လုံးဝ မရေတာ့မယ့္အခ်ိန္မွာတမာ၊ ေဂြးေတာက္နဲ႔ ပင္စိမ္းဟာ လူနာနဲ႔ လူနာရွင္ေတြ အတြက္ ေကာက္႐ိုးတမွ်င္ ျဖစ္လာသ လိုပါပဲ ။

စစ္အာဏာရွင္ အုပ္ခ်ဳပ္ မႈေအာက္ ပ်က္ယြင္းေနတဲ့ က်န္းမာေရး ယႏၲရားမွာ ကိုဗစ္တတိယ လႈိင္းဒဏ္ကို ဆိုးဆိုး႐ြား႐ြား ရင္ဆိုင္ေန ရတဲ့ ျမန္မာျပည္ သူေတြဟာ အဂၤလိပ္ေဆးဝါးေတြအျပင္

ေကာင္းႏိုးရာရာ နည္းလမ္းေတြကိုလည္း အခ်င္းခ်င္း လက္ဆင့္ကမ္းမွ်ေဝရင္း ကပ္ေရာဂါကို အန္တုေနၾကရပါတယ္။ ဘယ္သူက အစျပဳလိုက္တယ္ မသိေပမယ့္ လြန္ခဲ့တဲ့ ၁၅ ရက္ခန႔္ကစလို႔ ရန္ကုန္တိုင္း၊

သုံးခြၿမိဳ႕နယ္၊ ေက်း႐ြာ တခုက ဘုန္းေတာ္ႀကီးေက်ာင္းအတြင္းရွိ ကန္ေရကို ေသာက္ရင္ ကိုဗစ္ေရာဂါ ေပ်ာက္ကင္းတယ္ ဆိုၿပီး သတင္းေတြ ထြက္ေပၚလာ ပါတယ္။ အဲဒီသတင္းေၾကာင့္ပဲ သန္လ်င္ကေန ခရမ္း-သုံးခြကို

သြားတဲ့ ကားလမ္းမႀကီးကေန ခြဲထြက္ကာ လမ္းသြယ္ေလးအတိုင္း ၁၀ မိနစ္ခန႔္ ကားေမာင္းသြား ရတဲ့ အဲဒီေနရာကို အနယ္နယ္ အရပ္ရပ္က လူေတြ ေရပုံး ႀကီးငယ္ အသြယ္သြယ္နဲ႔ ေရလာ ခပ္လ်က္ ရွိပါတယ္။

တလမ္းေမာင္ းသာရွိတဲ့ အဲဒီလမ္း ပိုင္းေလးမွာ ကားေတြ ေရွာင္လို႔မ ရေတာ့သည္အထိ ျဖစ္လာ တာေၾကာင့္ကားနဲ႔သြာ းလာျခင္းကိုပင္ ယခု အခါ ယာယီ ရပ္နားထားလိုက္ရ တယ္လို႔ သိရ ပါတယ္။ ေရလာယူ သူေတြကို ကူညီေပးေနတဲ့

ေဒသခံတဦးက “ဦးတို႔ ေမြးကတည္းက ရွိေနတဲ့ ေရကန္ပါ။ ဘယ္က စၾကားတယ္ မသိပါဘူး။ ဒီကန္ေရေၾကာင့္ကိုဗစ္ ေပ်ာက္ၾကတယ္ဆိုၿပီး ၿပီးခဲ့တဲ့ ၁၅ ရက္ေလာက္ ကတည္းကအျပင္က လူေတြ ေရလာသယ္ၾကတာ

ခုထိ လူ မျပတ္ဘူး။ ဒီမနက္ေတာင္ လူေတြ အရမ္းမ်ားေနလို႔ ထပ္ေရာက္ မလာေအာင္ ခဏ လမ္းပိတ္ထားရတယ္” လို႔ ေျပာျပပါတယ္။ တကယ္ ေရာဂါေပ်ာက္လား၊မေပ်ာက္လား ကိုေတာ့ သူ႔အေနနဲ႔ မ်က္ျမင္မဟုတ္လို႔ ေသခ်ာမေျပာျပ တတ္ေပမယ့္ဒီေရေၾကာင့္ ေဝဒနာခံစားေနရ သူေတြ သက္သာ တယ္ၾကားရတာ ဝမ္းသာ တယ္လို႔လည္း သူက ဆိုပါတယ္။ အဲဒီ ေရကန္ဟာ ေႏြရာသီေရာက္တဲ့အခါ ေသာက္သုံးေရအတြက္

ေက်း႐ြာေနျပည္သူေတြ မွီခိုေနရတဲ့ ကန္ျဖစ္ၿပီးအခုလို လူစုလူေဝးနဲ႔ အျပင္လူေတြပါ ေရဆင္းခပ္ေနမႈေတြေၾကာင့္ ေရထု ညစ္ညမ္းမွာစိုးလို႔ယခုအခါ ႐ြာသားေတြကိုယ္တိုင္ စက္နဲ႔ေမာင္းတင္ၿပီး ေရရယူလိုသူေတြကို ကူညီေပးေနတာ ေတြ႕ရပါတယ္။

Credit