Local News

လူ့လောကထဲကိုထူးထူးဆန်းဆန်းရောက်လာတဲ့မျက်နှာ၂ခုနဲ့ကလေးငယ်

အိန္ဒိယနိုင်ငံအတွင်းမှာတော့လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကမျက်နှာနစ်ခုပါတဲ့ထူးထူးဆန်းဆန်းကလေးငယ်လေးတစ်ဦးမွေးဖွားခဲ့ပါတယ်။ဒီကလေးငယ်လေးကိုတော့အိန္ဒိယနိုင်ငံမြောက်ပိုင်းကရွာကလေးတစ်ရွာမှာနေထိုင်တဲ့ဆင်းရဲသားလင်မယားနှစ်ဦးကမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။Laliလို့ခေါ်တဲ့ဒီကလေးငယ်လေးဟာမွေးဖွားလာထဲကမျက်နှာနှစ်ခုဆိုတဲ့အတိုင်းမျက်လုံးနှစ်စုံနှုတ်ခမ်းနှစ်စုံနှာခေါင်းနှစ်စုံပါးစပ်နှစ်စုံနဲ့ထူးထူးဆန်းဆန်းမွေးဖွားလာခဲ့တာပါ။

ဒီကလေးလေးအခုလိုမွေးလားတာဟာဆေးပညာအရကြည့်ရင်သန္ဓေသားချွတ်ယွင်းမှုကြောင့်ဆိုပေမယ့်မိဘတွေကတော့နတ်ဘုရားတစ်ပါးဝင်စားတာလို့ယုံကြည်ခဲ့ကြပါတယ်။ဒီကလေးရဲ့မွေးဖွားလာမှုပုံစံဟာအင်မတန်မှဖြစ်တောင့်ဖြစ်ခဲလှတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီးသူ့မှာပါတဲ့ပါးစပ်ပေါက်နှစ်ခုလုံးကနေအစားစားနိုင်သလိုမျက်လုံးတွေကလည်းအကုန်လုံးအဖွင့်အပိတ်လုပ်နိုင်တယ်လို့သိရပါတယ်။ဒီကလေးလေးမွေးဖွားလာချိန်တုန်းကဆိုရင်လည်းသူမကိုကြည့်ဖို့အတွက်လူပေါင်း၁၀၀လောက်နေ့စဉ်လာရောက်ခဲ့ကြတယ်လို့သိရပါတယ်။ဒါပေမယ့်Laliလေးဟာလူ့လောကထဲမှာအကြာကြီးမနေခဲ့ရပါဘူးသူမအသက်နှစ်လပြည့်တဲ့နေ့မှာပဲနှလုံးရောဂါနဲ့သေဆုံးသွားခဲ့ရပါတယ်။

Laliလေးရဲ့အလောင်းကိုတော့သူမမွေးဖွားတဲ့ရွာမှာပဲမြှုပ်နှံခဲ့ပြီးသူမကိုသတိရစေဖို့အတွက်ဘုရားကျောင်းတစ်ခုကိုတည်ဆောက်ခဲ့ကြတယ်လို့သိရပါတယ်။Laliလေးဟာလူ့လောကထဲမှာနှစ်လလောက်သာနေခဲ့ရပေမယ့်ထူးထူးဆန်းဆန်းနဲ့မွေးဖွားလာတဲ့သူမရဲ့အကြောင်းကိုတော့လူတွေပါးစပ်ဖျားမှာအခုထိပြောနေကြဆဲ။

Credit ငြိမ်းနိုင်

Zawgyi Version

အိန္ဒိယနိုင်ငံအတွင်းမှာတော့လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကမျက်နှာနစ်ခုပါတဲ့ထူးထူးဆန်းဆန်းကလေးငယ်လေးတစ်ဦးမွေးဖွားခဲ့ပါတယ်။ဒီကလေးငယ်လေးကိုတော့အိန္ဒိယနိုင်ငံမြောက်ပိုင်းကရွာကလေးတစ်ရွာမှာနေထိုင်တဲ့ဆင်းရဲသားလင်မယားနှစ်ဦးကမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။

Laliလို့ခေါ်တဲ့ဒီကလေးငယ်လေးဟာမွေးဖွားလာထဲကမျက်နှာနှစ်ခုဆိုတဲ့အတိုင်းမျက်လုံးနှစ်စုံ၊နှုတ်ခမ်းနှစ်စုံ၊နှာခေါင်းနှစ်စုံ၊ပါးစပ်နှစ်စုံနဲ့ထူးထူးဆန်းဆန်းမွေးဖွားလာခဲ့တာပါ။ဒီကလေးလေးအခုလိုမွေးလားတာဟာဆေးပညာအရကြည့်ရင်သန္ဓေသားချွတ်ယွင်းမှုကြောင့်ဆိုပေမယ့်မိဘတွေကတော့နတ်ဘုရားတစ်ပါးဝင်စားတာလို့ယုံကြည်ခဲ့ကြပါတယ်။

ဒီကလေးရဲ့မွေးဖွားလာမှုပုံစံဟာအင်မတန်မှဖြစ်တောင့်ဖြစ်ခဲလှတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီးသူ့မှာပါတဲ့ပါးစပ်ပေါက်နှစ်ခုလုံးကနေအစားစားနိုင်သလိုမျက်လုံးတွေကလည်းအကုန်လုံးအဖွင့်အပိတ်လုပ်နိုင်တယ်လို့သိရပါတယ်။

ဒီကလေးလေးမွေးဖွားလာချိန်တုန်းကဆိုရင်လည်းသူမကိုကြည့်ဖို့အတွက်လူပေါင်း၁၀၀လောက်နေ့စဉ်လာရောက်ခဲ့ကြတယ်လို့သိရပါတယ်။ဒါပေမယ့်Laliလေးဟာလူ့လောကထဲမှာအကြာကြီးမနေခဲ့ရပါဘူး၊သူမအသက်နှစ်လပြည့်တဲ့နေ့မှာပဲနှလုံးရောဂါနဲ့သေဆုံးသွားခဲ့ရပါတယ်။

Laliလေးရဲ့အလောင်းကိုတော့သူမမွေးဖွားတဲ့ရွာမှာပဲမြှုပ်နှံခဲ့ပြီးသူမကိုသတိရစေဖို့အတွက်ဘုရားကျောင်းတစ်ခုကိုတည်ဆောက်ခဲ့ကြတယ်လို့သိရပါတယ်။Laliလေးဟာလူ့လောကထဲမှာနှစ်လလောက်သာနေခဲ့ရပေမယ့်ထူးထူးဆန်းဆန်းနဲ့မွေးဖွားလာတဲ့သူမရဲ့အကြောင်းကိုတော့လူတွေပါးစပ်ဖျားမှာအခုထိပြောနေကြဆဲပါပဲ။

Credit ငြိမ်းနိုင်