Local News

KNU/KNLA-PC စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြ ကွယ်လွန်

ဩဂုတ် ၄ ရက် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၏ စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြ (ခ) တေးလေးသည် ယမန်နေ့ ဩဂုတ်လ ၃ရက်နေ့၊ ည ၁၀နာရီခွဲကျော်တွင်

ကိုဗစ်ရောဂါဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ကွယ်လွန်သွားခဲ့ကြောင်း ၎င်းနှင့်နီးစပ်ရာ အသိုင်းအဝိုင်းက ပြောဆိုသည်။ကွယ်လွန်ချိန်တွင် အသက် ၄၆နှစ်ရှိသူ ဗိုလ်ချုပ်စောနေစိုးမြသည် KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်၏ တပ်ရင်း(၂၀၂)တွင် အစ်ကိုအကြီးဆုံးဖြစ်သူ ဒုဗိုလ်မှူးကြီးစောနေကော်မြ တပ်ရင်းမှူးဖြစ်နေချိန် ၎င်းက တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့နောက် ၂၀၀၉ခုနှစ်တွင် ငြိမ်းချမ်းရေးကောင်စီသို့ ကူးပြောင်းခဲ့ပြီး (၇၇၇)အထူးဗျူဟာတွင် ဗျူဟာမှူးအဖြစ်လည်း ကောင်း၊ ၂၀၂၁ခုနှစ်မှစတင်ကာ စစ်ဖက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌနှင့် ယခုနောက်ဆုံးတာဝန် စစ်ရေးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

သူက သူ့လူမျိုး၊ သူ့အဖွဲ့အစည်း၊ သူ့လက်အောက်ငယ်သားတွေကို ချစ်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ အလုပ် လည်း ကြိုးစားသူဖြစ်တယ်။သူ့မှာက စစ်မှန်သော ငြိမ်းချမ်းရေးလိုလားသူ စောနေစိုးမြဆိုတဲ့ ဆောင်ပုဒ်တစ်ခု ရှိ တယ်။ဟု သူ၏အနီးကပ်လုံခြုံရေးအရာရှိ အရာခံဗိုလ် စောဗီထူးက ပြောသည်။

ဗိုလ်ချုပ်စောနေစိုးမြသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဥက္ကဌနှင့် စစ်ဦးစီးချုပ်တာဝန်ယူခဲ့သူ ဗိုလ်ချုပ် ကြီးစောဘိုမြ(ကွယ်လွန်)နှင့် ကရင်အမျိုးသမီးအစည်းအရုံး(KWO) ဥက္ကဌဟောင်း ပဒိုနော်လားဖိုးတို့၏ သားသမီး ၇ဦး အနက် ခြောက်ဦးမြောက်ဖြစ်ပြီး သားအငယ်ဆုံးဖြစ်သည်။

သူကွယ်လွန်ချိန်တွင် ဇနီးနှင့် သားသမီးလေးဦးအပြင် မိခင် ပဒိုနော်လားဖိုး၊ အစ်မနှစ်ဦး၊ ညီမနှင့် အစ်ကိုဖြစ်သူ ဗိုလ်မှူး ချုပ်စောနယ်ဒါးမြတို့ ကျန်ရစ်ခဲ့သည်။ ဗိုလ်ချုပ်စောနေစိုးမြ၏ ဈာပနအခမ်းအနား အစီအစဉ်ကို မသိရှိရသေးပေ။

Source-KIC

Credit

Zawgyi

ဩဂုတ္ ၄ ရက္ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ (KNU/KNLA-PC)၏ စစ္ေရးခ်ဳပ္ ဗိုလ္ခ်ဳပ္ေစာေနစိုးျမ (ခ) ေတးေလးသည္ ယမန္ေန႔ ဩဂုတ္လ ၃ရက္ေန႔၊

ည ၁၀နာရီခြဲေက်ာ္တြင္ ကိုဗစ္ေရာဂါျဖင့္ ထိုင္းႏိုင္ငံ၊ မဲေဆာက္ၿမိဳ႕တြင္ ကြယ္လြန္သြားခဲ့ေၾကာင္း ၎ႏွင့္နီးစပ္ရာ အသိုင္းအဝိုင္းက ေျပာဆိုသည္။

ကြယ္လြန္ခ်ိန္တြင္ အသက္ ၄၆ႏွစ္ရွိသူ ဗိုလ္ခ်ဳပ္ေစာေနစိုးျမသည္ KNLA-ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မ ေတာ္၏ တပ္ရင္း(၂၀၂)တြင္ အစ္ကိုအႀကီးဆုံးျဖစ္သူ ဒုဗိုလ္မႉးႀကီးေစာေနေကာ္ျမ တပ္ရင္းမႉးျဖစ္ေနခ်ိန္ ၎က တပ္ခြဲမႉးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည္။

ထို႔ေနာက္ ၂၀၀၉ခုႏွစ္တြင္ ၿငိမ္းခ်မ္းေရးေကာင္စီသို႔ ကူးေျပာင္းခဲ့ၿပီး (၇၇၇)အထူးဗ်ဴဟာတြင္ ဗ်ဴဟာမႉးအျဖစ္လည္း ေကာင္း၊ ၂၀၂၁ခုႏွစ္မွစတင္ကာ စစ္ဖက္ဆိုင္ရာ စည္းကမ္းထိန္းသိမ္းေရးေကာ္မတီ ဥကၠဌႏွင့္ ယခုေနာက္ဆုံးတာဝန္ စစ္ေရးခ်ဳပ္အျဖစ္လည္းေကာင္း တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္သည္။

သူက သူ႔လူမ်ိဳး၊ သူ႔အဖြဲ႕အစည္း၊ သူ႔လက္ေအာက္ငယ္သားေတြကို ခ်စ္တဲ့ ေခါင္းေဆာင္တစ္ဦးျဖစ္တယ္။ အလုပ္ လည္း ႀကိဳးစားသူျဖစ္တယ္။သူ႔မွာက စစ္မွန္ေသာ ၿငိမ္းခ်မ္းေရးလိုလားသူ ေစာေနစိုးျမဆိုတဲ့ ေဆာင္ပုဒ္တစ္ခု ရွိ တယ္။ဟု သူ၏အနီးကပ္လုံၿခဳံေရးအရာရွိ အရာခံဗိုလ္ ေစာဗီထူးက ေျပာသည္။

ဗိုလ္ခ်ဳပ္ေစာေနစိုးျမသည္ ေကအဲန္ယူ-ကရင္အမ်ိဳးသားအစည္းအ႐ုံး၏ ဥကၠဌႏွင့္ စစ္ဦးစီးခ်ဳပ္တာဝန္ယူခဲ့သူ ဗိုလ္ခ်ဳပ္ ႀကီးေစာဘိုျမ(ကြယ္လြန္)ႏွင့္ ကရင္အမ်ိဳးသမီးအစည္းအ႐ုံး(KWO) ဥကၠဌေဟာင္း ပဒိုေနာ္လားဖိုးတို႔၏ သားသမီး ၇ဦး အနက္ ေျခာက္ဦးေျမာက္ျဖစ္ၿပီး သားအငယ္ဆုံးျဖစ္သည္။

သူကြယ္လြန္ခ်ိန္တြင္ ဇနီးႏွင့္ သားသမီးေလးဦးအျပင္ မိခင္ ပဒိုေနာ္လားဖိုး၊ အစ္မႏွစ္ဦး၊ ညီမႏွင့္ အစ္ကိုျဖစ္သူ ဗိုလ္မႉး ခ်ဳပ္ေစာနယ္ဒါးျမတို႔ က်န္ရစ္ခဲ့သည္။ ဗိုလ္ခ်ဳပ္ေစာေနစိုးျမ၏ ဈာပနအခမ္းအနား အစီအစဥ္ကို မသိရွိရေသးေပ။

Source-KIC

Credit