Local News

ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခကို မကြည့်ရက်လို့ မိုးရေထဲ ကိုယ်တိုင်အောက်ဆီဂျင်အိုး ထမ်းကာ ကူညီပေးနေကြတဲ့ ရဟန်းသံဃာတော်များ

ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခကို မကြည့်ရက်လို့ မိုးရေထဲ ကိုယ်တိုင်အောက်ဆီဂျင်အိုး ထမ်းကာ ကူညီပေးနေကြတဲ့ ရဟန်းသံဃာတော်များကိုဗစ်ရောဂါကူးစက်မှုတွေကလည်း ဒီကာလမှာ အတော်လေးများနေတာကြောင့် လိုအပ်တဲ့ ကိစ္စအဝဝကို ပရဟိတ အသင်းတွေ ၊ နီးစပ်ရာ ပြည်သူတွေကပဲ ကူညီဆောင်ရွက်ပေးနေကြတာပါ ။ဒီလို အင်တိုက် အားတိုက် ကူညီ လုပ်ဆောင်ပေးနေကြသူတွေ အထဲမှာ ရဟန်းသံဃာတော်များကလည်း ထိပ်ဆုံးက ပါဝင်လျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ် ။ဆရာတော် တစ်ပါးဆိုရင် သင်္ကန်းဝတ်ကြီးနဲ့တောင် ကိုဗစ်ကြောင့် သေဆုံးသွားတဲ့ လူနာတွေရဲ့ အလောင်းတွေကို ကိုယ်တိုင် PPE ဝတ်ကာ နေ့တိုင်း အစအဆုံး သယ်ယူပို့ဆောင်ပေးနေတာပါ ။ဒါ့အပြင် အောက်ဆီဂျင်တွေ လုံလုံလောက်လောက်ရရှိနိုင်ဖို့ အရေးမှာလည်း အလှူငွေတွေ များစွာ ထည့်ဝင်ကာ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့ ဆရာတော်ဘုရားများ ကိုလည်း တွေ့ရပါတယ် ။

အခုလည်း အောက်ဆီဂျင်လိုအပ်နေတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကို မကြည့်ရက်လို့  မိုးသည်းထန်စွာ ရွာနေတဲ့ကြားက ရဟန်းသံဃာတော်တွေ ကိုယ်တိုင် အောက်ဆီဂျင်အိုးတွေ ထမ်းကူနေတဲ့ ပုံတွေကို လူမှုကွန်ရက် စာမျက်နှာထက်မှာ တွေ့ရပါတယ် ။

မိုးရေတွေ စိုရွှဲနေတာတောင် အပြုံးမပျက် အောက်ဆီဂျင်အိုး အလေးကြီးတွေကို ထမ်းနေကြတဲ့ ပုံရိပ်တွေက ပြည်သူတွေရဲ့ ရင်ကို ထိမှန်ခဲ့ပါတယ် ။ပရိသတ်ကြီးအတွက် ဆရာတော်ဘုရားတွေရဲ့ လေးစားစရာပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Credit

Unicode

ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခကို မကြည့်ရက်လို့ မိုးရေထဲ ကိုယ်တိုင်အောက်ဆီဂျင်အိုး ထမ်းကာ ကူညီပေးနေကြတဲ့ ရဟန်းသံဃာတော်များကိုဗစ်ရောဂါကူးစက်မှုတွေကလည်း ဒီကာလမှာ အတော်လေးများနေတာကြောင့် လိုအပ်တဲ့

ကိစ္စအဝဝကို ပရဟိတ အသင်းတွေ ၊ နီးစပ်ရာ ပြည်သူတွေကပဲ ကူညီဆောင်ရွက်ပေးနေကြတာပါ ။ဒီလို အင်တိုက် အားတိုက် ကူညီ လုပ်ဆောင်ပေးနေကြသူတွေ အထဲမှာ ရဟန်းသံဃာတော်များကလည်း ထိပ်ဆုံးက ပါဝင်လျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ် ။ဆရာတော် တစ်ပါးဆိုရင် သင်္ကန်းဝတ်ကြီးနဲ့တောင် ကိုဗစ်ကြောင့် သေဆုံးသွားတဲ့ လူနာတွေရဲ့ အလောင်းတွေကို ကိုယ်တိုင် PPE ဝတ်ကာ နေ့တိုင်း အစအဆုံး သယ်ယူပို့ဆောင်ပေးနေတာပါ ။ဒါ့အပြင် အောက်ဆီဂျင်တွေ လုံလုံလောက်လောက်ရရှိနိုင်ဖို့ အရေးမှာလည်း အလှူငွေတွေ များစွာ ထည့်ဝင်ကာ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့ ဆရာတော်ဘုရားများ ကိုလည်း

တွေ့ရပါတယ်အခုလည်း အောက်ဆီဂျင်လိုအပ်နေတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကို မကြည့်ရက်လို့  မိုးသည်းထန်စွာ ရွာနေတဲ့ကြားက ရဟန်းသံဃာတော်တွေ ကိုယ်တိုင် အောက်ဆီဂျင်အိုးတွေ ထမ်းကူနေတဲ့ ပုံတွေကို လူမှုကွန်ရက် စာမျက်နှာထက်မှာ တွေ့ရပါတယ် ။

မိုးရေတွေ စိုရွှဲနေတာတောင် အပြုံးမပျက် အောက်ဆီဂျင်အိုး အလေးကြီးတွေကို ထမ်းနေကြတဲ့ ပုံရိပ်တွေက ပြည်သူတွေရဲ့ ရင်ကို ထိမှန်ခဲ့ပါတယ် ။ပရိသတ်ကြီးအတွက် ဆရာတော်ဘုရားတွေရဲ့ လေးစားစရာပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Credit