Local News

နိုင်ငံတော်ကို ရိုးသားတဲ့ နိုင်ငံရေးနဲ့ တည်ဆောက် ကြမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်း အောင် လှိုင် ပြော

နိုင်ငံတော်ကိုရိုးသားတဲ့နိုင်ငံရေးနဲ့ တည်ဆောက်ကြမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ မိန့်ခွန်းထဲထည့်သွင်းပြောဆိုလိုက်ပါတယ်။

စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတော်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်၊ မြန်မာရဲ့အနာဂါတ်ကို မြန်မာတိုင်းရင်းသားပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ တည်ဆောက်နိုင်တဲ့ နိုင်ငံတော်ကိုရိုးသားတဲ့နိုင်ငံရေးနဲ့

ကျွန်တော်တို့တည်ဆောက်ကြပါမယ်၊တိုင်းရင်းသားပြည်သူလူထုအားလုံးက ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးကြဖို့ ကျွန်တော်အနေနဲ့ လေးလေးနက်နက် မေတ္တာရပ်ခံအပ်ပါတယ်။”လို့ သူကပြောပါတယ်။

နောက်ပြီး နိုင်ငံတော်တည်တံ့ ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားကြတဲ့ တိုင်းချစ်၊ ပြည်ချစ်၊ နိုင်ငံချစ်၊ ပြည်သူလူထုကိုချစ်တဲ့ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိကဖြစ်တယ်လို့လည်းသူကဆိုပါတယ်။

လက်ရှိမှာတော့ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးနယ်ပယ်အသီးသီးမှာ မတည် မငြိမ်ဖြစ်အောင်၊ ပျက်စီးယိုယွင်းအောင် လုပ်ဆောင်နေကြတာတွေရှိတဲ့အပြင် အစိုးရပြုတ်ကျရေး၊ တပ်မတော်ပြိုကွဲရေးအတွက် ဦးတည်ပြီး လုပ်ဆောင်နေရုံသာမကဘဲ အားလုံးတန်ဖိုးထားရတဲ့ မြန်မာ တိုင်းရင်းသားအားလုံးရဲ့

ယဉ်ကျေးမှု၊ အစဉ်အလာနဲ့ သမိုင်းကြောင်းတွေ ကိုပါ အခြေအမြစ်ကစပြီး ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာတွေရှိနေတဲ့အကြောင်း ဒါကို အထူးသတိရှိရှိ၊ အသိရှိရှိ မြင်တွေ့နိုင်ဖို့လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ မိန့်ခွန်းထဲထည့်သွင်းပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၅ နှစ် အတွင်းမှာ ဗုဒ္ဓဘာသာဝင်တွေအတွက် စိတ်အားညှိုးငယ်ဖွယ်ရာများနဲ့ ကြုံတွေ့ခဲ့ရတယ်လို့လည်း သူကဆက်ပြောခဲ့ပါတယ်။ကျွန်တော်တို့ နိုင်ငံဟာ ဗုဒ္ဓဘာသာ အဓိကကိုးကွယ်တဲ့နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ် အတွင်းမှာ ဗုဒ္ဓဘာသာဝင်တွေအတွက် စိတ်အားညှိုးငယ်ဖွယ်ရာများနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ကျွန်တော်တို့ တာဝန်ယူပြီးချိန်ကစပြီး အခြေခံဥပဒေ ပြဋ္ဌာန်းချက်များနဲ့အညီ သက်ဝင်ယုံကြည်မှုမပျက်စေရန် ကျွန်တော် အလေးထား ဆောင်ရွက်ပေးခဲ့ပါတယ်”လို့ သူကဆိုပါတယ်။နောက်ပြီး တပ်မတော်က တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA – Nation wide Cease fire Aggrement)ကိုလက်မှတ်ရေးထိုး

ထားတဲ့အတိုင်း ခိုင်မာစွာရပ်တည်ပြီး ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ငြိမ်းချမ်းစွာ တည်ထောင်သွားဖို့ ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ မိန့်ခွန်းထဲထည့်သွင်းပြောဆိုထားတာရှိပါတယ်။

အကြမ်းဖက်အဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းများမှအပ မည်သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမဆိုတွေ့ဆုံဆွေးနွေးဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်”လို့ ပါရှိပါတယ်။

Credit

Zawgyi

ႏိုင္ငံေတာ္ကို႐ိုးသားတဲ့ႏိုင္ငံေရးနဲ႔ တည္ေဆာက္ၾကမယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဒီကေန႔ မိန႔္ခြန္းထဲထည့္သြင္းေျပာဆိုလိုက္ပါတယ္။

စစ္မွန္စည္းကမ္းျပည့္ဝေသာ ဒီမိုကေရစီစနစ္ကို က်င့္သုံးတဲ့ႏိုင္ငံေတာ္၊ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္တဲ့ ႏိုင္ငံေတာ္၊ ျမန္မာရဲ႕အနာဂါတ္ကို ျမန္မာတိုင္းရင္းသားျပည္သူလူထုရဲ႕ ဆႏၵနဲ႔အညီ တည္ေဆာက္ႏိုင္တဲ့ ႏိုင္ငံေတာ္ကို႐ိုးသားတဲ့ႏိုင္ငံေရးနဲ႔ကြၽန္ေတာ္တို႔တည္ေဆာက္ၾကပါမယ္၊တိုင္းရင္းသားျပည္သူလူထုအားလုံးက ဝိုင္းဝန္းပူးေပါင္းကူညီေဆာင္႐ြက္ေပးၾကဖို႔ ကြၽန္ေတာ္အေနနဲ႔ ေလးေလးနက္နက္ ေမတၱာရပ္ခံအပ္ပါတယ္။”လို႔ သူကေျပာပါတယ္။

ေနာက္ၿပီး ႏိုင္ငံေတာ္တည္တံ့ ခိုင္ၿမဲေရး၊ တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးကိုလိုလားၾကတဲ့ တိုင္းခ်စ္၊ ျပည္ခ်စ္၊ ႏိုင္ငံခ်စ္၊ ျပည္သူလူထုကိုခ်စ္တဲ့ ျပည္သူေတြရဲ႕ အင္အားသည္သာ အဓိကျဖစ္တယ္လို႔လည္းသူကဆိုပါတယ္။

လက္ရွိမွာေတာ့ ႏိုင္ငံေရး၊ လူမႈေရးနဲ႔ စီးပြားေရးနယ္ပယ္အသီးသီးမွာ မတည္ မၿငိမ္ျဖစ္ေအာင္၊ ပ်က္စီးယိုယြင္းေအာင္ လုပ္ေဆာင္ေနၾကတာေတြရွိတဲ့အျပင္ အစိုးရျပဳတ္က်ေရး၊ တပ္မေတာ္ၿပိဳကြဲေရးအတြက္ ဦးတည္ၿပီး လုပ္ေဆာင္ေန႐ုံသာမကဘဲ အားလုံးတန္ဖိုးထားရတဲ့ ျမန္မာ တိုင္းရင္းသားအားလုံးရဲ႕

ယဥ္ေက်းမႈ၊ အစဥ္အလာနဲ႔ သမိုင္းေၾကာင္းေတြ ကိုပါ အေျခအျမစ္ကစၿပီး ရည္႐ြယ္ခ်က္ရွိရွိ ဖ်က္ဆီးေနတာေတြရွိေနတဲ့အေၾကာင္း ဒါကို အထူးသတိရွိရွိ၊ အသိရွိရွိ ျမင္ေတြ႕ႏိုင္ဖို႔လိုတယ္လို႔လည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဒီကေန႔ မိန႔္ခြန္းထဲထည့္သြင္းေျပာဆိုလိုက္ပါတယ္။ဒါ့အျပင္ ၿပီးခဲ့တဲ့ ၅ ႏွစ္ အတြင္းမွာ ဗုဒၶဘာသာဝင္ေတြအတြက္ စိတ္အားညႇိဳးငယ္ဖြယ္ရာမ်ားနဲ႔ ႀကဳံေတြ႕ခဲ့ရတယ္လို႔လည္း သူကဆက္ေျပာခဲ့ပါတယ္။ကြၽန္ေတာ္တို႔ ႏိုင္ငံဟာ ဗုဒၶဘာသာ အဓိကကိုးကြယ္တဲ့ႏိုင္ငံျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၅ ႏွစ္ အတြင္းမွာ ဗုဒၶဘာသာဝင္ေတြအတြက္ စိတ္အားညႇိဳးငယ္ဖြယ္ရာမ်ားနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။

ကြၽန္ေတာ္တို႔ တာဝန္ယူၿပီးခ်ိန္ကစၿပီး အေျခခံဥပေဒ ျပ႒ာန္းခ်က္မ်ားနဲ႔အညီ သက္ဝင္ယုံၾကည္မႈမပ်က္ေစရန္ ကြၽန္ေတာ္ အေလးထား ေဆာင္႐ြက္ေပးခဲ့ပါတယ္”လို႔ သူကဆိုပါတယ္။ေနာက္ၿပီး တပ္မေတာ္က တစ္ႏိုင္ငံလုံးပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA – Nation wide Cease fire Aggrement)ကိုလက္မွတ္ေရးထိုး

ထားတဲ့အတိုင္း ခိုင္မာစြာရပ္တည္ၿပီး ဒီမိုကေရစီနဲ႔ဖက္ဒရယ္စနစ္ကို အေျခခံတဲ့ ျပည္ေထာင္စုကို ၿငိမ္းခ်မ္းစြာ တည္ေထာင္သြားဖို႔ ရွိတယ္လို႔လည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဒီကေန႔ မိန႔္ခြန္းထဲထည့္သြင္းေျပာဆိုထားတာရွိပါတယ္။

အၾကမ္းဖက္အျဖစ္ ေၾကညာထားတဲ့ အဖြဲ႕အစည္းမ်ားမွအပ မည္သည့္တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမဆိုေတြ႕ဆုံေဆြးေႏြးဖို႔ ကြၽန္ေတာ္ဖိတ္ေခၚပါတယ္”လို႔ ပါရွိပါတယ္။

Credit