Knowledge

နာမည်အစ စာလုံးက ပြောပြနေတဲ့ သင့်ရဲ့အကြောင်း

လူတစ်ယောက်ရဲ့ နာမည်ဟာ သူ့ရဲ့စိတ်နေစိတ်ထားနဲ့ အကျင့်စရိုက်လေးတွေကို ဖော်ပြလေ့ရှိတယ်လို့ ယုံပါရဲ့လား။ ဥပမာ သူ့နာမည်က Su Su ဆိုရင် နာမည်

အစ စာလုံးက S ပေါ့နော်။သူ့ရဲ့နာမည်အစစာလုံး ဒါမှမဟုတ် ကိုယ်သိချင်တဲ့လူရဲ့ နာမည်အစစာလုံးကိုကြည့်ပြီး သူက ဘယ်လိုလူမျိုးလဲဆိုတာ အကဲခတ်ကြည့်ရအောင်ပါ။A, H, I, O, Y

ဂျိုကာနဲ့တူတဲ့လူတွေပါ။ လူတိုင်းကို ပျော်ရွှင်အောင်လုပ်ပေးနိုင်သူတွေပေါ့။ ဒါပေမဲ့ သူတို့ဝမ်းနည်းတာ၊ စိတ်ဓာတ်ကျတာတွေ တခြားစိတ်ခံစားချက်တွေကို

ဘယ်သူမှမသိအောင် ကြိတ်ခံစားပြီး ကိုယ့်ကြောင့် သူများစိတ်မညစ် အောင် နေတတ်ကြသူတွေဖြစ်တယ်။ အမြဲတမ်း ပျော်ပျော်နေတတ်တော့ လူချစ် လူခင်ပေါတယ်။

အလုပ်အကိုင်နဲ့ပတ်သက်ရင် ကံကောင်းတယ်။ အချစ်ရေးမှာ ကျန်ရစ်ဖြစ် ခဲ့ရတာများတယ်။ စိတ်ခံစားလွယ်တဲ့အထဲမှာလည်း ပါတယ်။

B, C, L, M, N

သူတို့ကျတော့ လက်ဆောင်ဘူးနဲ့ တူတယ်။ အထဲမှာ ဘာဖြစ်နေလဲဆိုတာ ခန့်မှန်းဖို့မလွယ်ဘူး။ သူတို့ရဲ့စိတ်နေ စိတ်ထားကိုလည်း တော်ရုံနဲ့ မသိရဘူး။

မသိရအောင်လည်းနေတယ်။ ရုပ်မချောတာတောင် ဆွဲဆောင်မှု ရှိကြသူတွေပါ။ တစ်ယောက်တည်းနေတတ်ကြတယ်။ အချစ်ရေးမှာတော့ကိုယ့်စိတ်ကိုယ်တောင်

သေသေ ချာချာမသိလို့ပြဿနာတွေ အခက်အခဲတွေ ကြုံရ လေ့ရှိတယ်။ အလုပ်ကြိုး စားပေမဲ့ အလုပ်ကံက သိပ်မကောင်း တတ်ကြဘူး။

J, K, R, T

သူတို့ဟာ ပင်လယ်နဲ့ တူတယ်။ ပြီးပြည့်စုံ ခြင်းတွေနဲ့ ပြည့်နှက် နေတဲ့ သဘောရှိတယ်။ ကံအကောင်းဆုံး လူတွေလို့လည်း ပြောလို့ရတယ်။ လျှို့ဝှက်ချက်နဲ့ မာယာကြွယ်သူတွေလည်းဖြစ်တယ်။အားမနာတတ်ဘူး။ မဟုတ်မခံ စိတ်ရှိသူတွေ။

အချစ်ရေးမှာ ဦးနှောက်နဲ့ နှလုံးသားကို အကန့်ခွဲ ထားနိုင်ကြတာက သူတို့ရဲ့စူပါပါဝါပဲ။ ဝန်ထမ်း ဘဝမှာ မပျော်မွေ့ဘဲ ကိုယ်ပိုင်လုပ်ငန်း လုပ်ချင် ကြသူတွေပါ။ တည်ငြိမ် ရင့်ကျက်တဲ့ အသွင်ကြောင့် လူအထင် ကြီးတာလည်း ခံရတယ်။

D, E, P, Z

ဒီလိုနာမည် အစ စာလုံးရှိ သူတွေကို ကုလားထိုင်နဲ့ တူတဲ့လူ တွေလို့ ဆိုကြတယ်။ ဆိုလိုတာက တစ်ယောက်တည်း နေပြီး အေးဆေး တည်ငြိမ်ကြ သူတွေပေါ့။ လွတ်လပ်မှုကို မြတ်နိုးတယ်။

ကိုယ့်ကိုယ် ကိုယ်ထက် တခြားအရာတွေကို ချစ်ဖို့ စိတ်မဝင်စားဘူး။ ဇိမ်ကျကျ နေရတာ သဘောကျတယ်။ အကောင်းဆုံး ဆိုတာတွေကမှ လိုချင်တယ်။ စကားနည်းပေမဲ့ ဆုံးဖြတ်ချက် ခိုင်မာတယ်။

မိသားစုပတ်ဝန်းကျင်မှာ သြဇာအာဏာ ညောင်းတယ်။ အလုပ်ကိုလည်း အေးအေးဆေးဆေး လုပ်ရတာမျိုးပဲ လုပ်ချင် ကြသူတွေပါ။ အချစ်ရေး ကျတော့ မြဲတာရှားတယ်။ ချစ်ပြီးရင်း ချစ်ရင်း ဖြစ်နေတတ်တာ။

F, G, S, U

စာကလေးနဲ့ တူတဲ့လူတွေပါ။ ပိကျိပိကျိနဲ့ အရမ်းစ ကားများတယ်။ စကားလည်း အရမ်းတတ်တယ်။ ရုပ်မချောလည်း ချစ်စရာကောင်းနေတာ။ အမြဲလိုလို ဟာသတွေလုပ်တယ်၊

ဟာသတွေပြောတယ်။ စိတ်ဆိုးစိတ်ကောက် လွယ်သလား မမေးနဲ့။ ဒါပေမဲ့ ပြန်ချော့ရင်လည်း ခဏလေးနဲ့ ပြေရော။ အလုပ်တစ်ခု တည်းမှာ အချိန်ကြာကြ ာလုပ်ရတာနည်းတယ်။

ဘယ်အလုပ်မှာမဆိုကြိုးကြိုးစားစား လုပ်ချင်စိတ်တော့ အပြည့်ရှိတယ်။ အချစ်ရေးမှာတော့ စိတ်ကူးယဉ်ဆန်လွန်းကြ သူတွေပါ။ ကိုယ့်ကို ဖူးဖူးမှုတ် ချစ်ပြ၊ ကြင်နာယုယ

ပေးနိုင်တဲ့လူကိုမှ ချစ်ချင်တယ်။ကိုယ်ကလည်း ချစ်သူကို အရိပ် တကြည့်ကြည့်နဲ့ မြတ်နိုးတတ် တဲ့ ရိုမန့်တစ် အဆန်ဆုံးလူတွေ ဖြစ်ပါ သတဲ့။

Credit: Duwun