Local News

ရုရှားက ပေးခဲ့တဲ့ ကိုဗစ် ကာကွယ်ဆေးများကို မြန်မာ့တပ်မတော်မှ သုတေသန ပြုလုပ်မည်

ရုရှားက ပေးခဲ့တဲ့ ကိုဗစ် ကာကွယ်ဆေးများကို မြန်မာ့တပ်မတော်မှ သုတေသန ပြုလုပ်မည်ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey K.SHOIGU လာရောက်စဉ်လက်ဆောင်ပေးခဲ့သည့် ရုရှားထုတ် Sputnik V ကိုဗစ်ကာကွယ်ဆေးများကို သုတေသန ပြုလုပ်ရန်အတွက်သာထားရှိထားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒါကတော့ ကျွန်တော်တို့ဆီမှာ ဆေးသုတေသနလုပ်ဖို့ စမ်းသပ်ကြည့်ဖို့ပဲ ကျွန်တော်တို့လုပ်ဆောင် သွားမှာဖြစ်ပါတယ်။ ကိုဗစ် ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ကျွန်တော်သိရသလောက်တော့ထိုးနှံပြိးတဲ့သူတော့ မရှိသေးပါဘူး။

စမ်းသပ်နေတဲ့ဟာပဲ ရှိပါတယ်။ခုနက ပြောသလို ကာကွယ်ဆေး အရေအတွက်ထောင်ဂဏန်းဆိုတာ စမ်းသပ်ဖို့ အတွက် သုတေသန ပြုလုပ်ဖို့ အတွက် လက်ခံထားရှိတာမျိုးဖြစ်ပါတယ် ဟု ပြောပါသည်။စမ်းသပ်သုတေသနပြုလုပ်ရန်ထားရှိထားသော်လည်း ကိုဗစ် ၁၉ ရောဂါ ရှိသူများ နှင့် တိုက်ရိုက်ထိတွေ့ရမည့်သူများရှိပါက ထိုးနှံပေးမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

ရုရှားက လှူဒါန်းခဲ့သည့် ကိုဗစ် ကာကွယ်ဆေးသည် အလုံးရေ ထောင်ဂဏန်း မပြည့်ကြောင်း သိရသည်။တပ်ချုပ် မင်းအောင်လှိုင် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးArmy General Sergey K.SHOIGU တို့ ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံရာတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

zawgyi

ရုရှားက ပေးခဲ့တဲ့ ကိုဗစ် ကာကွယ်ဆေးများကို မြန်မာ့တပ်မတော်မှ သုတေသန ပြုလုပ်မည်ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey K.SHOIGU လာရောက်စဉ်လက်ဆောင်ပေးခဲ့သည့် ရုရှားထုတ် Sputnik V ကိုဗစ်ကာကွယ်ဆေးများကို သုတေသန ပြုလုပ်ရန်အတွက်သာထားရှိထားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒါကတော့ ကျွန်တော်တို့ဆီမှာ ဆေးသုတေသနလုပ်ဖို့ စမ်းသပ်ကြည့်ဖို့ပဲ ကျွန်တော်တို့လုပ်ဆောင် သွားမှာဖြစ်ပါတယ်။ ကိုဗစ် ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ကျွန်တော်သိရသလောက်တော့ထိုးနှံပြိးတဲ့သူတော့ မရှိသေးပါဘူး။ စမ်းသပ်နေတဲ့ဟာပဲ ရှိပါတယ်။

ခုနက ပြောသလို ကာကွယ်ဆေး အရေအတွက်ထောင်ဂဏန်းဆိုတာ စမ်းသပ်ဖို့ အတွက် သုတေသန ပြုလုပ်ဖို့ အတွက် လက်ခံထားရှိတာမျိုးဖြစ်ပါတယ်ဟု ပြောပါသည်။စမ်းသပ်သုတေသနပြုလုပ်ရန်ထားရှိထားသော်လည်း ကိုဗစ် ၁၉ ရောဂါ ရှိသူများ နှင့် တိုက်ရိုက်ထိတွေ့ရမည့်သူများရှိပါက ထိုးနှံပေးမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

ရုရှားက လှူဒါန်းခဲ့သည့် ကိုဗစ် ကာကွယ်ဆေးသည် အလုံးရေ ထောင်ဂဏန်း မပြည့်ကြောင်း သိရသည်။တပ်ချုပ် မင်းအောင်လှိုင် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးArmy General Sergey K.SHOIGU တို့ ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံရာတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Credit ငြိမ်းနိုင်