Local News

ကိုဗစ်ကာကွယ်ဆေး (၂)သန်း ထပ်မံရောက်ရှိတော့မည်

Zawgyiဖြင့်ဖတ်ရန်

ကိုဗစ်ကာကွယ်ဆေး (၂)သန်း ထပ်မံရောက်ရှိတော့မည်။နိုင်ငံဘဏ္ဍာငွေဖြင့် ဝယ်ယူထားပြီးဖြစ်သော COVISHIELD/Astrazenecaကိုဗစ်ကာကွယ်ဆေး သန်း(၃၀)အနက် နှစ်သန်းခန့်သည် ဖေဖေါ်ဝါရီ ပထမပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ပြီး နိုင်ငံတဝန်း ကိုဗစ် ကာကွယ်ဆေးထိုး အစီအစဉ်ကို ဖေဖေါ်ဝါရီ(၅)ရက်တွင် စတင်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 

နိုင်ငံတဝန်း ကိုဗစ် ကာကွယ်ဆေးထိုး အစီအစဉ်ကို ဖေဖေါ်ဝါရီ(၅)ရက်တွသ် စတင်မည် ဖြစ်ပြီး ပြည်ထောင်စုအဆင့်၊ တိုင်းနှင့်ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်များသည် အများပြည်သူနှင့်အတူ စတင်ထိုးနှံမည်ဟု ဝန်ကြီးဌာန၏ ယနေ့ ဇန်နဝါရီ(၂၆)ရက် ညပိုင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် နေအိမ်တွင်နေထိုင်ရေး Stay At Homeအကျုံးဝင်သော မြို့နယ်များ၌ နေထိုင်ပြီး အသက်ကြီးသူများ၊ အခြားရောဂါအခံ ရှိသူများနှင့် ရောဂါရရှိမှုလွယ်သော လူအုပ်စုများကို ဦးစားပေးထိုးနှံမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေး ရရှိမှု အရေအတွက်ပေါ် မူတည်ကာ ဆက်လက်၍ ဦးစားပေးအဆင့်လိုက် ထိုးနှံမည်ဟု ဆိုသည်။

လက်ရှိတွင် အိန္ဒိယအစိုးရမှ မြန်မာအစိုးရသို့ အိမ်နီးချင်းအချင်းချင်း ချစ်ကြည်ရင်းနှီးမှုဖြင့် ပေးအပ်ထားသည့် COVISHIELD/Astrazenecaကိုဗစ်ကာကွယ်ဆေး တစ်သန်းခွဲကို မနက်ဖန် ဇန်နဝါရီ(၂၇)ရက်မှ စတင်ကာ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ဦးစားပေး ထိုးနှံပေးမည် ဖြစ်ကြောင်း၊ ထို့နောက် ဇန်နဝါရီ(၂၉)နှင့် (၃၀)ရက်များတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအား ဆက်လက်ထိုးနှံပေးမည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ Serum Institute of India မှ ထုတ်လုပ်သည့် COVISHIELD/ Astrazenecaကိုဗစ်ကာကွယ်ဆေး အကြိမ်ရေ သန်း(၃၀) (လူဦးရေ ၁၅သန်းအတွက်)ကို ဒေါ်လာ သန်း(၁၅၀)ဖြင့် ဝယ်ယူထာသည်။

Credit ငြိမ်းနိုင်

Unicode ဖြင့်ဖတ်ရန် ကိုဗစ်ကာကွယ်ဆေး (၂)သန်း ထပ်မံရောက်ရှိတော့မည်။

နိုင်ငံဘဏ္ဍာငွေဖြင့် ဝယ်ယူထားပြီးဖြစ်သော COVISHIELD/Astrazenecaကိုဗစ်ကာကွယ်ဆေး သန်း(၃၀)အနက် နှစ်သန်းခန့်သည် ဖေဖေါ်ဝါရီ ပထမပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ပြီး နိုင်ငံတဝန်း ကိုဗစ် ကာကွယ်ဆေးထိုး အစီအစဉ်ကို ဖေဖေါ်ဝါရီ(၅)ရက်တွင် စတင်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

နိုင်ငံတဝန်း ကိုဗစ် ကာကွယ်ဆေးထိုး အစီအစဉ်ကို ဖေဖေါ်ဝါရီ(၅)ရက်တွသ် စတင်မည် ဖြစ်ပြီး ပြည်ထောင်စုအဆင့်၊ တိုင်းနှင့်ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်များသည် အများပြည်သူနှင့်အတူ စတင်ထိုးနှံမည်ဟု ဝန်ကြီးဌာန၏ ယနေ့ ဇန်နဝါရီ(၂၆)ရက် ညပိုင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် နေအိမ်တွင်နေထိုင်ရေး (Stay At Home) အကျုံးဝင်သော မြို့နယ်များ၌ နေထိုင်ပြီး အသက်ကြီးသူများ၊ အခြားရောဂါအခံ ရှိသူများနှင့် ရောဂါရရှိမှုလွယ်သော လူအုပ်စုများကို ဦးစားပေးထိုးနှံမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေး ရရှိမှု အရေအတွက်ပေါ် မူတည်ကာ ဆက်လက်၍ ဦးစားပေးအဆင့်လိုက် ထိုးနှံမည်ဟု ဆိုသည်။လက်ရှိတွင် အိန္ဒိယအစိုးရမှ မြန်မာအစိုးရသို့ အိမ်နီးချင်းအချင်းချင်း ချစ်ကြည်ရင်းနှီးမှုဖြင့် ပေးအပ်ထားသည့် COVISHIELD/Astrazenecaကိုဗစ်ကာကွယ်ဆေး တစ်သန်းခွဲကို မနက်ဖန် ဇန်နဝါရီ(၂၇)ရက်မှ စတင်ကာ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ဦးစားပေး ထိုးနှံပေးမည် ဖြစ်ကြောင်း၊ ထို့နောက် ဇန်နဝါရီ(၂၉)နှင့် (၃၀)ရက်များတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအား ဆက်လက်ထိုးနှံပေးမည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ Serum Institute of India မှ ထုတ်လုပ်သည့် COVISHIELD/ Astrazenecaကိုဗစ်ကာကွယ်ဆေး အကြိမ်ရေ သန်း(၃၀) (လူဦးရေ ၁၅သန်းအတွက်)ကို ဒေါ်လာ သန်း(၁၅၀)ဖြင့် ဝယ်ယူထာသည်။

Credit ငြိမ်းနိုင်